ကြက် ဝဲ၊ သန်း၊ လှေးနှင့် မွှားရောဂါများကို ကာကွယ်ကုသနည်း

02/01/2023 17:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

တစ်နိုင်တစ်ပိုင်ကြက်မွေးမြူသူများအနေဖြင့် ကြက်များတွင် တွယ်ကပ်နေလေ့ရှိသော ကိုယ်ပြင်ပကပ်ပါးများဖြစ်သည့် ဝဲ၊ သန်း၊ လှေးနှင့် မွှားရောဂါများ အကြောင်းကို သိရှိထားရန်လိုသဖြင့် ကာကွယ်ကုသနည်းကို ဖော်ပြပေးလိုက်ပါသည်။ 

ဝဲရောဂါ (Mites)

  • ကြက်များ၏ခန္ဓာကိုယ်အတွင်း၌ ဝဲရောဂါအမျိုးမျိုးတို့ တွယ်ကပ်နေခြင်းကြောင့် ယားယံခြင်း၊အမွေးအတောင်ကျွတ်ခြင်းများ ဖြစ်ပေါ်စေပါသည်။
  • ကြက်၏ခြေထောက်တွင် အကြေးခွံရောင်ရောဂါဖြစ်ပွားပါက ခြေထော့ကျိုးနာကို ဖြစ်စေပါသည်။ အနီရောင်ဝဲပိုးများက ကြက်၏ခန္ဓာကိုယ်တွင် တွယ်ကပ်နေခြင်း များပြားနေလျှင် ကြက်ကို သေစေနိုင်ပါသည်။

ကြက်သန်း(Lice)

  • ကြက်များကိုသန်းများက ကိုက်ခဲပြီး သွေးစုပ်ခြင်း၊ အရေပြားကို ကိုက်စားခြင်းတို့ကို ပြုလုပ်ပါသည်။ ခန္ဓာကိုယ်အနှံ့ အရေပြားနှင့် အမွေးအတောင်တို့တွင် ကြက်သန်းများကို တွေ့ရတတ်ပါသည်။
  • ကြက်များအား ကြက်သန်းများက တွယ်ကိုက်ခြင်းကြောင့် ယားယံခြင်း၊ ဂဏှာမငြိမ်ဖြစ်နေတတ်ခြင်း၊ အအိပ်ပျက်ခြင်း၊ အစားပျက်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
  • ကြက်သန်းကိုက်ခြင်းခံရသောကြောင့် ကြက်၏ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း၊ ဥနှုန်းကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ကြက်အမွေးအတောင်များကိုလည်း ကျွတ်စေပါသည်။

လှေး(Fleas)

  • လှေးဆိုသည်မှာ မဲမှောင်၍အလွန်သေးငယ်ပြီး လေတွင်ပျံသန်းနိုင်ပါသည်။လှေးသည် သွေးစုပ်ကပ်ပါးကောင်ဖြစ်ပြီး အစာမစားဘဲ ကြာရှည်စွာ အသက်ရှည်နိုင်ပါသည်။
  • လှေးကောင်လေးများနှင့်ဥများကို ကြက်ဥတင်းများတွင်လည်းကောင်း၊ နံရံနှင့်အခင်းတွင်လည်းကောင်း တွေ့နိုင်ပါသည်။
  • ကြက်အမောက်နှင့် ပါးပျဉ်းတွင်လည်း လှေးကောင်တစ်မျိုးက တွယ်ကပ်နေတတ်ပါသည်။ အပြင်သို့ခုန်ထွက်ခြင်း မရှိပါ။
  • လှေးကောင်ကိုက်ခြင်းကြောင့် ကြက်များတွင် အနာဖြစ်စေပါသည်။ လှေးကောင်များစွာကိုက်ခြင်းကို ခံရသော ကြက်ကလေးများမှာ သေဆုံးသွားနိုင်ပါသည်။
  • လှေးသည် ဘဲများတွင်လည်း တွယ်ကပ်နေတတ်သည်။ ရုတ်တရက်ကြည့်လျှင် မသိနိုင်ပါ။ မျက်လုံးအနီးတစ်ဝိုက်တွင် တွေ့ရတတ်ပါသည်။ လှေးသည် လူသားများကိုလည်း တွယ်ကပ်တတ်ပါသည်။

မွှားတွယ်ကပ်ခြင်း(Ticks)

  • ကြက်များတွင် သေးငယ်လွန်းပြီး အညိုရောင်၊ အပြာရောင်ရှိသော ကြက်မွှားများလည်း တွယ်ကပ်နေတတ်ပါသည်။
  • မွှားသည် ကြက်၏ခန္ဓာကိုယ်မှသွေးကို တစ်ကြိမ်စုပ်ပြီး ခြံနံရံနှင့် သစ်ပင်များတွင် နှစ်ပေါင်းများစွာ အစာမစားဘဲ အသက်ရှင်နိုင်ပါသည်။
  • မွှားများက ကြက်များကို ကပ်တွယ်သွေးစုပ်ခြင်းကြောင့် ဥရပ်ဆိုင်းသွားစေသလို အခြားရောဂါများကိုလည်း ဖြစ်ပွားစေနိုင်ပါသည်။

ကြက်များ ပြင်ပကပ်ရောဂါများကင်းဝေးစေရန် ကြက်လှောင်အိမ်နှင့် ကြက်ခြံကိုသန့်ရှင်းနည်း

  • ၁။ ကြက်များတွင် ပြင်ပကပ်ရောဂါများကင်းဝေးကြစေရန် ကြက်ခြံလှောင်အိမ်များနှင့် ခြံအမိုး၊ နံရံ၊ အခင်းစသည်များကို ပိုးသတ်ဆေးဖျန်းပြီး သန့်စင်ပေးရပါသည်။
  • ၂။ အခင်းများ၊ ဥတင်းအခင်းများ၊ နံရံတွင်တွယ်ကပ်နေသော ပင့်ကူအိမ်အမျှင်များကို သန့်ရှင်းပေးရပါမည်။
  • ၃။ အစာခွက်၊ ရေခွက်နှင့် ခြံအသုံးအဆောင်ပစ္စည်းများကို ရေနွေးဆပ်ပြာဖြင့် ဆေးကြောခြင်း၊ဆေးရွက်ကြီးအရိုးများကို ချိတ်ဆွဲပေးထားခြင်း၊ အမှုန့်များကို ဖြူးပေးခြင်း၊ ထုံးမှုန့်ကို ဖြူးပေးခြင်း၊ထုံးမှုန့်ကိုအရည်ဖျော်၍ ကြက်ခြံတစ်ခုလုံးကို ဖျန်းပေးခြင်းတို့ ပြုလုပ်ရပါမည်။
  • ၄။ ကြက်ခြံ၏နံရံ၊ အမိုး၊ အခင်းတို့ကို ပိုးသတ်ဆေးမကြာခဏ ပက်ဖျန်းပေးခြင်းဖြင့် ပြင်ပကပ်ပါးရောဂါများကို တားဆီးပေးနိုင်ပါသည်။

ကြက်၏ ပြင်ပကပ်ပါးများဖြစ်သော ဝဲ၊ သန်း၊ လှေးနှင့် မွှားရောဂါများကို ကာကွယ်ကုသနည်း

  • ၁။ ရောဂါဖြစ်ပွားနေသောကြက်များကို ပိုးသတ်ဆေးအမှုန့် ဖြူးခြင်း(သို့မဟုတ်) ပိုးသတ်ဆေးအရည်ကိုဖျန်းပေးခြင်း (ဥပမာ-ထရိုင်ကလိုရိုဖုန်း(သို့မဟုတ်)မီလီထရွန်ဖြင့် ကုသပေးခြင်း)တို့ ပြုလုပ်ပေးရပါမည်။
  • ၂။ ဆေးရွက်ကြီးမှုန့်များ ဖြူးပေးလျှင်လည်း ကပ်ပါးပိုးများ ပြေးစေပါသည်။
  • ၃။ ကြက်ခြံနံရံ၊ အခင်းများကို သန့်ရှင်းပေးခြင်း၊ ပိုးသတ်ဆေးရည်ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပေးရပါမည်။
  • ၄။ ကြက်များ၏ အတောင်၊ အမွေးများကို သဲ၊ မြေမှုန့်ဖြင့် နေ့စဉ်ပွတ်၍ သန့်ရှင်းပေးခြင်း ပြုလုပ်ပေးနိုင်ပါသည်။ (သေတ္တာများထဲတွင် သဲမှုန့်၊ မြေမှုန့်များ ထည့်ပေးထားလျှင်လည်း ကြက်များက သဲမှုန့်၊ မြေမှုန့်များထဲတွင်လူး၍ အမွှေးအတောင်ကို သန့်ရှင်းအောင် သူ့ဖာသာအမွေးအတောင် ခတ်နေတတ်ပါသည်)
  • ၅။ ဝဲရောဂါကြောင့် အရေပြားရောင်နေသောကြက်ခြေထောက်ကို ရေနံဆီ(သို့မဟုတ်)ဓာတ်ဆီထဲတွင် စိမ်ပေးပြီး ခြေထောက်ကို ဘရပ်ရှ်ဖြင့် ညင်သာစွာပွတ်ပေးကာ ကုသပေးရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်