ကုန်ဈေးနှုန်းအချို့ထပ်တက်ခြင်းအကြောင်းသာဖြစ်၍ သတင်းမဟုတ်ပါ..

30/08/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဆန်ဈေးအချို့ ဆက်တက်သည်။ ဆီဈေးများ ပြန်တက်သည်။ ကြက်သွန်ဈေးများ ထပ်တက်သည်။ ပဲနှမ်းဈေးများလည်း ပိုတက်သွားသည်။

သို့သော် ကုန်ဈေးနှုန်းတက်ခြင်းဆိုသည်မှာ အများအတွက် သာမန် မထူးဆန်းတော့သည့်ကိစ္စလို ဖြစ်လာ၍ သတင်းမဟုတ်တော့ပါ။ အာလူးကတော့ နည်းနည်းဈေးပြန်ကျသည်။ ထို့ကြောင့် သူကတော့ သတင်းနည်းနည်းဖြစ်သည်ဟု ပြောရမည်ဖြစ်သည်။

ကြက်သွန်နီဈေးမှာ ရန်ကုန်ဘုရင့်နောင်ဈေးကွက်အဖြတ်ဈေးပင် ကျပ် ၃၀၀၀ ထိ ယနေ့ရောက်သွားပြီဖြစ်ပါသည်။

အောက်ဖော်ပြပါဈေးနှုန်းများသည် သိရုံသက်သက်သာ ဖော်ပြခြင်းဖြစ်ပြီး သတင်းအဖြစ် ဖော်ပြ ခြင်းမဟုတ်ပါ။ 

ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကြက်သွန်နီဈေးနှုန်းများ (ဩဂုတ် ၃၀ ရက်)

  • ကြက်သွန်နီ - ဆိပ်ဖြူရှယ်(သစ်) ( ၁ ပိဿာ) - ၃၀၀၀ ကျပ်
  • ကြက်သွန်နီ - ဆိပ်ဖြူလတ်ကြီး ( ၁ ပိဿာ) - ၃၀၀၀ ကျပ်
  • ကြက်သွန်နီ - ဆိပ်ဖြူလတ်သန့် ( ၁ ပိဿာ) - ၂၉၀၀ ကျပ်
  • ကြက်သွန်နီ - ဆိပ်ဖြူလတ်ချော ( ၁ ပိဿာ) - ၂၄၀၀ ကျပ်

ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကြက်သွန်ဖြူဈေးနှုန်းများ (ဩဂုတ် ၃၀ ရက်)

  • ကြက်သွန်ဖြူ (ကြူကုတ်ရှယ် ) (၁ ပိဿာ) - ၄၄၀၀ ကျပ် 

ကြက်သွန်ဖြူ (အောင်ပန်းထူး -၂ ၊ အောင်ပန်းထူး - ၃၊ အောင်ပန်းထူး - ၄၊ အောင်ပန်းထူး - ၅) ဈေးများကတော့ ပြီးခဲ့သည့်အပတ်ကဈေးအတိုင်း တစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ ၃၀၀၀၊ ၃၆၀၀၊ ၄၀၀၀ ကျပ် အသီးသီး ဆက်ရှိနေပါသည်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက် ပဲဈေးနှုန်းများ (ဩဂုတ် ၃၀ ရက်)

  • ကုလားပဲဖြူလုံး -  (၁ ပိဿာ) - ၃၁၆၅ - ၃၂၅၀ (ဈေးမပြောင်း)
  • ကုလားပဲဖြူလုံးကြီး - (၁ ပိဿာ) - ၃၃၃၀ - ၃၅၀၀ (ဈေးမပြောင်း)
  • စားတော်ပဲလုံး - (၁ ပိဿာ) - ၆၈၃၀ - ၆၈၃၅ (၅၀၀ ကျပ်ဈေးတက်)
  • စွန်တာနီ၊ပြာ - (၁ ပိဿာ) - ၂၅၂၀ - ၂၆၁၀ (ဈေးမပြောင်း)
  • ထောပတ်ပဲ - (၁ ပိဿာ) - ၂၃၄၅ - ၂၆၁၀ (ဈေးမပြောင်း)
  • ပဲကြီး(ရွှေကျွန်း) - (၁ ပိဿာ) - ၄၄၂၀ - ၄၆၀၅ (ဈေးမပြောင်း)
  • ပဲတီစိမ်း(ခရမ်းရွှေဝါ) - (၁ ပိဿာ) - ၂၈၃၀ - ၃၀၀၀ (၃၀ - ၁၆၅ ကျပ် ဈေးတက်)
  • ပဲတီစိမ်း(ပဲခူးရွှေဝါ) - (၁ ပိဿာ) - ၂၆၁၅ - ၂၇၅၀ (၁၁၅ ကျပ် ဈေးတက်)
  • ပဲတီစိမ်း(ဝါးခယ်မ) - (၁ ပိဿာ) - ၂၄၁၅ - ၂၅၀၀ (၈၅ - ၁၃၀ ကျပ် ဈေးတက်)

(ပြီးခဲ့သည့်အပတ်သောကြာနေ့ (ဩဂုတ် ၂၆ ရက်) က ဈေးနှုန်းများနှင့် နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်ပါသည်။)

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

(နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်