မြန်မာ့ဂေါ်ဖီထုပ်တွေ ထိုင်းဘက်ကို တင်ပို့တာ မနှစ်က ဒီအချိန်ကစပြီးပို့တာ။ ဒီနှစ်လည်း ထိုင်းကမှာယူနေလို့ ပို့ပေးနေရပါ တယ်။ ထိုင်းမှာထွက်တဲ့ ဂေါ်ဖီထုပ်က မြန်မာ့ဂေါ်ဖီထုပ်လောက် စားမကောင်းဘူး။ သူတို့ ဂေါ်ဖီထုပ်က အသားပွတယ်။ ကြက်သွန် လည်း ဒီလိုပဲ။ မြန်မာ့ကြက်သွန်ကို ထိုင်းတွေက ပိုပြီးကြိုက်နှစ်သက်ကြတယ်။ ဒါပေမဲ့ အခု COVID-19 ဖြစ်နေတဲ့ကာလမှာတော့ အရင် လို အများကြီးတင်ပို့လို့မရဘူး။ အရင်ကဆို အမှတ်(၁)တံတားက ဖြတ်သန်းရလွယ်တယ်။ အခုကျတော့ အမှတ်(၂) တံတားကြီးတစ်ခု တည်းက သွားရတော့ ထိုင်းဝယ်လက်တွေ အားလုံး လိုသလောက်ကို ကန့်သတ်ချက်တွေ များနေလို့ ပို့မပေးနိုင်ဘူး။ ထိုင်းဘက်မှာ စားသောက်ဆိုင်အများစုက မြန်မာဘက်က ဂေါ်ဖီထုပ်တွေကို ပိုသုံးနေကြတာကြောင့် အခုလို တင်ပို့ပေးနေတာပါ
ဟု ဂေါ်ဖီထုပ် တင်ပို့နေသည့်ကုန်သည်တစ်ဦးက ပြောသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator