ကြက်တွေ ဇာတ်တူသားမစားဖို့ ဘယ်လိုကာကွယ်မလဲ..

06/02/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြက်တွေအချင်းချင်း အမွေးအတောင်ဆိတ်တာ၊ သွေးထွက်သံယိုဖြစ်နေတဲ့ ကြက်တွေကို တခြားကြက်တွေက ဆိတ်စားတာ၊ ဖင်ဆိတ်ကြတာတွေကို ကြက်မွေးမြူသူတိုင်း တွေ့ဖူးကြမယ်ထင်ပါတယ်..။

ဒါတွေက ကြက်တွေရဲ့ ပြုပြင်ဖို့ခက်တဲ့ အမူအကျင့်တွေပဲ ဖြစ်ပါတယ်..။ အဲ့ဒီလိုတွေလုပ်ရင် အသေအပျောက် အနည်းနဲ့အများရှိနိုင်သလို စုတ်ပြတ်ဒဏ်ရာတွေကြောင့် ဉနှုန်း၊ ကြီးထွားနှုန်းကို ထိခိုက်နိုင်တဲ့အတွက် ဒီလိုတွေမဖြစ်ရအောင် ဇာတ်တူသားမစားစေဖို့ ကာကွယ်ခြင်းနဲ့ ဖြစ်စေတဲ့ အကြောင်းအရာတွေကို ကြက်မွေး တောင်သူတွေ သိရှိစေဖို့ ရည်ရွယ်ဖော်ပြပေးလိုက်ပါတယ်..။

ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့..

(၁) အဆောက်အဉီထဲသို့ နေရောင်တိုက်ရိုက်ဝင်ခြင်း

(၂) သဘာဝမဟုတ်တဲ့ အလင်းများလွန်းခြင်း

(၃) အကောင်ရေ ထူထပ်လွန်းခြင်း

(၄) လေဝင်လေထွက် မကောင်းခြင်း

(၅) အာဟာရပြည့်ဝစွာ မစားရခြင်း

(၆) ဆားမပါခြင်း

(၇) အပူချိန်မြင့်မားခြင်းကြောင့် စိတ်ဖိစီးမှုခံရခြင်း

(၈) အစာထဲတွင်အမျှင်ဓာတ်မပါဝင်ခြင်း

(၉) မျိုရိုးဗီဇနဲ့အလေ့အကျင့် စတဲ့အချက်များစွာတွေကြောင့်ဖြစ်ပါတယ်..။

အဲ့ဒါမျိုးတွေ ကြက်မွေးတောင်သူရဲ့ ခြံထဲမှာ ဖြစ်နေခဲ့မယ်ဆိုရင် ဇာတ်တူသားစားခြင်းမျိုးတွေ ဖြစ်လာနိုင် ပါတယ်။ ဒါ့အပြင် တစ်ကောင်ရဲ့ အကျင့်ကို တစ်ကောင်က  အတူယူနိုင်တဲ့အတွက် သတိထားစောင့်ကြည့်နေဖို့ ကလည်း အရေးကြီးပါတယ်..။ ဒါပေမဲ့ အရမ်းကြီးတော့စိတ်မပူကြပါနဲ့။ ဖြစ်စေတဲ့အကြာင်းအရင်းကို သိရင် ကာကွယ်နည်းလမ်းဆိုတာလည်းရှိပါတယ်။ ကုသခြင်းသည် ကာကွယ်ခြင်းထက် ပိုမိုကောင်းကောင်းမွန်တယ် မဟုတ်လား..။

ဆိုတော့ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့..

(၁) ဒဏ်ရာရတဲ့ ကြက်ကို သီးခြားခွဲထားရန်

(၂) နေရောင်တိုက်ရိုက်မကျအောင်ပိတ်ထားပြီး အလင်းပေးမှုထိန်းချုပ်ရန်

(၃) သင့်တော်တဲ့ အပူချိန်ထားရှိရန်

(၄) ကြက်ကောင်ရေသိပ်သည်းမှုထိန်းချုပ်ရန်

(၅) အရည်အသွေးကောင်းသော အစာစိမ်းများထောက်ပံ့ရန် စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်..။

ကဲ.. ဒီတော့ ကြက်တွေအချင်းချင်း ဇာတ်တူသားမစားအောင် ကာကွယ်ဖို့ ဆောင်သင့်တာတွေဆောင်၊ ရှောင်သင့်တာတွေ ရှောင်ပြီး ဉပေါက်နှုန်း ၊အသားတိုးနှုန်းများ ပိုတိုးအောင်မွေးမြူနိုင်ကြပါစို့..။

Reference;  စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်‌ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော ခေတ်မီ မွေးမြူရေးနည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်