ငါးဖယ်ငါး(Bronze Featherback)

25/05/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါးဖယ်ငါးမှာ ခန္ဓာကိုယ်ပြားချပ်နေပြီး အရောင်မှာ ငွေမှင်ရောင်ရှိသည်။ ငါးဖယ်ငါးမှာ ရေချို၊ ရေငန်နှစ်မျိုးလုံးတွင် နေထိုင်ကျက်စားသောငါး ဖြစ်သည်။ ငါးဖယ်ငါးများ၏ သက်တမ်းမှာ (-၁၀)နှစ်ခန့်ထိ အသက်ရှည်နေထိုင်နိုင်ကြပြီး ငါးဖယ်အမမှာ ဥပေါင်း(၁၀၀၀-၃၀၀၀)ခန့်ဥ ဥ နိင်ကြပါသည်။

မိုးရာသီတွင် သားပေါက်ကြပြီး ငါးဖယ်ငါးများကို မြန်မာနိုင်ငံအပြင် ထိုင်း၊ မလေးရှား စသည့် နိုင်ငံတွေမှာလည်း တွေ့ရှိရပါသည်။ ငါးဖယ်ငါးများ၏ အရွယ်အစားမှာ အများအားဖြင့်(၂၀-၂၅)စင်တီမီတာ ရှိကြပါသည်။ ငါးဖယ်ငါးများမှာ အစုံစား(Omnivorous)များဖြစ်ကြပြီး ငါးငယ်၊ ရေပိုးမွှား၊ အခွံမာရေသတ္တဝါ၊ အပင်များနှင့် ရေမှော်တို့ကို သူတို့၏ အစာအဖြစ် စားသုံးကြပါသည်။

ငါးဖယ်ငါး၏ ထူးခြားချက်မှာ ငါးဖယ်ငါးအသားကို မာပြီးတင်းသွားအောင် ဓါးပြားနှင့်ရိုက်ပေးလေ့ရှိပြီး 'ရိုက်လေ ငါးသားတွေ မာလေ စားလို့ ပိုကောင်းလေ'ဖြစ်ပါသည်။ 'ထုလေ မာလေ ငါးဖယ်တွေ' ဖြစ်ပါသည်။

ငါးဖယ်ငါးကို ငါးဖယ်ငါးဆုပ်အုန်းနို့ချက်၊ ငါးဖယ်အစာသွပ်၊ ငါးဖယ်ဖက်ထုပ်ပေါင်း၊ ငါးဖယ်လုံးသံပရာပေါင်း၊ ငါးဖယ်သုပ်၊ ငါးဖယ်ရဲယိုရွက်ဟင်း၊ ငါးဖယ်ကြက်ဥလိပ်၊ ငါးဖယ်လုံးဟင်းချို၊ ငါးဖယ်ရေညှိလိပ်စသဖြင့် ပြုလုပ်၍ စားသုံးကြပါသည်။ ထို့ပြင် ငါးဖယ်ငါးဆုပ်ကို ညှပ်ပြီး မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲထဲထည့်၍လည်း စားသုံးကြပါသည်။

ငါးဖယ်စားသုံးမှု ၁၀၀ဂရမ်တွင် ပရိုတင်းဓါတ်(၁၇.)ဂရမ်နှင့်အင်အားဓါတ်()ကီလို ကယ်လိုရီပါဝင်သည်ဟု သိရပါသည်။ ငါးဖယ်ငါးမှာ ချိုဆိမ့်သော အရသာရှိပြီး လူကြိုက်များသော ငါးဟင်းတစ်မျိုးဖြစ်သည်။ သို့သော် အစာကြေညက်ခဲ၍ အစာအိမ်မကောင်းသူများ မစားသင့်ပါချေ။

ပင်လယ်ပြာ (ငါးဦးစီး)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်