အဆိပ်ရှိပစ္စည်းများဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများအား စပါး၊ ပဲတီစိမ်း၊ မတ်ပဲ အများဆုံးစိုက်ပျိုးသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် သုံးစွဲခြင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့မှစ၍ (၂) နှစ်ကာလ တားမြစ်ပိတ်ပင်သော ပိုးသတ်ဆေးအဖြစ် သတ်မှတ်ကြောင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ မှ ထုတ်ပြန်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ တားမြစ်ပိတ်ပင်ထားသည့် (၂) နှစ်တာကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ အဆိုပါပိုးသတ်ဆေးများကို ဖြန့်ဖြူးခွင့်၊ ရောင်းချခွင့်၊ သုံးစွဲခွင့်မပြုကြောင်းနှင့် ဈေးကွက်အတွင်း ဆက်လက်ဖြန့်ဖြူးရောင်းချသုံးစွဲနေသည်ကို စစ်ဆေးတွေ့ရှိရပါက ပိုးသတ်ဆေးဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အကြောင်းကြားစာရရှိပါသဖြင့် သိရှိလိုက်နာနိုင်ပါရန် ဖြန့်ဝေအပ်ပါသည်။

Crd#Myanmar Fruit, Flower and Vegetable Producer and Exporter Association
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more