မိုးအုံ့တဲ့နေ့တွေများလာမှုနဲ့ ငါးတွေသေလာတဲ့ပြဿနာ..

22/06/2023 14:43 PM တွင် Dr.AQUAs Dr.AQUAs မှ ရေးသား

ပထမဦးဆုံး ငါးကန်တွေမှာ အောက်ဆီဂျင်ကျရတဲ့အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်..

#ကန်ထဲကDissolve Oxygen (ပျော်ဝင်အောက်ဆီဂျင်) ကို ကျဆင်းစေတဲ့အချက်တွေက ဘာတွေလဲ?

၁။ ငါးထည့်နှုန်းများလို့/ ငါးကျပ်လို့

၂။ Phtoplankton Bloom ဖြစ်လို့ / ရေစိမ်းလွန်းလို့

၃။ ရာသီဥတုမကောင်းလို့ / မိုးအုံ့ပြီး နေရောင်ခြည်မရလို့

ပထမဆုံးအချက်ဖြစ်တဲ့ ငါးထည့်နှုန်းအကြောင်းနဲ့ ရေစိမ်းတိုင်းမကောင်းတဲ့အကြောင်းကို ပြောပြပေးသွားပါမယ် 

၁။ ငါးထည့်နှုန်းများလို့ Oxygen မလုံလောက်ခြင်း

ကန်တစ်ကန်မှာ / ကန်တစ်ဧကမှာ Carrying Capacity လို့ခေါ်တဲ့ ကန်တစ်ကန်ရဲ့ ခံနိုင်ဝန်ထက်ပိုတဲ့ ငါးပမာဏကို ထည့်မိတဲ့အခါ ကန်ထဲမှာရှိတဲ့ Oxygen ဟာ လုံလောက်မှုမရှိတော့တာမျိုးကို ဆိုလိုတာပါ။ 

၂။ ကန်ရေစိမ်းလွန်းလို့ အောက်ဆီဂျင်ကျခြင်း

ဒုတိယအချက်အနေနဲ့ကတော့ ကျမတို့ကန်တွေရဲ့ စိမ်းပျစ်နေတဲ့ရေထဲမှာရှိတဲ့ ရေညှိလေးတွေဟာ ညဘက်မှာ အောက်ဆီဂျင်ကို ပြန်သုံးတဲ့အပြင် အခြားသော အပင်တွေ၊ အကောင်တွေ၊ ပိုးမွှားခရုတွေ အစရှိတဲ့ အရာတွေကလည်း အောက်ဆီဂျင်ကို နေ့နေ့ညညသုံးစွဲပါတယ်။

အဲ့တော့ နေ့ဘက်မှာ ရေစိမ်းရင်စိမ်းသလောက် ညဘက်မှာ အောက်ဆီဂျင်ပြန်အသုံးပြုတဲ့နှုန်း အရမ်းများတဲ့အတွက် နေဝင်သွားတဲ့အချိန်ကစပြီး အောက်ဆီဂျင်ဟာ တဖြည်းဖြည်းလျော့နည်းလာပါတယ်။ မနက် ၃ နာရီအချိန်ကတော့ တနေ့တာလုံးရဲ့ အောက်ဆီဂျင်အနည်းဆုံးအချိန်ပါ။

အဲ့အချိန်မှာ နဂိုကတည်းက ငါးထည့်များတဲ့ကန်တွေမှာ Oxygen မရှိသလောက်ကို ဖြစ်သွားပြီး size (အရွယ်) ကြီးတဲ့ငါးတွေ စသေပါတော့တယ်။

၃။ ရာသီဥတုကြောင့် အောက်ဆီဂျင်ပြတ်လတ်နိုင်ခြင်း

နောက်ဆုံးအချက်ကတော့ အခုလက်ရှိရာသီဥတုလိုမျိုး မိုးတစ်နေကုန်အုံ့နေပြီး နေရောင်ခြည်ရဖို့ခက်ခဲ့တဲ့အချိန်တွေမှာ ကျမတို့ငါးမွေးကန်ထဲက Phytoplankton (သို့) ကန်ထဲကရေညှိလေးတွေဟာ အလင်းမှီစုအစာချက်လုပ်ခြင်းလို့ခေါ်တဲ့ နေစွမ်းအင်ကိုယူပြီး အစာချက်လုပ်တဲ့ Photosynthesis (ဖိုတိုဆင်သစစ်) ကို မလုပ်နိုင်လို့ အောက်ဆီဂျင်ထုတ်လုပ်ဖို့ခက်ခဲသွားပြီး နေမထွက်မချင်း ကန်ထဲကငါးတွေဟာ ပါးစပ်ဟစိဟစိနဲ့ရေပေါ်ပေါ်ပြီး အောက်ဆီဂျင်ရဖို့ အသက်ရှူဖို့ တော်တော်လေးကြိုးစားကြရပါတယ်။

အဲ့လို အချိန်အကြာကြီးနေရရင်တော့ Oxygen Sensitive (အောက်ဆီဂျင်တုန့်ပြန်မှုများ) ဖြစ်တဲ့ ငါးအမျိုးအစားတွေရယ် အရွယ်ကြီးတဲ့ငါးတွေရယ်ဟာ အောက်ဆီဂျင်ပြတ်ပြီး သေကြတော့တာပါပဲ။

အောက်ဆီဂျင်ပြတ်တဲ့ပြဿနာက ကြောက်စရာကောင်းပါတယ်။ ငါးရောဂါဖြစ်သလိုမဟုတ်ပါဘူး။ တစ်နေ့တည်းနဲ့ ရာချီထောင်ချီထိ သေနိုင်ပါတယ်။ အဲ့ဒါကြောင့်..

#မိုးအုံ့ပြီးနေရောင်ခြည်မရတဲ့အခြေအနေမျိုးမှာ အောက်ဆီဂျင်မပြတ်လတ်အောင် အတတ်နိုင်ဆုံး ဘာတွေလုပ်ထားသင့်လဲဆိုတာလေးပါ ပြောပြပေးသွားပါမယ်။ 

ကိုယ့်ကန်မှာ ငါးအရမ်းများနေတယ်/ ရေကလဲစိမ်းပြီး မနက်ဆိုငါးတွေပေါ်ပြီးအသက်ရှူနေရတယ်/ မိုးလည်းအုံ့တယ်/ နေရောင်တော်တော်နဲ့မရဘူး ဆိုရင် ဒါတွေချက်ချင်းလုပ်ပေးဖို့လိုအပ်ပါတယ်။ ငါး မသေလည်း ချက်ချင်းလုပ်ရပါမယ်။ ချက်ချင်းမလုပ်ရင် တရက်မဟုတ်တရက် ထသေနိုင်လို့ပါ။

၁။ အစာခဏဖြတ်ထားပါ / အပြင်ရေမောင်းပါ၊ ရသလောက်မောင်းပါ။ စီးနေတဲ့ရေရရင် ပိုကောင်းပါတယ်/ အောက်ရေလှယ်ထုတ်လို့ရရင် လှယ်ထုတ်ပစ်ပါ။

၂။ မောင်းတင်တဲ့ရေကို ရေပန်းပုံစံမျိုးဖြစ်အောင် လုပ်ပေးပါ/ တချို့အသင့်လုပ်ရောင်းတဲ့စက်တွေလည်း ရှိပါတယ်။ ဝယ်ရလွယ်ရင် ဝယ်ပြီးတပ်ဆင်ပါ။

၃။ ကန်ထဲမှာရှိတဲ့ အောက်ဆီဂျင်သုံးမယ့်အရာတွေကို တတ်နိုင်သမျှလျှော့ပါ။ Phytoplankton တွေ နည်းသွားအောင်လုပ်ပါ။

Algae Reducer တွေသုံးပါ။ ဗေဒါ/ ကန်စွန်းလိုတွေရှိရင် အကုန်ဆယ်ပစ်ပါ။

၄။ အောက်ဆီဂျင်ဆေးပြား/ ဆေးမှုန့်သုံးပါ။

ဒီနည်းကတော့ကန်ကြီးသမားတွေအတွက်တော့သိပ်မကိုက်ပါဘူး။ ကုန်ကျစရိတ်အရမ်းများပါတယ်။ ကန်သေး/ ကန်လတ်သမားတွေနဲ့ ငါးသေနှုန်းအရမ်းမြင့်ပြီး မဖြစ်မနေသုံးရမယ့်ကန်တွေဆိုရင်တော့ သုံးပေးရပါမယ်(လူတွေမှာဆို အသက်ကယ်ဆေးထိုးသလိုမျိုး / Oxygenစက်နဲ့ပေးရှူလိုက်သလိုမျိုးပါပဲ။ အရေးပေါ်အခြေအနေမှာသုံးလို့ရပါတယ်)

ခုပြောပြတဲ့ လေးနည်းစလုံးလုပ်နိုင်ရင် အောက်ဆီဂျင်ပြတ်လတ်တာကို ကာကွယ်ဖို့/ဖြေရှင်းဖို့ ပိုမြန်ပါမယ်။ ခုပြောပြတဲ့အချက်တွေထဲက ကိုယ်ချက်ချင်းမလုပ်နိုင်တဲ့အချက်ရှိရင်လည်း ကျန်တဲ့အချက်တွေထဲက ကိုယ်နဲ့အဆင်ပြေဆုံးဖြစ်မယ့်ဟာ အမြန်ဆုံးလုပ်လို့ရမယ့်အရာကို ရွေးပြီးမြန်မြန်သာလုပ်ပါလို့ မှာပါရစေရှင်။​

#အခက်အခဲတွေအကောင်းဆုံးကျော်ဖြတ်နိုင်ကြပါစေရှင်။

(Sharing by Dr.AQUAs FB page မှ ကူးယူဖော်ပြပါသည်)

မူရင်းလင့် >>> https://www.facebook.com/Dr.AQUAs/posts/pfbid0cDWbjNxNzeJh2145AVRmPDaMkNYHx39S2g2p8mp475AEE3a2wDfH45mefzTJgWbEl

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်