COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

29/08/2020 08:26 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၂၉-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ

၁။ (၂၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော  ဓာတ်ခွဲနမူနာ (၇၃၂) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော  ဓာတ်ခွဲ နမူနာ (၁၈၅)ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော  ဓာတ်ခွဲ နမူနာ (၁၄၈)ခု၊

- နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၈) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၀၆) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခုနှင့်

- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခုတို့တွင်-

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦး တွေ့ရှိခဲ့ရပါသည်။

၂။ (၂၉-၈-၂၀၂၀)ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၆၅၆)ဦး ရှိပြီ ဖြစ်ပါသည်။

၃။ (၂၈-၈-၂၀၂၀) ရက်နေ့အတွက်  COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၂၀၂) ခု၊ 

- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၂၁) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမ+ဒုတိယအသုတ်) 

ဓာတ်ခွဲနမူနာ (၄၄၆) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၃၃၆) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၀၆) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊

- နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၈) ခုနှင့်

- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၉၄) ခု၊ စုစုပေါင်း (၂,၅၃၅)ခုအား  စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

https://www.mohs.gov.mm/

သတင်းရင်းမြစ် - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်