ကမ္ဘာ့ထောပတ်သီးထုတ်ကုန် ဈေးကွက်ရဖို့ တစ်နှစ်တန်ချိန် သိန်းချီလိုအပ်နေသည်ဟုဆို

14/09/2022 17:07 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာနိုင်ငံအနေနဲ့ ထောပတ်သီးထုတ်ကုန် ကမ္ဘာ့ဈေးကွက်ရဖို့ဆိုရင် တစ်နှစ်ကို တန်ချိန် သိန်းချီပြီး ရနိုင်ဖို့ထိ လိုအပ်လို့ ထောပတ်စိုက်တောင်သူတွေ ပိုစိတ်ဝင်စားပြီး ပိုစိုက်လာစေချင်တယ်လို့ ထောပတ်သီးဆီနဲ့ အလှကုန်များ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ Shan Orchard Myanmar ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးနေသန်ဝင်းက ပြောပါတယ်။

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့၊ သီခေါင်ကျေးရွာအုပ်စု၊ အောင်မြေခြားကျေးရွာရှိ Shan Orchard Myanmar ကုမ္ပဏီ ထောပတ်သီးအဆီထုတ်စက်ရုံဝင်းအတွင်း စက်တင်ဘာ ၁၄ ရက်မှာ စတင်ကျင်းပနေတဲ့  ထောပတ်သီးစိုက်တောင်သူများတွေ့ဆုံခြင်းနဲ့ ထောပတ်ဆီထုတ်ကုန်ပြပွဲမှာ တောင်သူများနဲ့ တက်ရောက်လာသူတွေကို ဦးနေသန်ဝင်းက အဲ့ဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။

“ ကိုယ့်ရဲ့ရည်ရွယ်ချက်က လူတွေ ထောပတ်ကို ပိုစိတ်ဝင်စားပြီး ပိုစိုက်လာဖို့။ ဘာလို့လဲဆိုတော့ အထွက်အများကြီးလိုတယ်။ ကင်ညာ (အာဖရိကနိုင်ငံ) ဆိုရင် တစ်နှစ်ကို တန် ၂ သိန်းလောက် ထွက်တယ်။ ကျွန်တော်တို့က အနည်းဆုံး တစ်နှစ် တန် ၁ သိန်းလောက်ထွက်မှ ကမ္ဘာက ကျွန်တော်တို့ကို ကြည့်မှာ” လို့ ဦးနေသန်ဝင်းက ပြောလိုက်တာပါ။ 

အခုပွဲကိုတော့  Shan Orchard Myanmar နဲ့ USAID Feed the Future Burma စိုက်ပျိုး​ရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှု စီမံကိန်း (AFDA)  တို့ ပူးပေါင်းပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

“ ကမ္ဘာရဲ့ထောပတ်ထွက်နိုင်ငံတွေကြည့်လိုက်ရင် မြန်မာပြည်မပါသေးဘူး။ နောက်ပြီးတော့ မြန်မာပြည်မှ မဟုတ်သေးဘူး။ အာဆီယံမှာတောင် သိပ်အစိမ်းရောင် မတွေ့ဘူး။ အဲ့ဒါကို ကျွန်တော် ပြောင်းလဲချင်တယ်” လို့လည်း ဦးနေသန်ဝင်းက ဆိုပါတယ်။

မြန်မာနဲ့ ရာသီဥတုပိုင်းဆင်တူတဲ့ ကင်ညာနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ခန့်ကအထိ ကမ္ဘာ့ထောပတ်သီး ထိပ်တန်းတင်ပို့သူစာရင်းမှာ မပါသေးဘဲ လက်ရှိအချိန်မှာတော့ ထောပတ်ထုတ်ကုန်ထိပ်တန်းအိတ်စပို့ နိုင်ငံတွေထဲမှာ ပါဝင်လာပြီဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံလည်း အဲ့ဒီလို ဖြစ်ချင်တယ်ဆိုရင် ထောပတ်စိုက် တောင်သူတွေ ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်ဖို့လိုတယ်လို့လည်း ဦးနေသန်ဝင်းက ပြောပါတယ်။

“ ကမ္ဘာမှာ ထောပတ်စားသုံးမှုအများဆုံးက မက္ကဆီကိုပဲ။ နံပါတ်နှစ်က အမေရိကန်။ အမေရိကန်က စားသုံးမှုများလို့လည်း ထောပတ်ဈေးကွက်က မြင့်တက်လာတာ။ အိတ်စပို့လုပ်တဲ့နိုင်ငံတွေထဲမှာတော့ အများဆုံးက မက္ကဆီကို၊ ပြီးတော့ ပီရူး။ နောက်ထပ်ကြည့်လိုက်ရင် ကင်ညာပါနေတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကထိ မပါသေးဘူး။ လူတွေတောင် အဲ့ဒီကနေ ထောပတ်ထွက်တာ မသိကြသေးဘူး။ ကျွန်တော် မေးချင်တာက ကျွန်တော်တို့နိုင်ငံကော ဒီလိုမျိုးဖြစ်ချင်လား။ အသီး တစ်ခု။ တစ်ကမ္ဘာလုံး တန်ဖိုးထားတာ။ အဲ့ဒီဈေးကွက်မှာ ကျွန်တော်တို့ ဝင်ချင်လား။ အဲ့ဒါကို ကျွန်တော်တို့ဖာသာ မေးရမယ်” 

ထောပတ်ဆီကောင်းကောင်းထွက်ဖို့ဆိုရင် အသီးက ရင့်ရမှည့်ရမှာဖြစ်သလို မျိုးပေါ်မှာလည်း မူတည်တယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် ထောပတ်သီးဆီ ၁ တန် ထွက်ဖို့အတွက် ဆီကြိတ်မယ်ဆိုရင် ထောပတ်သီး ၁၀ တန်ခန့်လိုအပ်တယ်လို့လည်း သိရပါတယ်။ 

Shan Orchard Myanmar ကုမ္ပဏီအနေနဲ့ ပြပွဲပထမနေ့မှာ တက်ရောက်လာသူတွေကို ထောပတ်သီး ဆီထုတ်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြသတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဆီကြိတ်ရာကနေ ထွက်ရှိလာတဲ့ ဘေးထွက်ပစ္စည်းတွေကိုတော့ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ ထည့်သွင်း ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

ပြပွဲသို့ ကချင်၊ ရှမ်းမြောက်နဲ့ ရှမ်းတောင်က ထောပတ်စိုက်တောင်သူတွေ တက်ရောက်လာသလို စိုက်ပျိုးရေးနည်းပညာနဲ့ သွင်းအားစု ဆိုင်ရာအဖွဲ့အစည်းတွေလည်း ပြခန်းတွေ လာရောက်ပြသ ရှင်းလင်းတာတွေ ပြုလုပ်နေတာပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်