ဧရာ၊ သံလွင်နဲ့ အာရှမြစ်ကြီး ၁၀ စင်း ကြုံလာရမယ့် ရေပြဿနာ

26/05/2023 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ရာသီဥတုဖောက်ပြန်မှုတွေကြောင့် အရေးပါတဲ့ ဟိန္ဒူကွတ်ရှ် - ဟိမဝန္တာတောင်တန်း ရေအရင်း အမြစ်တွေ ထိခိုက်ပျက်စီးရာကနေ မြန်မာအပါအဝင် အာရှ ၁၆ နိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ စွမ်းအင်ဖူလုံရေးတို့အပေါ် ခြိမ်းခြောက်လျက်ရှိနေကြောင်း၊ ဒေသရဲ့ မြစ်ရေစီးဆင်းမှုစနစ်တွေကို ကာကွယ်နိုင်ဖို့ စုပေါင်းအရေးယူဆောင်ရွက်မှု လိုအပ်လျက်ရှိနေကြောင်း သုတေသနပညာရှင်တွေက ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။

ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာရေအရင်းအမြစ်ကနေ စီးဆင်းလာတဲ့ အာရှမြစ်ကြီး ၁၀ စင်းရဲ့ မြစ်ဝှမ်းဒေသတွေမှာ လူဦးရေ ၁ ဒသမ ၉ ဘီလျံ မှီတင်းနေထိုင်ကြပြီး တစ်နှစ်တာ ဂျီဒီပီတန်ဖိုး ဒေါ်လာ ၄ ဒသမ ၃ ထရီလီယံထိ ပံ့ပိုးပေးနေကြောင်း၊ ရေခဲမြစ်အရည်ပျော်ကျမှုနဲ့ ရာသီဥတုပြင်းထန်မှု စတာတွေက ၎င်းဒေသတွေအတွက် “စိုးရိမ်ဖွယ်ခြိမ်းခြောက်မှုကြီးတွေ” အဖြစ် ရှိနေပြီဖြစ်ကြောင်း China Water Risk ရေအရင်းအမြစ်သု‌တေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို မထိန်းချုပ်နိုင်ဘူးဆိုရင် ဒီမြစ်ကြီးတွေဟာ ရေအခက်အခဲ ပိုမိုဆိုးရွားစွာ ကြုံတွေ့လာရမှာဖြစ်ကြောင်း၊ ရေသုံးစွဲမှုမြင့်မားတဲ့ စွမ်းအင်စက်ရုံတွေ ထပ်မံတည်ဆောက်မှုကလည်း ပြဿနာကို ပိုတိုးလာစေကြောင်း သုတေသနပညာရှင်တွေက သတိပေးထားပါတယ်။

အဲဒီမြစ်ကြီး ၁၀ စင်းထဲမှာ အမူဒါရိယာ၊ ဗြဟ္မပုတ္တရ၊ ဂင်္ဂါ၊ အိန္ဒူ၊ ဧရာဝတီ၊ မဲခေါင်၊ သံလွင်၊ တာရင်၊ ယန်ဇီနဲ့ မြစ်ဝါမြစ်တို့ ပါဝင်တယ်။ ဒီမြစ်ကြီးတွေ ဖြတ်သန်းစီးဆင်းတဲ့ ၁၆ နိုင်ငံကတော့ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့ ဖြစ်ကြပါတယ်။

ဒီမြစ်တွေဟာ အဆိုပါ ၁၆ နိုင်ငံမှာ အသုံးပြုနေတဲ့ ရေအားလျှပ်စစ်ရဲ့ လေးပုံတစ်ပုံ၊ ကျောက် မီးသွေးသုံးဓာတ်အားထုတ်လုပ်မှုရဲ့ ၄၄ ရာခိုင်နှုန်းတို့ကို အထောက်အပံ့ပြုနေပါတယ်။

ဒီမြစ်ကြီး ၁၀ စင်းကနေ ထုတ်ယူနေတဲ့ လျှပ်စစ်စွမ်းအင်တွေဟာ အဓိကအားဖြင့် ရေကို အားပြုနေရတာကြောင့် စွမ်းအင်ပမာဏ ၈၆၅ ဂီဂါဝပ် (GW) အထိဟာ ရာသီဥတုပြောင်းလဲမှုဘေးဒဏ် ခံရလွယ်နေတယ်လို့ ဆိုပါတယ်။

ဂျပန်တစ်နိုင်ငံလုံးကို ဓာတ်အားပေးဖို့လုံလောက်တဲ့ပမာဏ ၃၀၀ ဂီဂါဝပ်ကျော် ထုတ်လုပ်မှုဟာ ရေအရင်းအမြစ်အန္တရာယ် ကြီးမားတဲ့ သို့မဟုတ် အလွန့်အလွန်ကြီးမားတဲ့ ဒေသတွေမှာ တည်ရှိနေတယ်လို့ သုတေသနပညာရှင်တွေက ဖော်ပြထားပါတယ်။

တရုတ်လူဦးရေ သုံးပုံတစ်ပုံဝန်းကျင် မှီတင်းနေထိုင်ရာ ယန်ဇီမြစ်ဝှမ်းဒေသဟာ ပြီးခဲ့တဲ့နှစ်က စံချိန်တင် မိုးခေါင်ခဲ့တာကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှု ကျဆင်းပြီး ကမ္ဘာ့ကုန်စည်စီးဆင်းမှုစနစ်ကိုပါ အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။

ဒီလို မိုးတာရှည်ခေါင်မှုကြောင့် တရုတ်အစိုးရက ကျောက်မီးသွေးသုံး ဓာတ်အားထုတ်စက်ရုံသစ်တွေကို ခွင့်ပြုပေးခဲ့ပြီး အနာဂတ်မှာ ရေအားလျှပ်စစ် ပြတ်တောက်ခဲ့ရင် ဖြေရှင်းနိုင်ဖို့ စီမံခဲ့ပါတယ်။ ဒါပေမဲ့ ဒီစက်ရုံတွေဟာလည်း ရေလိုအပ်တာကြောင့် တရုတ်၊ အိန္ဒိယမှာ အဆိုပါစက်ရုံတွေ ပိုများလာခြင်းဟာ ရေအခက်အခဲကို ထပ်တိုးဖြစ်ပေါ်စေပါလိမ့်မယ်။

ရာသီဥတုဖောက်ပြန်မှု တိုးလာနေတဲ့အတွက် ဒီနိုင်ငံတွေဟာ စွမ်းအင်နဲ့ ရေအခက်အခဲ ဖြေရှင်းနိုင်မယ့် မူဝါဒတွေ အဆောတလျင် ချမှတ်ဖို့ လိုအပ်နေကြောင်း သုတေသနပညာရှင်တွေက ပြောပါတယ်။

“စွမ်းအင် ဘယ်လိုထုတ်မလဲဆိုတာက ရေအရင်းအမြစ်‌အပေါ် အကျိုးသက်ရောက်နိုင်တယ်။ ရေမရှိရင် စွမ်းအင်ထုတ်လုပ်လို့မရဖြစ်မှာ ဆိုတော့ စွမ်းအင်ဖူလုံရေးဟာ ရေအရင်းအမြစ်အပေါ် မူတည်နေပါတယ်” လို့ ပညာရှင်တွေက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Asia water, energy supplies at risk as climate woes mount - research - Reuters

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်