နို့စားနွားများ နွေရာသီအပူဒဏ်မှသက်သာစေရန် အာဟာရဗေဒဖြင့် စီမံခန့်ခွဲနည်း(၁)

03/03/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

နွားများအပူဒဏ်ခံစားရမှုမှ လျော့ကျစေရန် ပတ်ဝန်းကျင်နှင့် အာဟာရကိုစီမံခန့်ခွဲနိုင်သည်။

ထို့ကြောင့် အပူဒဏ်ခံစားရခြင်းမှ သက်သာစေရန် ပတ်ဝန်းကျင်စီမံခန့်ခွဲသည့်နည်းကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Cow_heat_stress

အာဟာရဖြင့် စီမံနိုင်သည့်နည်းများတွင် 

(၁) ရေ

ရာသီဥတုပူပြင်းနေချိန်တွင် သန့်ရှင်းအေးမြသောရေ လုံလုံလောက်လောက် ဖန်တီးပေးထားခြင်းအားဖြင့် နွားများ၏ အစာစားနှုန်း မကျစေရန် ထိန်းထားနိုင်ပါသည်။ ရာသီဥတုပူပြင်းနေချိန်တွင် နွားတစ်ကောင်သည် တစ်နေ့ ရေ ၁၅၀ - ၂၀၀ လီတာခန့် သောက်သုံးနိုင်ရန် လိုအပ်ပါသည်။

(၂) စွမ်းအင်ဓာတ်

ရာသီဥတုပူပြင်းလာချိန်တွင် အစာစားနှုန်း ကျဆင်းသွားသောကြောင့် စွမ်းအင်ဓာတ်ရရှိမှုလည်း လျော့နည်းသွားပါသည်။ အထူးသဖြင့် နို့ထုတ်လုပ်မှုမြင့်သော အချိန်နှင့် အပူဒဏ်ခံစားနေရသော အချိန်တွင် စွမ်းအင်ဓာတ်ရရှိမှုသည် အခြားစွမ်းအင်များထက် ပိုမိုအရေးကြီးပါသည်။ ထိုအချိန်များတွင် စွမ်းအင်ဓာတ်ရရှိမှု လျော့နည်းသွားလျှင် နို့ထုတ်လုပ်မှုလည်း ကျဆင်းသွားနိုင်သောကြောင့် စွမ်းအင်ဂာတ်ပိုမိုပြည့်ဝသော အစာများ ဖန်တီးပေးထားရန် လိုအပ်ပါသည်။ ကျွေးသောအစာထဲတွင် အစာနုပမာဏ ပိုထည့်ပြီး အစာကြမ်းပမာဏ လျှော့ချခြင်းအားဖြင့် ယင်းအစာထဲတွင် စွမ်းအင်ဓာတ်ပိုမို ပါဝင်နိုင်ပါသည်။ သို့သော်အစာနုကို စုစုပေါင်းအစာပမာဏ (အခြောက်ဓာတ်) ၏ ၅၅ - ၆၀ ရာခိုင်နှုန်းထက်ပို၍ ကျွေးလျှင် နို့တွင်းအဆီပမာဏလျော့ကျနိုင်သည့်အပြင် အစာအိမ်အတွင်း အက်ဆစ်ဓာတ်များခြင်းနှင့် ယင်း၏နောက်ဆက်တွဲအဖြစ် ခြေလက်နာခြင်းဖြစ်ပွားနိုင်ခြင်း၊ အစာအာဟာရအသုံးချနိုင်စွမ်း လျော့နည်းခြင်း စသည်တို့ဖြစ်နိုင်ပါသည်။

(၃) အစာတွင်ပါဝင်သော အဆီဓာတ်

နွေရာသီပူပြင်းချိန် အစာစားနှုန်းကျနေစဉ်တွင် အစာထဲတွင် အဆီဓာတ် ပိုမိုဖြည့်စွက် ကျွေးခြင်းအားဖြင့်လည်း စွမ်းအင်ဓာတ်ကို ပိုမိုရရှိစေနိုင်ပါသည်။ အဆီဓာတ်သည် ကစီဓာတ်ထက် စွမ်းအင်ဓာတ်ရရှိမှုတွင် ၂.၂၅ ဆခန့် ပိုများပါသည်။ ထို့ကြောင့် အစာထဲတွင် အဆီဓာတ်ဖြည့်စွက် ကျွေးခြင်းဖြင့် စွမ်းအင်ဓာတ် ပိုမိုရရှိသည့်အပြင် အစာချေဖျက်ခြင်းမှ ထွက်ရှိသော အပူဓာတ်များကိုလည်း လျှော့ချနိုင်ပါသည်။ ထို့အပြင် နို့တွင်းအဆီဓာတ်ကိုလည်း တိုးစေနိုင်ပါသည်။ သို့သော်လည်း အဆီဓာတ်သည် အစာထဲတွင် စုစုပေါင်းအစာပမာဏ (အခြောက်ဓာတ်)၏ ၅ -၇ ရာခိုင်နှုန်းထက် ပိုလျှင် နွားများ၏ အစာချေဖျက်နှုန်း ကျဆင်းနိုင်ပါသည်။

(၄) အသားဓာတ်

နွေရာသီ အစာစားနှုန်း ကျဆင်းသောကြောင့် နွားများရရှိသော အသားဓာတ် ပမာဏသည်လည်း လျော့နည်းတတ်ပါသည်။ ထို့ကြောင့် ကျွေးသောအစာထဲတွင် အသားဓာတ်ပမာဏ ပိုမိုပါဝင်ရန် လိုအပ်ပါသည်။ အသားဓာတ်လိုအပ်ချက်ကို တွက်ချက်ရာတွင် အစာထဲတွင် ပါဝင်သော ရာခိုင်နှုန်းထက် စုစုပေါင်းပါဝင်သင့်သော ပမာဏ (ပေါင်/ ကီလိုဂရမ်) ဖြင့်တွက်ချက်ရန် လိုအပ်ပါသည်။

(၅) အမျှင်ဓာတ်

နွားများ၏ အစာအိမ် ပုံမှန်လုပ်ငန်းစဉ်များအတွက် အမျှင်ဓာတ်သည် အလွန်အရေးကြီးပါသည်။ သို့သော် အစာကြမ်း (အမျှင်ဓာတ်) ကိုချေဖျက်ပြီး ထွက်လာသော အပူဓာတ်ပမာဏထက် ပိုများပါသည်။ ပတ်ဝန်းကျင် အပူချိန်မြင့်တက်နေသည့်အပြင် အမျှင်ဓာတ်များသော အစာကိုစားရလျှင် နွားများအပူဒဏ်ကို ပိုမိုခံစားရတတ်ပြီး အစာစားနှုန်းလည်း ပိုကျဆင်းတတ်ပါသည်။ ထို့ကြောင့် နွေရာသီတွင် အရည်အသွေးမြင့်သော အစာကြမ်းများ ကျွေးခြင်းအားဖြင့် အစာပမာဏအနည်းဆုံးနှင့် လိုအပ်သော အာဟာရကို ရရှိနိုင်မည်ဖြစ်သည်။ သို့သော် အစာအိမ်၏ ပုံမှန်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အမျှင်ဓာတ်သည် အစာထဲတွင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် ပါဝင်နိုင်ရန် လိုအပ်ပါသည်။

ကျန်ရှိနေသာ အချက်များကို အပိုင်း-၂ တွင်ဆက်လက်ဖော်ပြပါဦးမည်။

ဒေါက်တာ မင်းအောင်ရေးသားသော "နို့စားနွားမွေးမြူရေး စီမံခန့်ခွဲမှုများ"မှ  ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်