မတ်ပဲ
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးမြင့်တက်ပေမယ့် တစ်ပတ်အတွင်းမှာတော့ ဈေးအတက်အကျ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင်း မတ်ပဲဈေးမြင့်တက်မှုကြောင့် CNF ဈေးနှုန်းတွေပါ မြင့်တက်လာပြီး ပြည်တွင်းဈေးပါ အနည်းငယ်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ FAQ/RC က တစ်တန်ကို ၂၂၉၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၈၅၀၀၀ ကျပ် ဈေးပြန်မြင့်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ မတ်ပဲအဟောင်းတွေ တစ်အိတ်ကို ၂၁၅၀၀၀ ကနေ ၂၂၀၀၀၀ ကြားပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၅၂၀၀၀ ကနေ ၆၂၀၀၀ ကြားရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တင်းကို ၄၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။
အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊ ပြည်တို့မှာလည်း တစ်တင်းကို ၇၀၀၀၀ ကနေ ၇၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၃၀၀၀လောက် ဈေးတက်လာပါတယ်။
ဈေးကွက်ထဲ အသစ်တွေလည်း အနည်းငယ်ဝင်ရောက်နေပါတယ်။ ဒါပေမဲ့ ဒီအသစ်တွေက အဝင်ရှိ သလောက် အဝယ်ရှိနေပေမယ့် ဈေးကတော့ အနည်းငယ်လျော့နည်းပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကျဆင်းသွားပါတယ်။ တစ်ပတ်အတွင်းလည်း အကျဈေးဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ ပြည်ပတင်ပို့မှုက ပုံမှန်ရှိပေမယ့် ပြည်တွင်းဝယ်ယူမှုကတော့ လက်ကျန်မရှိတဲ့အတွက် အရောင်းအဝယ်မရှိ ဈေးကျဆင်းနေတာဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာတော့ ပဲစင်းငုံနီ တင်သွင်းတာနဲ့ပတ်သက်ပြီး လုပ်ဆောင်နေကြပါတယ်။ အာဖရိကကနေ မကြာခင်တင်သွင်းတော့မှာဖြစ်ပေမဲ့ ဈေးက မျှော်မှန်းထားသလောက်တော့ ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ အိန္ဒိယကုန်သည်တွေက သုံးသပ်ထားကြောင်း အိန္ဒိယသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၁၃၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၀၀၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။
အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊ အောင်လံဈေးကွက်၊ မုံရွာဈေးကွက်နဲ့ ပြည်ဈေး ကွက်တို့မှာ ပဲစင်းငုံနီတစ်တင်းကို ၉၈၅၀၀ ကနေ ၁၀၀၀၀၀ ကြား ပေါက်ဈေးရှိနေပြီး ၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်ထဲ ထိပ်စတွေ အဝင်မရှိဘဲ ဈေးကျဆင်းသွားပေမဲ့ နယ်ဈေးကွက် တွေမှာတော့ ပဲတီစိမ်းအသစ် ( အညာ)တွေ ဈေးကွက်ထဲဝင်နေပြီး ဈေးငြိမ်နေပါတယ်။
အသစ်တွေ အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပဝယ်လက်တွေ ရှိပေမဲ့ နည်းနေတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ခရမ်းရွှေဝါက တစ်ပိဿာကို ၃၃၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ဈေးတွေကျဆင်းသွားပါတယ်။ ဝါးခယ်မကတော့ တစ်ပိဿာကို ၂၅၈၀ ကနေ ၂၉၂၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၇၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပေမဲ့ နေ့စဉ် အရောင်းအဝယ်ပေါ်မူတည်ပြီး ၃၀၀၀ ကနေ ၅၀၀၀ ကြား ဈေးအတက်အကျ ရှိနေ ပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းကြီးက တစ်တင်းကို ၄၅၀၀၀ မှ ၅၅၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။
ငရုတ်
ငရုတ်ဈေးကတော့ အတက်ဈေးဖြင့် ဈေးငြိမ်နေရာမှ ပြန်ပြီး ဈေးပြန်ကျဆင်းလာပါတယ်။ ဈေးကွက်ထဲကို အသစ်တွေ အဝင်များလာတဲ့အတွက်ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ ထိုင်းတင်ပို့မှုမှာလည်း လမ်းကြောင်းအခြေအနေအရ တင်ပို့မှု နည်းနေတယ်လို့သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
