ဆောင်းရာသီမှာဝေဆာစွာပွင့်တဲ့ ဒင်္ဂါးပန်းလေးများ

11/11/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒင်္ဂါးပန်း ၊ ကြယ်ပန်း၊ စိန်ခြယ်ပန်း

   ဆောင်းရာသီရောက်မှ ပွင့်သော ပန်းလေးတွေထဲမှာ ဒင်္ဂါးပန်းလေးတွေလည်းပါတယ်။ စက်တင်ဘာလ လောက်ကနေ ဇန်နဝါရီအထိ မနားတန်းပွင့်ကြတယ်။ သာမန်အချိန်မှာ မသိသာလှပေမဲ့ ပန်းပွင့်ချိန်မှာတော့ အတော်ကိုလှပါတယ်။ တခါတလေ အခင်းလိုက်ကြီး ပွင့်ကြတယ်။

   အများစုက ပေါင်းပင်သာသာဖြစ်ပေမယ့် အသုံးဝင်သောအပင်လေးတွေဆိုတာ သိသူနည်းလှတယ်။ အင်ဒိုနီးရှားမှာ နုသော ပင်စည်တွေကို ဟင်းလျာအနေနဲ့ ချက်ပြုတ်စားကြတယ်၊ lalab or gudang လို့ခေါ်တယ်။ အပင်ကနေ လိမ္မော် အဝါ ဆိုးဆေးကို ထုတ်ယူရနိုင်တယ်။

   ထိုင်းမှာ အသုပ်လို သုပ်စားသလို လက်ဘက်ရည်လို herbal tea အဖြစ်သောက်ကြတယ်၊ ဆေးဖက်ဝင်ပြီး  pancreatic lipase ဖြစ်ခြင်းကို ဟန့်တားနိုင်တယ်။ ယူကရိမ်းနိုင်ငံမှာ ပေါင်မုန့်တွေဖုတ်တဲ့အခါ  ဒင်္ဂါးပန်းရဲ့  10% dry extract ထည့်ပြီးသုံးခဲ့ကြတယ်။ 

   ပွင့်ပြီးရင် ပျောက်ကွယ်သွာတတ်တဲ့ပန်းလေးတွေပါ။ အပင်ပေါ်မှာပဲ လှပြီး ခူးလိုက်ရင် ခဏနဲ့ညှိုးတတ်တာပါ။ အရိုင်းက ပွင့်ချပ် တစ်ထပ်ဖြစ်သော်လည်း စပ်မျိုးများကတော့ တစ်ထပ်ထက် ပိုပါတယ်။ 

ကိုသက်နိုင်ဦး

ဟုမ္မလင်း

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်