“ ဆေးဖက်ဝင်ပျားကော် ထုတ်ယူပုံနှင့် ကျန်းမာရေးကောင်းကျိုးများ ”

03/06/2022 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ပျားကော်သည် ပျားမွေးမြူရေးလုပ်ငန်းမှထွက်ရှိသော ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ ပျားကော်ကို လက်ဖြင့်စမ်းကြည့်ပါက စေးထိုင်းထိုင်းရှိကာ အရောင်မှာ ညိုညစ်ညစ်ရှိကြပြီး တချို့မှာ စိမ်းညိုရောင်၊ တချို့မှာ အဝါရင့်ရောင်ဖြစ်ပါသည်။

အရသာမှာ ချိုသင်းပြီး ဗနီလာ(Vanilla) အနံ့နှင့် ဆင်တူပါသည်။ ပျားကော်(Bee Glue) ကို နိုင်ငံတကာတွင် ပရိုပေါလစ် (Propolis)ဟုလည်း ခေါ်ကြပါသည်။ 

ပျားကော်ပြုလုပ်ခြင်း

     ပျားကော်ကို သစ်ပင်၏အဖူး၊ အခေါက်တို့မှထွက်လာသောအစေး(Resins)နှင့် ပျားတို့၏ တံတွေးဂလင်းတို့မှ စစ်ထုတ်ပေးသော အင်ဇိုင်း(Enzyme)တို့ကို ရောပြီးပြုလုပ်ရသည်။

စုဆောင်းရရှိသော သစ်စေးများသည် သစ်ပင်အပေါ်မူတည်၍ ဓာတုပေါင်းစပ်ပါဝင်မှု အရည်အချင်းနှင့် အရေအတွက်တို့ ကွဲပြားနိုင်ပါသည်။

ပျားကော်ထုတ်ယူရရှိပုံ

          ပျားအိမ်၏ဘေး(Side Board)တွင် အလျား ၆ လက်မ (သို့မဟုတ်) ၇ လက်မ၊ အနံ ၃ လက်မ(သို့မဟုတ်) ၄လက်မ အပေါက်များဖောက်ပေးရမယ်။ အတွင်းဖုံးတွင်လည်းအလျား(၄) လက်မ(သို့မဟုတ်)(၅)လက်မ၊ အနံ(၂)လက်မ(သို့မဟုတ်) ၃ လက်မ အပေါက်များ ဖောက်ပေးရပါမည်။

ထိုအပေါက်များကို စတုရန်း ၁၀ မီလီမီတာအကွက်များပါ သံဇကာဖြင့် ပိတ်ပေးရသည်။

သံဇကာအကွက်များ၌ ပျားကော်ပိတ်လာသောအခါ သံဇကာကိုဖြုတ်၍ အရက်ပျံတွင်စိမ်ပြီး ပျားကော်ကို ထုတ်ယူရသည်။ တစ်ပတ်တစ်ခါ ပျားအုံများကို အတွင်းစစ်ဆေးစဥ်ပျားအိမ်ဖွင့်ကိရိယာ(Hive Tool)ဖြင့် ကပ်နေသော ပျားကော်များကို ခြစ်ယူစုဆောင်းခြင်းလည်းပြုလုပ်နိုင်ပါသည်။

မျက်မွေးလိမ်ပျား(Meli Pona)မှလည်း ပျားကော်ကို ထုတ်ယူရရှိပါသည်။

ပျားကော်၏ အရောင်ပြောင်းလဲခြင်းသဘော

     ပျားကော်သည် သာမန်အပူချိန်တွင် ပျော့ပြောင်းသည်။ အအေးလွန်ကဲလာပါက ကျွတ်ဆတ်မာကြောသွားသလို အရောင်လည်း ပြောင်းသွားပါသည်။အဝါရင့်ရောင်မှ အညိုရောင်သို့ပြောင်းလဲသွားပါသည်။ ပျားကော်၏ရေပျော်အမှတ်သည် ၁၅၀°F ဖြစ်ပါသည်။ 

ဓာတုပစ္စည်းပါဝင်မှုများ

        ပျားကော်ကို ဓာတ်ခွဲကြည့်လျှင် သစ်စေး ၅၅% ၊ ဆီမွှေး ၁၀%၊ ဖယောင်း ၃၈ % နှင့် ဝတ်မှုန် ၅% ပါရှိကြောင်း သိရပါသည်။ရေတွင်အနည်းငယ်သာ ပျော်ဝင်နိုင်သော်လည်း အရက်ပျံတွင် လွယ်ကူစွာ ပျော်ဝင်နိုင်ပါသည်။

         ပျားကော်တွင် ဓာတုပစ္စည်း ၁၀၀ ခန့် ပါရှိသည်ဟုဆိုသည်။အဓိကအားဖြင့် Flavonoids ,Phenolics နှင့် Aromatic ဓာတ်ပေါင်းတို့ ပါဝင်ပါသည်။Flavonoids သည် သစ်စေးတို့တွင် ပါဝင်သော ဓာတ်ပေါင်းတစ်ခု ဖြစ်ပါသည်။

ရောဂါအမျိုးမျိုးအတွက် ပျားကော် အသုံးဝင်ပုံများ

၁။ အသားပိုနာနှင့် ထိခိုက်ရှနာများ ဖြစ်ပွားပါက ပျားကော်ကို အပူပေးပြီး အပြားကလေးများလုပ်၍ အသားမာပေါ်တင်ပေးပြီး ပတ်တီးစည်းပေးပါက ၁ ပတ်ခန့် ကြာသောအခါ အသားမာများ ကွာကျလာပါမည်။

၂။ အစာအိမ်အနာဖြစ်ခြင်း၊ အဆုတ်ရောဂါ၊ ထိပ်ကပ်နာ၊ အာခေါင်နာ၊ ပသိရောင်နာ၊ အနှီးစားနာ(Bed Sores)တို့ကိုလည်း ပျားကော်သောက်ဆေးနှင့် ကုသနိုင်ပါသည်။

၃။ တုတ်ကွေးရောဂါ၊ လည်ချောင်းနာ၊ နှာခေါင်းနာ၊ မှက်ခရုနာ နှင့် အမျိုးသမီးရောဂါများအတွက်လည်း ပျားကော်ငုံဆေးနှင့် ကာကွယ်ကုသနိုင်ပါသည်။

၄။ မီးလောင်နာ၊ ရေနွေးပူလောင်နာ၊ ဆိုင်ကယ်အိတ်ဇောနာတို့ကို ပျားကော်အဆီနှင့် လိမ်းပေးပါက အထူးသိသာ ပျောက်ကင်းစေပါသည်။

၅။ ပွေး၊ ညှင်း၊ တင်းတိတ်၊ သန်း၊ လှေး၊ မွှားကိုက်နာများ၊ နှင်းခူနာ၊ ငါးမျက်စေ့နာနှင့် မွှေးကျွတ်နာများကို ပျားကော်အဆီနှင့်ကုသနိုင်ပါသည်။

၆။မျက်ခမ်းစပ်ရောဂါ၊ မျက်မွှေးစားဖက်ခွက်နာ ဖြစ်ပါက ပျားကော် ၅%ပါသော မျက်စဥ်းဆေးဖြင့် ကုသနိုင်ပါသည်။

၇။ ရိုးရိုးဆီးကျိတ်ရောင်ရောဂါနှင့် ပရော့စတိတ်ကင်ဆင် (Adenoma) ရောဂါတို့ကိုလည်း ပျားကော်နှင့် ကုသနိုင်ပါသည်။ 

၈။ပါးစောင်၊လျှာတို့တွင် ပေါက်တတ်သည့်အပူနာကိုလည်း ပျားကော်နှင့် ကုသနိုင်ပါသည်။

၉။ ပျားကော်သည် လူသားတို့၏ ကျန်းမာရေးအတွက်သာမက တိရစ္ဆာန်များအတွက်လည်း အသုံးဝင်လှပါသည်။ ကျွဲ၊နွား၊ဆင်၊မြင်း၊ခွေးစတဲ့တိရစ္ဆာန်များ အသားဆွေးနာများ ဖြစ်ပွားပါက ပျားကော်နှင့် ပါရာဖင်ဖယောင်းဆီ (Paraffin Wax)ကို ဆတူရောပြီးလိမ်းပေးပါက ပျောက်ကင်းစေနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


PROBIO ကြော်ငြာ
ကြက်/ဝက် မွေးမြူရေးလုပ်ငန်းတွေမှာ ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) များအစား၊ ပရိုဘိုင်အိုတစ် (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) များကို ဘာကြောင့်အစားထိုး အသုံးပြုသင့်တာလဲ။ ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) ဆိုတာကတော့ လူ၊ တိရစ္ဆာန်တွေမှာကပ်တွယ်ပြီး ကျန်းမာရေးကို အန္တရာယ်ပြုနိုင်တဲ့ အဏုဇီဝပိုးမွှားတွေကို ကြီးထွားပြန့်ပွားမှု့လျော့ကျအောင် ရှင်းလင်းသုတ်သင်ပေးတဲ့ ဆေးတစ်မျိုးဖြစ်ပြီး အထူးသဖြင့် မွေးမြူရေးကဏ္ဍမှာ ၇၀-၈၀% အထိ အသုံးပြုလျက်ရှိကြပါတယ်။ ကြက်မွေးမြူရေးကဏ္ဍမှာဆိုရင် အဆိုပါ ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) တွေဟာ ကြက်တွေမှာဖြစ်ပွားတတ်တဲ့ အသက်ရှုလမ်းကြောင်းရောဂါ၊ အူလမ်းကြောင်းရောဂါ၊ အခြားသောဘက်တီးရီးယားများကြောင့်ဖြစ်တဲ့ ရောဂါတွေကိုကုသရာမှာ အလွန်ထိရောက်ပါတယ်။ သို့သော်ငြားလည်း ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) တွေကိုအသုံးပြုတဲ့အခါ ဆေးမတိုးတော့တဲ့ အန္တရာယ်ရှိ အဏုဇီဝပိုးမွှားဗီဇပေါ်ထွက်လာနိုင်ပြီး ထိုမှတဆင့် အရေအတွက်အများအပြားအဖြစ်သို့ ပြန်လည်ပွားများလာကာ ပဋိဇီဝဆေးဆေးယဉ်ပါးမှု (𝐀𝐌𝐑) ကိုဦးတည်နိုင်စေပါတယ်။ ဒီနေရာမှာ အဆိုပါ ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) တွေအစား အစားထိုးအသုံးပြုသင့်တဲ့ ပရိုဘိုင်အိုတစ် (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) အကြောင်းကို ထပ်မံအကြံပြုဝေမျှပေးပါရစေ။ ပရိုဘိုင်အိုတစ် (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) ဆိုတာကတော့ မွေးမြူရေးတိရစ္ဆာန်တွေ ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ အကျိုးပြု အဏုဇီဝပိုးမွှားများဖြင့် ထုတ်လုပ်ထားတဲ့ဆေး (တနည်းအားဖြင့်) အစာ လို့လည်းဆိုနိုင်ပါတယ်။ ၂၀၀၂ ခုနစ်မှာ 𝐖𝐇𝐎 နဲ့ 𝐅𝐀𝐎 ကနေပြီးတော့မှ ပရိုဘိုင်အိုတစ်ဆိုတာ သက်ရှိအဏုဇီပိုးတွေပါဝင်သောဆေးဖြစ်ပြီး လုံလောက်တဲ့ ပမာဏ အထိ တိုက်ကျွေးမယ်ဆိုရင် ပဋိဇီဝဆေးတိုက်ကျွေးစရာမလိုပဲ မွေးမြူရေးတိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အကြံပြုထားတာတွေရှိပါတယ်။ ဒါကြောင့် မွေးမြူရေးလုပ်ငန်းတွေမှာ အဆိုပါ ပရိုဘိုင်အိုတစ် (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬) ကို ပဋိဇီဝဆေးဝါးများအစား၊ အစားထိုးအသုံးပြုခြင်းက အန္တရာယ်ရှိအဏုဇီဝပိုးမွှားတွေရဲ့ ဆေးယဉ်ပါးမှု (𝐀𝐌𝐑) ဖြစ်ပွားနိုင်ချေ ရာခိုင်နှုန်းကိုလျော့ချနိုင်ပြီး မွေးမြူရေးတိရစ္ဆာန်တွေရဲ့ဇီဝကမ္မဖြစ်စဉ်များကို အနှောက်အယှက်ပြုခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ "စာရေးသားသူဒေါက်တာညွန့်ရွှေ (မွေးမြူ/ဆေးကု) " Myanmar Innovative Life Sciences Co., Ltd မှ ထုတ်လုပ်ဖြန့်ချိပြီး မြန်မာ 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နဲ့အညီ ပြည်တွင်း၌ထုတ်လုပ်ကာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များကို အဆင်သင့်ကူညီပေးမယ့် အရည်အသွေးမြင့် အစာလမ်းကြောင်းအားဖြည့်ဆေး PROBIO က အသင့်ရှိနေပါတယ်။ အခုပဲဒီလင့်မှာ ပြည့်စုံစွာဖောင်ဖြည့်ပြီးဆက်သွယ်လိုက်ပါ- https://tinyurl.com/MILS-PROBIO 𝐏𝐑𝐎𝐁𝐈𝐎 မှ မွေးမြူရေးဆိုင်ရာကျွမ်းကျင်ဝန်ထမ်းတွေကနေ တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီပေးမှာဖြစ်ပါတယ်။ 𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့်ကိုယ်စားလှယ်ယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန်ရုံးချုပ်လိပ်စာ- အမှတ် (၁၆၅)၊ အောင်ဇေယျလမ်းသွယ် (၁) ၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ Hotline: 09 263 709 553, 09 267 287 608, Email: enquiries@milsciences.com #MILS #PROBIO
Read more မွေးမြူရေး အကူအညီရယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်