ယင်ကောင်နက် (BSF) မွေးမြူရေး - ၁

15/12/2022 18:30 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

နိဒါန်း

ဇီဝအညစ်အကြေးများကို အကျိုးရှိရှိ ပြန်လည်အသုံးချသည့် နည်းလမ်းများစွာရှိသည့်အနက် ရိုးရှင်းလွယ်ကူပြီး ဝင်ငွေတိုးနိုင်သည့် နည်းလမ်းတစ်ခုမှာ ယင်းအညစ်အကြေးများအား အင်းဆက်သားလောင်းများအဖြစ် ပုံစံပြောင်းထုတ်လုပ်ကာ ပြန်လည်အသုံးချသည့် နည်းလမ်းဖြစ်သည်။ 

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း Hermetia illucens မျိုးစိတ် ယင်ကောင် Black Soldier Fly (BSF) ကို အသုံးပြု ကာ အညစ်အကြေးများအား စီမံခန့်ခွဲသည့်နည်းလမ်းမှာ အာရုံစိုက်မှု အထူးခံခဲ့ရသည်။

BSF သားလောင်းကို အာရုံစိုက်ခံရခြင်းမှာ ယင်းသားလောင်းများအား တိရစ္ဆာန်အစာထဲတွင် အသားဓာတ်အရင်းအမြစ် (protein source) အဖြစ် ပြန်လည်အသုံးပြုခြင်းဖြင့် သမားရိုးကျအစာထက် ပိုမို၍ တန်ဖိုးကြီးမားသည့် အစာအမယ်အသစ်အဖြစ် အသုံးချနိုင်မည့်အခွင့်အလမ်း ရှိနေသောကြောင့် ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းကြီးများ အသေးစားစွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် ယင်းနည်းပညာအတွက် အတိုင်းအတာတစ်ခုအထိမြင်သာသည့် ငွေကြေးအရင်းအနှီးများကို ရင်းနှီးမြှုပ်နှံနေကြပြီ ဖြစ်သည်။ ၎င်းတို့အနေဖြင့် လက်တွေ့ BSF မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကုန်ကျစရိတ်နှင့်ထိုက်တန်သည့် အမြတ်အစွန်းရရှိနိုင်သော နည်းလမ်းများအား ရှာဖွေဖော်ထုတ်ကာ ယင်းနည်းလမ်းများအား ယှဉ်ပြိုင်စမ်းသပ် အသုံးပြုကြည့်ရန်လည်း စိတ်ဝင်စားနေကြပါသည်။ 

BSF နည်းပညာ

BSF နည်းပညာတွင် သားလောင်းပျိုးကန် (nursery) တွင် မွေးမြူထားသော BSF သားလောင်းများ စားသုံးရန် ဇီဝအညစ်အကြေးများကို ‌ကျွေးမွေးသည့်လုပ်ငန်း ပါဝင်မည်ဖြစ်ပါသည်။ သားလောင်းများသည် ထိုသို့ ကျွေးမွေးလိုက်သည့် ဇီဝအညစ်အကြေးများကို စားသုံးကာ ကြီးထွားလာကြသကဲ့သို့ အညစ်အကြေးပမာဏမှာလည်း လျော့ကျလာမည် ဖြစ်သည်။ နောက်ဆုံးတွင် သားလောင်းများအား ဖမ်းယူခြင်း (harvesting) ပြုလုပ်ကာ သင့်လျော်သော တိရစ္ဆာန်အစာအမျိုးအစားတွင် ထည့်သွင်း၍ (လိုအပ်ပါက ထပ်မံ၍ ပြင်ဆင်ထုတ်လုပ်မှု ပြုလုပ်ပြီး) ရောစပ်ရမည် ဖြစ်ပါသည်။ ကျန်ရှိနေသော အညစ်အကြေး အနည်အနှစ်(residue) များကိုလည်း လိုအပ်သလို ထပ်မံပြုပြင်ထုတ်လုပ်ကာ မြေဆီလွှာပြုပြင် ထိန်းသိမ်းခြင်းနှင့် မြေသြဇာဖြည့်စွက်ခြင်းတို့အတွက် ရောင်းချခြင်း သို့မဟုတ် ကိုယ်တိုင်အသုံးပြုခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ 

BSF နည်းပညာ၏ သော့ချက်များ

  • BSF နည်းပညာတွင် ဇီဝအညစ်အကြေးများအား အင်းဆက်သားလောင်းများ (Larvae) နှင့် အနည်အနှစ်များ (Residue) အဖြစ် ပြောင်းလဲသွားစေသည်။ သားလောင်းများတွင် အသားဓာတ် ±၃၅% နှင့် အဆီဓာတ် ±၃၀% ပါဝင်သည်။ ယင်းအင်းဆက်ထွက်အသားဓာတ်သည် အရည်အသွေးမြင့်မားပြီး ကြက်နှင့် ငါးမွေးမြူသူများအတွက် အရေးကြီးသည့် အစာအရင်းအမြစ်တစ်ခု ဖြစ်သည်။ အစာထုတ်လုပ်စမ်းသပ်မှု သုတေသနရလဒ်များက BSF သားလောင်းသည် ငါးပေါင်းမှုန့် (Fish meal) ကို အစားထိုးရန်အတွက် သင့်လျော်သည်ဟု အတည်ပြုထားကြသည်။ 
  • သားလောင်းများကို အညစ်အကြေးများ ကျွေးမွေးပေးလိုက်ခြင်းဖြင့် အညစ်အကြေးအတွင်းတွင် ပါရှိသော ကူးစက်ရောဂါ များ ဖြစ်ပွားစေသော ဆယ်လ်မိုနဲလား (Salmonella spp) အစရှိသည့် ဗက်တီးရီးယားများကို အစွမ်းမဲ့စေကြောင်း တွေ့ရှိ ရသည်။ ထို့ကြောင့် ကြက်မွေးမြူရေးခြံများနှင့် ငါးကန်များတွင် အသုံးပြုခြင်းဖြင့် လည်းကောင်း၊ တိရစ္ဆာန်ထွက် အညစ်အကြေးများ (ဥပမာ - ကြက်ချေးများ၊ သားသတ်ရုံထွက် အညစ်အကြေး များ)အား ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများတွင် လည်းကောင်း၊ BSF နည်းပညာကို အသုံးပြုခြင်းဖြင့် တိရစ္ဆာန်များ အချင်းချင်းအကြား ရောဂါကူးစက်မှုနှင့် တိရစ္ဆာန်နှင့်လူများအကြား ရောဂါကူးစက်မှုများကို လျှော့ချနိုင်သည်ဟု ယူဆနိုင်သည်။
  • သို့ရာတွင် ထို့သို့ ဗက်တီးရီးယားများကို အစွမ်းမဲ့စေရုံ တစ်ခုတည်းဖြင့်  ရောဂါကူးစက်မှု လျှော့ချနိုင်မည်မဟုတ်ပါ။ အညစ်အကြေးပမာဏကို ±၈၀% သို့ရောက်ရှိအောင် လျော့ချနိုင်မှသာလျှင် ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးရည်မှန်းချက် အမှန်တကယ်အောင်မြင်နိုင်မည် ဖြစ်ပါသည်။ 
  • BSF နည်းပညာသည် အညစ်အကြေး (အစို) အလေးချိန်ကို ၈၀% အထိ လျော့ချနိုင်ကြောင်း လက်တွေ့ စမ်းသပ်ချက်များက ဖော်ပြနေပါသည်။ အကယ်၍ ဇီဝအညစ်အကြေးထွက်ရှိရာ အရင်းအမြစ်တွင် BSF နည်းပညာကို တိုက်ရိုက်အသုံးချနိုင်ပါက ယင်းအညစ်အကြေးများကို သယ်‌ယူပို့ဆောင်ခြင်း၊ သိုလှောင်ထားရှိရန်၊ မြေမြှုပ်ရန်နေရာ စသည့်ကုန်ကျစရိတ်များကို သိသိသာသာ လျှော့ချနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် ဝင်ငွေနည်းနှင့် ဝင်ငွေ အလယ်အလတ်နိုင်ငံများတွင် လက်တွေ့ခံစားနေရသည့် အကာအရံမဲ့ အမှိုက်စုပုံမှုများကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါသည်။ 
  • အနည်အနှစ်များသည် သဘာဝမြေဆွေးများနှင့် ဆင်တူပြီး စိုက်ပျိုးရေးတွင် အသုံးပြုရန်အတွက် အာဟာရဓာတ်များနှင့် သြဂဲနစ်ပစ္စည်း(organic matter) များ ပါဝင်ပါသည်။ ၄င်းတို့က မြေဆီလွှာ ပျက်ဆီးဆုံးရှုံးမှုကို လျော့ကျစေပါသည်။ 
  • စွန့်ပစ်အညစ်အကြေးမှ ဇီဝထုတ်ကုန် (အင်းဆက်သားလောင်း) အဖြစ် ပြောင်းလဲနိုင်သည့်နှုန်း (waste-to-biomass conversion rate) သည် ၂၅% အထိရှိကြောင်း စမ်းသပ်တွေ့ရှိထားပြီး ဖြစ်ပါသည်။ ယင်းနှုန်းထားမှာ စီးပွားရေးရှုထောင့်မှ ကြည့်ပါက ကျေနပ်အားရဖွယ် ထုတ်လုပ်မှုပမာဏ ဖြစ်ပါသည်။ 
  • BSF နည်းပညာကို အသုံးပြုမည်ဆိုပါက အလွန်ရှုပ်ထွေးသည့် နည်းပညာအမြင့်များ မလိုအပ်ပါ။ ထို့ကြောင့် လွယ်ကူရိုးရှင်းသော နည်းပညာနှင့် ကျွမ်းကျင်မှုနည်းသော ဝန်ထမ်းများကိုသာ အားကိုးရနိုင်သည့် ဝင်ငွေနည်းနိုင်ငံများအတွက် အလွန်သင့်လျော်ပါသည်။ 

BSF သားလောင်းမွေးမြူရန် ကြိုတင်လေ့လာသင့်သည့် အချက်များ

BSF စခန်းကို တည်ထောင်အသုံးပြုရာတွင် BSF များ၏ ဘဝစက်ဝန်း (life cycle) ပေါ်မူတည်၍ မိမိ၏ သတ် မှတ်ထားသော ရည်ရွယ်ချက်ကို ရောက်ရှိအောင် ဒီဇိုင်းရေးဆွဲကာ လုပ်ငန်းကို လည်ပတ်ရမည် ဖြစ်သည်။ ဥပမာအားဖြင့်  မိမိ၏ မွေးမြူရေးလုပ်ငန်းနှင့် မွေးမြူရေးတိရစ္ဆာန်အရေအတွက်ပေါ်မူတည်၍ BSF သားလောင်း အရည်အသွေးကို မြှင့်တင်ခြင်း၊ အချိန်ကာလတစ်ခုအတွင်း သားလောင်းအရေအတွက် များပြားအောင်ထုတ်လုပ်ခြင်း စသည်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ဆိုလိုသည်မှာ BSF သားလောင်းများကို အချိန်ကာလတစ်ခုအတွင်း သားလောင်းအရေအတွက် များပြားအောင်ထုတ်လုပ်ခြင်း စသည်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ BSF သားလောင်းများကို အခြားမွေးမြူရေးတိရစ္ဆာန်များ (ကြက်၊ နွား စသည်) ကဲ့သို့ပင် ထုတ်လုပ်မှုကို ချိန်ညှိမွေးမြူရမည် ဖြစ်ပါသည်။ 

လိုအပ်ချက်ကွက်လပ်

BSF သားလောင်းမွေးမြူရေးသည် ပတ်ဝန်းကျင်တွင် အညစ်အကြေးများကင်းစင်ကာ သာယာလှပစေရေး အ တွက် အထောက်အကူပြုနိုင်သည့်အပြင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိရေးအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။

ထို့ပြင် ထွက်ရှိလာသည့် သားလောင်းများသည် မွေးမြူရေးကဏ္ဍအတွက် တန်ဖိုးမြင့် အစာအရင်းအမြစ်တစ်ခု ဖြစ်လာနိုင်သကဲ့သို့ လက်ကျန်မြေဆွေးများကလည်း စိုက်ပျိုးရေးကဏ္ဍအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ တစ်ချက်ခုတ်ရုံဖြင့် နှစ်ချက်၊ သုံးချက်မက ပြတ်နိုင်သည့် BSF သားလောင်းမွေးမြူရေးကို သိပ္ပံနည်းကျ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ 

BSF နှင့် ပတ်သက်သည့် ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများ ပိုမိုများပြားလာသော်လည်း၊ လက်တွေ့မွေးမြူ ထုတ်လုပ်ရာတွင် စီးပွားရေး အကျိုး အမြတ်ရရှိနိုင်ရေးနှင့် လုပ်ငန်းခွင်တွင် နေ့စဉ်နှင့်အမျှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆွေးနွေးဖော်ထုတ်ပေးနိုင်မှု မရှိသေးဘဲ နောက်ကျကျန်ရစ်နေဆဲ ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်