ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါ အပိုင်း(၁)

03/11/2022 13:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သော အရေပြားအကျိတ်နာရောဂါ (Lumpy Skin Disease)မှာ ကျွဲ၊ နွား အသက်အရွယ်မရွေး၊ နေရာဒေသမရွေး ဖြစ်ပွားတတ်သဖြင့် ကျွဲ၊ နွားမွေးမြူသူများအနေဖြင့် သတိပြုသင့်သော ရောဂါတစ်မျိုးဖြစ်သည်။

မြန်မာနိုင်ငံဒေသအချို့တွင်လည်း ဖြစ်ပွားမှုများရှိသလို သေဆုံးမှုများလည်း ရှိခဲ့ပါသည်။

ထို့ကြောင့် ယခုရောဂါနှင့်ပတ်သက်၍ ရောဂါလက္ခဏာများ၊ ရောဂါမဖြစ်ရအောင် ကာကွယ်နည်းများနှင့် ကုသနည်းများကိုပါ သတိပြုနားလည်နိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။

ရောဂါဖြစ်ပွားစေသည့်အကြောင်းရင်း

  • အရေပြားအကျိတ်နာရောဂါသည် စတုဂံ(Brick-shaped) ပုံသဏ္ဌာန်ရှိသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ 

ရောဂါဖြစ်ပွားသည့် တိရစ္ဆာန်များ

  • နွားမျိုးများနှင့် ရေစိမ်ကျွဲမျိုး၊

နို့စားနွားနှင့် မျိုးစပ်ထားသော နွားမျိုးများတွင် ရောဂါဖြစ်ပွားပါက သေဆုံးနှုန်း မြင့်မားပါသည်။

ရောဂါပိုးတွေ့ရှိနိုင်သော အရင်းအမြစ်များ

  • ရောဂါကူးစက်ခံထားရသော ကျွဲ၊ နွားတို့၏ အရေပြားအဖုအကျိတ်နှင့် အနာဖေးတို့တွင် ဗိုင်းရပ်စ်ပိုးကို အများဆုံး တွေ့ရပါသည်။
  • ထို့ပြင် ရောဂါကူးစက်ခံထားရသော ကျွဲ၊ နွားတို့၏ သွေး၊ သုတ်ရည်၊ တံတွေး၊ သွားရည်နှင့် နှာရည်တို့တွင်လည်း ဗိုင်းရပ်စ်ပိုးကို တွေ့ရနိုင်ပါသည်။

ရောဂါပိုးပျိုးသည့် အချိန်ကာလမှာ...

  • (၄ - ၂၈)ရက်အထိ ကြာနိုင်ပါသည်။
  • ပြန်လည်ကျန်းမာလာသော ကျွဲ၊ နွားများတွင် ဗိုင်းရပ်စ်ပိုးသယ်ဆောင်ခြင်းကို မတွေ့ရပါ။

ရောဂါလက္ခဏာများမှာ -

  • ကျွဲ၊ နွား၏ ခန္ဓာကိုယ်အပူချိန် ၄၁ °C အထက် မြင့်တက်ခြင်း၊
  • နို့ပေးကာလအတွင်း နို့ထုတ်လုပ်မှုကျဆင်းခြင်း၊
  • မှိုင်တွေနေခြင်း၊
  • သွားရည်များ ထွက်ကျခြင်း၊
  • အစားအသောက်ပျက်ခြင်းနှင့် ပိန်လာခြင်း၊
  • နှာခေါင်းအတွင်း အမြှေးပါးရောင်ခြင်းနှင့် မျက်ခွံရောင်ခြင်း၊
  • သွားလာရခက်ခဲခြင်း၊
  • အရေပြား၊အဆီအသားအလွှာနှင့် အသားတို့တွင် အဖုများဖြစ်လာခြင်း၊
  • အနာအဖုများမှ လောက်ထွက်လာခြင်း၊ 
  • ပြန်ရည်ကြောအဖု ကြီးလာခြင်းနှင့် ဖောရောင်လာခြင်း၊ ၀.၅ - ၇ စင်တီမီတာ အရွယ်အစားရှိ အနာအဖုများ(ခေါင်း၊ လည်ပင်း၊ နို့အုံ၊ မျိုးပွားလမ်းကြောင်း၊ ခြေလက်၊ စအို၊ အမမျိုးပွားအင်္ဂါ၊ အထီးမျိုးပွားအင်္ဂါတို့တွင်)ဖြစ်လာခြင်း၊ 
  • အထီးများ သားအောင်နှုန်း လျော့နည်းခြင်း၊
  • နွားမများသားလျှောခြင်း၊ နွားမ၊ နွားမဒန်းများတွင် လအတော်ကြာအထိ မြိုင်မလာခြင်းနှင့် သားတောင်းမှု မရှိခြင်း၊
  • နောက်ဆက်တွဲအနေဖြင့် အဆုတ်ရောင်ခြင်း၊ နို့အုံရောင်ခြင်း၊
  • နေရာကွက်၍ အသားပုပ်ဆွေးခြင်းနှင့် အနာအပေါက်များ ဖြစ်လာခြင်းတို့ကို တွေ့ရပါမည်။

ရောဂါဖြစ်ပွားမှုနှင့် သေနှုန်း

  • ရောဂါဖြစ်ပွားနှုန်းမှာ (၁၀ - ၂၀%) ရှိပြီး သေနှုန်းအနေဖြင့် (၁-၅%) ရှိပါသည်။ 

ရောဂါကူးစက်ပျံ့နှံ့ပုံ

အရေပြားအကျိတ်နာရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သဖြင့် ရောဂါကူးစက်ပျံ့နှံ့ခြင်း ဖြစ်ပါသည်။

  • (က) ရောဂါဖြစ်နေသော ကျွဲ၊နွားနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊
  • (ခ) ရောဂါပိုးပါသည့် ကျွဲ၊နွား၏ သွားရည်၊နှာရည်များကို စားသုံးမိခြင်း၊
  • (ဂ) သွေးစုပ်သည့် မှက်၊ခြင်၊ယင်နှင့် မွှားစသည့် အင်းဆက်ပိုး မွှားများကိုက်ခြင်း၊
  • (ဃ) ယင်ကောင်မျိုးစိတ်များထဲမှ သွေးစုပ်ကိုက်တတ်သော ယင်ကောင်ကိုက်ခြင်း၊ မွှားမျိုးစိတ်များထဲမှ မွှားအထီးများ ကိုက်ခြင်းမှတဆင့် ကူးစက်နိုင်ခြင်း၊
  • (င) ရောဂါပိုးနှင့် ထိတွေ့ထားသော အစာ၊ ရေနှင့် ရောဂါဖြစ်နေသော ကျွဲ၊ နွားများမှတဆင့် ကူးစက်နိုင်ခြင်း၊
  • (စ) ရောဂါပိုးပါဝင်သည့် ဆေးထိုးအပ်နှင့် ခြံအသုံးအဆောင်ပစ္စည်းများ  မျှဝေသုံးစွဲခြင်းဖြင့် ကူးစက်နိုင်ခြင်း၊
  • (ဆ) ရောဂါပိုးရှိသော ကျွဲ၊ နွားကို စားကျက်နှင့် ကျင်းများတွင် လွှတ်ကျောင်းမွေးမြူခြင်းဖြင့် ကူးစက်နိုင်ခြင်း၊
  • (ဇ) ရောဂါဖြစ်နေသော ကျွဲ၊ နွားနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ရွှေ့ပြောင်းသယ်ဆောင်ခြင်းဖြင့် ကူးစက်နိုင်ခြင်း(သို့သော် နွားထီး၏သုတ်ရည်တွင် ဗိုင်းရပ်စ်ပိုးပါရှိနိုင်သော်လည်း မကူးစက်နိုင်ပါ။)
  • (ဈ) အဆိုပါရောဂါသည် လူသို့ကူးစက်တတ်သော ရောဂါမဟုတ်ပါ။ ကျွဲ၊ နွားအချင်းချင်းသာ ကူးစက်နိုင်ပါသည်။     

Ref: မွေးကုဦးစီးဌာနတွင် သင်တန်းတက်ခဲ့စဉ်က လေ့လာသင်ယူခဲ့သော အချက်အလက်များ။

(အပိုင်း-၂ တွင် ကာကွယ်ကုသနည်းများအကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။    


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်