ကမ္ဘာ့အကောင်းဆုံးဆန်ဆု (၅) ကြိမ်ရ ကမ္ဘောဒီးယားဆန် Phka Rumduol ဆိုတာ..

22/03/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကမ္ဘောဒီးယားဆန် Phka Rumduol ဟာ ကမ္ဘာ့ဆန်ညီလာခံကပေးတဲ့ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကိုရတာ ၅ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ်လည်း ပူပူနွေးနွေး ဆုရထားတာပါ။ 

Phka Rumduol ဟာ ဆန်စရှည်သွယ်ဂျက်စမင်အမျိုးအစားဖြစ်ပြီး ကမ္ဘာ့ဆန်ဝယ်ယူစားသုံးသူတွေရဲ့ ထိပ်တန်းရွေးချယ်မှုတွေထဲကတစ်ခုဖြစ်နေတာပါ။ ဒီဆန်ဟာ ကမ္ဘောဒီးယားရဲ့ ပြည်ပတင်ပို့ရနံ့မွှေးဆန်အမျိုးအစား ‘ Angkor Malys’ ဆန်အမျိုးအစားတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ 

ဒီဆန်အမျိုးအစားကို ၁၀ နှစ်ကြာ တိုးတက်ဖွံ့ဖြိုးမှုစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်အပြီး ၁၉၉၉ ခုနှစ်မှာ တောင်သူသီးသန့်အသုံးပြုဖို့ ထုတ်ပေးခဲ့တာဖြစ်တယ်လို့ ကမ္ဘောဒီးယားစိုက်ပျိုးရေးနှင့်သုတေသနအဖွဲ့အစည်းက ဆိုပါတယ်။

သူ့ရဲ့စားသုံးမှုအရည်အသွေးအနေနဲ့တော့ ထမင်းစရှည်၊ ရနံ့မွှေးပြီး ရေစုပ်ယူမှုကောင်း(အိုးတက်)တယ်လို့ ဆိုပါတယ်။ စားသုံးသူအကြိုက်ဆန်အမျိုးအစားတစ်ခုဖြစ်ပြီး ဈေးနှုန်းအနေနဲ့တော့ ကမ္ဘောဒီးယားပြည်တွင်း ဈေးတွေမှာ ၂ ကီလိုတစ်အိတ်(၁ ပြည်ခန့်) ကို ၃ ဒေါ်လာ (မြန်မာကျပ်ငွေ ၈၅၀၀ ခန့်) ရှိတယ်လို့ သိရပါတယ်။

Phka Rumduol ဆန်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ၂၀၁၂ ကနေ ၂၀၁၄ အထိ ၃ နှစ်ဆက်တိုက် ရရှိခဲ့တာပါ။ (၂၀၁၃ နဲ့ ၂၀၁၄ တွေမှာတော့ အမေရိကန်ဆန် US Calrose နဲ့ ထိုင်းဆန် Thai Hom Mali  ဆန်တို့နဲ့ ပူးတွဲဆုရခဲ့တာပါ)။ အဲ့ဒီနောက် ၂၀၁၅ ကနေ ၂၀၁၇ အထိမှာတော့ ဒုတိယအကောင်းဆုံးဆန်အဖြစ် သုံးနှစ်ဆက်တိုက် ဆက်လက်ရပ်တည်ခဲ့ပြီး ၂၀၁၈ မှာ အကောင်းဆုံးဆုကို ပြန်ရခဲ့တာပါ။ အခု ၂၀၂၂ ခုနှစ်မှာတော့ ၅ ကြိမ်မြောက် အကောင်းဆုံးဆုကို ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ 

" ဒီဆန်ရဲ့ ဂုဏ်သတင်းကျော်စောမှုက ကမ္ဘောဒီးယားဆန်အရည်အသွေးကို ဆက်လက်တိုးမြှင့်စေဖို့ ကူညီပေးသွားနိုင်မှာပါ” လို့ ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ်ဒုဥက္ကဌက ပြောထားပါတယ်။ 

ကမ္ဘာ့ဆန်ညီလာခံကပေးတဲ့ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို မြန်မာ့ဆန်အမျိုးအစား ရွှေဘိုပေါ်ဆန်းလည်း ၂၀၁၁ ခုနှစ်က ရရှိဖူးတယ်လို့ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်