ကိုယ်တိုင်ဝန်ကြီးလုပ်ပြီး ဆန်ဈေးကျဖို့ ဦးဆောင်သွားမယ်ဆိုတဲ့ ဖိလစ်ပိုင်သမ္မတသစ်

27/06/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဖိလစ်ပိုင် ရွေးကောက်ခံသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက စိုက်ပျိုး‌ရေးဝန်ကြီးရာထူးကို မိမိဘာသာ ပြန်ခန့်အပ်လိုက်ပြီး ဝန်ကြီးဌာနကို ဦးဆောင်သွားမယ့်အကြောင်း ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ 

စိုက်ပျိုးရေးကဏ္ဍမှာ အဆောတလျင် ဖြေရှင်းဖို့လိုနေတဲ့ စိန်ခေါ်ချက်တွေ ရှိနေတာကတစ်ကြောင်း၊ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုကို တားဆီးနိုင်ရေး သီးနှံအထွက် မြှင့်တင်ရမှာကတစ်‌ကြောင်းတို့ကြောင့် ယခုတာဝန်ယူရတာလို့ ပြောပါတယ်။

ဖိလစ်ပိုင်ဟာ ကမ္ဘာ့မှာ ဆန်တင်သွင်းမှုအများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံရဲ့ လယ်ယာကုန်စည်ထုတ်လုပ်မှု မြှင့်တင်ရေးဟာ အစိုးရသစ်ရဲ့ ဦးစားပေးအစီအစဉ်တွေထဲမှာ ပါဝင်ကြောင်း မားကို့စ်က သတင်းရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အခြေခံကုန်ဈေးနှုန်းတွေဟာ မေလအတွင်းက သုံးနှစ်ကျော်အတွင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့တာကြောင့် မြင့်တက်နေတဲ့ စားသောက်ကုန်ဈေးတွေကို ထိန်းချုပ်ရေးဟာ ပိုပြီးတော့ အရေးကြီးလာပါတယ်။

"ဟိုအစတုန်းကတည်းက ကျွန်တော် အမြဲတမ်း ပြောလာခဲ့သလိုပါပဲ။ ကပ်ရောဂါကာလအလွန် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်စေ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် ဖြစ်စေ စိုက်ပျိုးရေးဟာ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အလွန်အမင်း အရေးပါပါတယ်" လို့ သူက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတက ဝန်ကြီးအဖွဲ့တစ်နေရာကို ရယူတာဟာ အခုမှ ကြုံဖူးတာ မဟုတ်ပေမယ့် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါတယ်။

မားကို့စ်ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေထဲမှာ ဆန်ဈေးကို ထက်ဝက်ကျော် ကျဆင်းစေပြီး တစ်ကီလိုကို ၂၀ ပီဆို (သုည ဒသမ ၃၇၀၄ ဒေါ်လာ) ရောက်လာအောင် လုပ်မယ်ဆိုတာ ပါဝင်ပါတယ်။

ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး ဇွန်လ ၃၀ ရက်မှ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမယ့် အာဏာရှင်သမ္မတဟောင်း ဖာဒီနန်မားကို့စ်ရဲ့သားဖြစ်သူ မားကို့စ်ဂျူနီယာက ပြင်ပပယောဂတွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု ဖြစ်လာနိုင်တာကို သတိပေးလိုက်ပြီး လာမယ့် သုံးလပတ်တွေအတွင်း ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ ‌ပြောပါတယ်။

ယူကရိန်းစစ်ပွဲ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာတဲ့ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာအကျပ်အတည်းဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ဇ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေကို အထိတ်တလန့် ဖြစ်စေလျက်ရှိပါတယ်။

"ပြဿနာက အလွန်ကြီးမားလွန်းပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် စိုက်ပျိုးရေးဝန်ကြီး တာဝန်ကို ခုလိုကာလမှာ ရယူသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဌာနကို ကောင်းကောင်း စီမံခန့်ခွဲနိုင်တဲ့အထိပေါ့" လို့ သူက ပြောပါတယ်။

အာရှပစိဖိတ်တက္ကသိုလ်ရဲ့ စားနပ်ရိက္ခာနဲ့ လယ်ယာစီးပွားဌာန အမှုဆောင်ဒါရိုက်တာနဲ့ လယ်ယာစီးပွားပညာရှင် ရိုလန်ဒိုကတော့ ဖိလစ်ပိုင် ပြည်တွင်းဆန်ဈေးကို တစ်ကီလို ၂၀ ပီဆိုထိ ကျအောင် ချဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

"သူ့အနေနဲ့ အကြံပေးပုဂ္ဂိုလ်ကောင်းကောင်းတွေအပေါ်မှာ မှီခိုရမယ်။ လုပ်ငန်းဖော်ဆောင်ဖို့နဲ့ တန်ဖိုးမြင့်သီးနှံတွေ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ အရည်အချင်းပြည့်ဝတဲ့ အတွင်းဝန်တွေ ခန့်အပ်ဖို့လိုတယ်" လို့ ရိုလန်ဒိုက ပြောဆိုခဲ့ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Philippines’ Bongbong Marcos appoints himself agriculture chief, plans ‘impossible’ rice price slash - South China Morning Post

=======

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်