Covid-19 ဖြစ်စဉ်ကြောင့် လယ်ယာစိုက်ပျိုးရေးအပေါ် ထိခိုက်မှု လျော့ချရေး ဆွေးနွေးပွဲ တစ်ရပ်ကို မေလ ၂၇ ရက်က ကျင်းပခဲ့ကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတွေ လျော့ကျမသွား ဖို့အတွက် ဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ တောင်သူတွေ ပူးပေါင်း ဆောင်ရွက်တာမျိုးတွေကို ယခင်ကထက် မြှင့်တင်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အခြောက်ခံစက်နဲ့ သိုလှောင်ရုံတွေ တည်ဆောက်တဲ့ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။
လယ်ယာကဏ္ဍအတွက် လိုအပ်နေသည့် သွင်းအားစုများနှင့်နည်းပညာများကို တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဆည်ရေအသုံးပြုမှုနှင့် ပတ်သက်သည့် ကဏ္ဍများတွင် ရေအသုံးချသူအသင်းနှင့် ရေအသုံးချသူ အဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို မတ်လ ၂၇ ရက်က နေပြည်တော် ရုံးအမှတ် ၁၅ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နန်းထက်ထက်ချစ် (ABM)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator