ငါးမြင်းငါး

16/03/2020 12:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါးမြင်းငါးမှာ ဦးခေါင်းတို၍ ကိုယ်ပြားပြီး နှုတ်ခမ်းမွှေးပါသည့် အကြေးခွံမဲ့ ရေချိုငါးတစ်မျိုး ဖြစ်သည်။ ငါးအသားထူပြီး အကြေးခွံမပါ၊ အရေခွံချည်းသာပါသည်။ အမြင့်ဆုံးခန္ဓာကိုယ်အလျားမှာ (၁၃၈) စင်တီမီတာအထိရှိကြပါသည်။

ငါးမြင်းငါးမျာ သိပ္ပံအမည်- Silonia Silondia ဖြစ်ပြီး အင်္ဂလိပ်အမည် Silond Catfish or Butter Catfish ဟူ၍ သိရပါသည်။ မြန်မာနိုင်ငံအပြင် အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ စတဲ့ နိုင်ငံတွေမှာလည်း တွေ့ရှိရပါသည်။

ငါးမြင်းမှာ ငါးတန်နှင့်ဆင်တူသည်ဟု ထင်ရသော်လည်း ကွဲလွဲမှုများ ရှိကြပါသည်။ ငါးမြင်းငါး၏ ရှေ့ကျောရိုးပေါ်တွင် ဆူးတောင်သေးသေးလေးတစ်ခု ပါရှိပြီး ငါးတန်ငါးတွင် မပါရှိပါ။ ငါးမြင်းအသားမှာ အဝါရောင်သန်းနေပြီး အရေခွံပါးကာ အဆီနည်းပါးသည်။ ငါးတန်က အရေခွံထူ၍ အဆီများကာ အသားနီသည်။ ငါးမြင်းဦးခေါင်းမှာ ငါးတန်ထက် ပိုကြီးပါသည်။

ငါးမြင်း၊ ငါးတန် တို့ရဲ့ ဝမ်းပျဉ်းသားကိုစားခြင်းသည် ငါးကြီးဆီစားသကဲ့သို့ အကျိုးအာနိသင်ရှိသည်ဟု သိရပါသည်။ ငါးမြင်းအသားမှာ သဲခြေကိုနိုင်ပြီး သလိပ်ကို ပါးစေပါသည်။ အားကုန်ခမ်းသော အနာကို ပျောက်စေသည်။ ချိုဆိမ့်သော အရသာရှိသည်။

နာမည်ကြီး ငါးမြင်းဟင်းလျာများမှာ ငါးမြင်းဆီပြန်၊ ငါးမြင်းဗိုက်သားဆီပြန်၊ ငါးမြင်းခေါင်းချဉ်ရည်ဟင်း၊ ငါးမြင်းပင်စိမ်းအုပ်ချက်၊ ငါးမြင်းဆီကျန်ရေကျန်အချဉ်ဟင်းတို့ဖြစ်ပါသည်။ ငါးမြင်းငါးမှာ စား၍အရသာကောင်းမွန်သည့် ငါးအမျိုးအစားထဲတွင် ပါဝင်ပါသည်။ ထို့ကြောင့် ငါးမြင်းဟင်းချက်ရာတွင် ဆီသတ်တာကို နိုင်ဖို့ လိုပါသည်။ ငါးမြင်းမှာ အကြေးခွံမပါ၊ အရေခွံသက်သက်မို့ မခုတ်မပိုင်းခင် အကောင်လိုက်ကို ဆား သို့မဟုတ် မန်ကျည်းသီးမှည့်နှင့် နယ်ဖတ်ပြီး အရင်ဆေးပေးရပါသည်။ ထို့မှသာ အချွဲများစင်ပြီး အညီနံ့လည်း သက်သာစေမည် ဖြစ်သည်။

ငါးမြင်းခုတ်သားမှာ အရောင်းများပါသည်။ ငါးမြင်းခုတ်သားတစ်ပိဿာ (၁၀၀၀၀ – ၁၂၀၀၀)ကျပ် ဝန်းကျင်ရှိကြပြီး တန်ဖိုးမြင့်ငါးတွင် ပါဝင်ပါသည်။

ငါးမြင်းငါးကို-

Phylum (မျိုးပေါင်းစု) – Chordata

Class (အမျိုးအစား) – Actinopterygii

Order (မျိုးစဉ်) – Siluriformes

Family (မျိုးရင်း) – Schibeidae

Genus (မျိုးစု) – Silonia

Species (မျိုးစိတ်) – Silonia Silondia

Common Name (အများအခေါ်) – Butter Catfish (or) Silond Catfish ဟူ၍ ဖြစ်ပါသည်။

ပင်လယ်ပြာ (ငါး/ဦးစီး)

( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်