ကကတစ်ငါး စီးပွားဖြစ်မွေးမြူနည်းများ (လှောင်အိမ်စနစ်)

05/10/2022 15:49 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကကတစ်ငါး အသားတိုး မွေးမြူခြင်း

ကကတစ်ငါး အသားတိုးမွေးမြူခြင်းသည် ကကတစ် သားလောင်းများအား စျေးကွက်ဝင် အရွယ်ဖြစ်သော ၁၈ ကျပ်သားမှ ၂၅ ကျပ်သားအရွယ်သို့ ရောက်ရှိစေရန် မွေးကာလ ၃ လ မှ ၄ လကြာ မွေးမြူခြင်း ဖြစ်ပါသည်။ 

(၁) လှောင်အိမ်စနစ်ဖြင့် မွေးမြူခြင်း 

ကကတစ်ငါးကို လှောင်အိမ်စနစ်ဖြင့် မွေးမြူရာတွင် မွေးမြူမည့်နေရာအား အောက်ပါအချက်များကို သတိပြုရွေးချယ်ရန် လိုအပ်ပါသည်။

  • လှောင်အိမ်အား တပ်ဆင်ချထားမည့်နေရာသည် လှိုင်းဒဏ်၊ လေဒဏ်မှ အကာအကွယ်ရှိသော နေရာများ ဖြစ်သည့် ပင်လယ်အော်များ၊ ကမ်းစပ်ရေအိုင်များ၊ အကာအကွယ်ရှိသော ပင်လယ်ကွေ့များ(သို့မဟုတ်) ကုန်းတွင်းပင်လယ်များ ဖြစ်သင့်ပါသည်။
  • ရေစီးရေလာ ကောင်းမွန်သည့်နေရာ ဖြစ်သင့်ပါသည်။ သို့သော် ရေစီးကြမ်းသော နေရာများတွင် တည်ဆောက်ခြင်း မပြုသင့်ပါ။
  • ရေ၏အငန်နှုန်းသည် ၁၃ မှ ၃၀ ထောင်ခိုင်နှုန်းအတွင်း ရှိသင့်ပါသည်။
  • ဇီဝ-ညစ်ညမ်းမှုများ၊ လူသုံး-စက်မှုဆိုင်ရာ(သို့မဟုတ်) စိုက်ပျိုးရေးဆိုင်ရာ ညစ်ညမ်းမှုများနှင့် ကင်းဝေးသော နေရာဖြစ်သင့်ပါသည်။

လှောင်အိမ်တည်ဆောက်ပုံ

လှောင်အိမ်များသည် စီမံခန့်ခွဲမှု နှင့် ပြုပြင်ထိန်းသိမ်းမှု လွယ်ကူစေရန် မျက်နှာပြင်ဧရိယာ ၂၀၀ စတုရန်းပေမှ ၁၀၀၀ စတုရန်းပေခန့်အထိ ကျယ်ဝန်းသော စတုဂံပုံ(သို့မဟုတ်) စတုရန်းပုံများ ဖြစ်သင့်ပါသည်။

ငါး၏အရွယ်အစားပေါ်တွင် မူတည်ပြီး အပေါက်အရွယ်အစား ၂ စင်တီမီတာ မှ  ၈ စင်တီမီတာ အထိရှိသော ပေါ်လီအက်သလင်း (Polyethylene) ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ဆန်ခါ(ဇကာ)ပိုက်များကို အသုံးပြုသင့်ပါသည်။

 လှောင်အိမ်တည်ဆောက်ပုံ(၂) မျိုး ရှိပါသည်။ ၄င်းတို့မှာ-

(က) ရေပေါ်လှောင်အိမ်အမျိုးအစား (Floating cage)

  1. အထက်တွင် ဖော်ပြထားခဲ့သည့်အတိုင်း ရေပေါ်လှောင်အိမ်အမျိုးအစားတွင် ဆန်ခါပိုက်အား သစ်သား (သို့မဟုတ်) ပလတ်စတစ်ရေပိုက်(GI pipe)သို့မဟုတ် ဝါးလုံးများဖြင့် ပြုလုပ်ထားသော အမာခံ (frame) တွင် တပ်ဆင်ထားပြီး ပလတ်စတစ်စည်ပိုင်း၊ ဖော့တုံး(styrofoam drum) ၊ ဝါးပိုးဝါး စသည်တို့ဖြင့် ရေပေါ် ပေါ်နေစေရန် ထောက်ပံ့ထားပါသည်။
  2. အမာခံထောင့်များတွင် ကွန်ကရစ်တုံး(သို့မဟုတ်) ကျောက်များဖြင့် ကျောက်ချ ချည်နှောင်ထားရပါသည်။ 
  3. စီမံခန့်ခွဲမှုဖြင့် ပြုပြင်ထိန်းသိမ်းမှု အကောင်းဆုံး အရွယ်အစားမှာ ရေတန် ၅၀ ဆံ့သည့် အလျား ၁၅ ပေ၊ အနံ ၁၅ ပေ နှင့် အနက် ၆ ပေရှိ လှောင်အိမ်များ ဖြစ်ပါသည်။ 
  4. ၄င်းအရွယ်အစားရှိသည့် ဇကာပိုက်အိတ်များသည် မွေးကာလအတွင်း အညစ်အကြေး အနယ်ဖတ်များ ဖြင့် ပိတ်ဆို့နေသော ဇကာပိုက်အိတ်အား ဇကာပိုက်အိတ်အသစ်ဖြင့် လဲလှယ်တပ်ဆင်ရာတွင် လွယ်ကူမှုရှိပါသည်။ 

(ခ) အခြေစိုက်ပုံစံ လှောင်အိမ်အမျိုးအစား

အခြေစိုက်ပုံစံ လှောင်အိမ်အမျိုးအစားတွင် လှောင်အိမ်၏ ထောင့် ၄ထောင့်အား အောက်ခြေ မြေသား အတွင်း စိုက်သွင်းထားသော သစ်သား(သို့မဟုတ်) ဝါးလုံးတိုင်များတွင် အသေတပ်ဆင်ထားပါသည်။ ၄င်းလှောင်အိမ်အမျိုးအစားအား ရေတိမ်သော နေရာဒေသများတွင် အသုံးပြုကြပါသည်။

ငါးထည့်သွင်းမွေးမြူနှုန်း

  • ကကတစ်ငါးအား လှောင်အိမ်စနစ်ဖြင့် အသားတိုးမွေးမြူရာတွင် အများအားဖြင့် ၃ ပေပတ်လည် ဧရိယာတွင် ကကတစ်ငါးအကောင် ၄၀ မှ ၅၀ နှုန်း စတင်ထည့်သွင်း မွေးမြူလေ့ရှိပါသည်။
  • မွေးကာလ ၂ လ မှ ၃ လ အကြာတွင် ငါးများသည် ၉ ကျပ်သား မှ ၁၂ ကျပ်သားအရွယ်သို့ ကြီးထွားလာချိန်တွင် ထည့်သွင်း မွေးမြူနှုန်းအား ၃ ပေ ပတ်လည်ဧရိယာတွင် ငါး ၁၀ ကောင်မှ အကောင် ၂၀ ခန့်သို့ လျှော့ချမွေးမြူလေ့ရှိပါသည်။
  • ကကတစ်မွေးမြူသူများအနေဖြင့် ကကတစ်ငါးအား အရွယ်အစားအလိုက် ခွဲခြားပြီး မွေးမြူနိုင်ရန် အပိုလှောင်အိမ်များလည်း တည်ဆောက်တပ်ဆင်ထားရန် လိုအပ်ပါသည်။

ဆန်ခါပိုက်အား စစ်ဆေးခြင်း

  • ဆန်ခါပိုက်အိတ်များအား ပေါက်ပြဲခြင်း၊ အညစ်အကြေးများဖြင့် ပိတ်ဆို့နေခြင်းများ မရှိစေအောင် ပုံမှန်စစ်ဆေးပေးရန်နှင့် သန့်ရှင်းပေးရန် လိုအပ်ပါသည်။
  • လိုအပ်ပါက ဆန်ခါပိုက်အိတ်အသစ်ဖြင့် လဲလှယ်တပ်ဆင်ပေးရမည်ဖြစ်ပါသည်။
  • ဆန်ခါပိုက်အိတ်များတွင် အညစ်အကြေးများ ပိတ်ဆို့နေပါ က ရေစီးရေလာ မကောင်းတော့သည့်အတွက် ရေ၏အရည်အသွေးကျဆင်းကာ ပျော်ဝင်အောက်ဆီဂျင်လျော့နည်းမှု ဖြစ်လာမည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ငါးများ၏ ကျန်းမာရေးနှင့် အစာစားနှုန်း ကျဆင်းကာ ကြီးထွားမှု နှေးကွေးလာမည် ဖြစ်ပါသည်။ 

အစာကျွေးနှုန်း

  • အစာအနေဖြင့် ငါးနုတ်၊ ငါးဖွဲများအား တစ်နေ့လျှင် ၂ ကြိမ် ကျွေးမွေးပေးရန် လိုအပ်ပါသည်။
  • ပထမ ၂ လတွင် မွေးမြူထားသော ငါးအလေးချိန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းအားနေ့စဥ်ကျွေးမွေးလေ့ရှိပြီး နောက်ပိုင်းလများတွင် ငါးများစားနိုင်သလောက်သာ ကျွေးမွေးလေ့ ရှိပါသည်။

(အပိုင်း-၃တွင် ကန်ဖြင့်မွေးမြူနည်း၊ ကန်အတွက် ရေ၏အရည်အသွေး၊ သားပေါက်ထည့်သွင်းနှုန်း စသည်တို့ကို ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်