ဆိုက်ဘာရာဇဝတ်မှု(Cyber Crime)နှင့် လူမှုမီဒီယာ (အပိုင်း − ၁)

02/07/2023 11:00 AM တွင် Okkar Okkar မှ ရေးသား

မင်္ဂလာပါ

စာဖတ်သူတို့နေကောင်းကျန်းမာကြမယ်လို့မျှော်လင့်ပါတယ်။ ရှေးအပတ်တွေတုန်းက ဝေမျှခဲ့တဲ့ Facebook ကိုလုံခြုံစွာအသုံးပြုနည်း တွေကို ဖတ်ပြီးလိုက်လုပ်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်။

ဒီအပတ်မှာတော့ စာဖတ်သူတို့ကို ဝေမျှပေးမယ့် အကြောင်းအရာကတော့ ဆိုက်ဘာရာဇဝတ်မှု (Cyber Crime အကြောင်းနဲ့ လူမှုမီဒီယာပေါ်က ရာဇဝတ်မှုများ ဘဲဖြစ်ပါတယ်။ အောက်မှာ ဆက်ပြီးတော့ ဖတ်ကြည့်ကြပါဦးနော်။ 

အရင်ဆုံး ဆိုက်ဘာရာဇဝတ်မှု(Cyber Crime) ဆိုတာကို အရင်ဆုံးရှင်းပြပါ့မယ်။ အင်တာနက်အပေါ်ခင် ကာလများမှာ ဆိုက်ဘာရာဇဝတ်မှုဆိုတဲ့ စကားလုံးက လူသိအလွန်နည်းပါတယ်။  ၁၉ ရာစုနှောင်းပိုင်း နဲ့ ၂၀ ရာစုမှာ အင်တာနက်အသုံးပြုမှု ကမ္ဘာပေါ်မှာ များပြားလားပြီး ရာဇဝတ်မှုကျူးလွန်သူများက အင်တာနက်ပေါ်ကို ရောက်ရှိလာချိန်ကစပြီး ဆိုက်ဘာရာဇဝတ်မှု(Cyber Crime) ဆိုတာကို သတိပြုမိလာ ကြတာပါ။ ဆိုက်ဘာ (Cyber) ဆိုတဲ့စကားလုံးက ကွန်ပျူတာ၊ သတင်းအချက်အလက်ဆိုင်ရာနည်းပညာနှင့် အင်တာနက်ဆိုင်ရာ ဗန်းစကားဖြစ်ပါတယ်။ ရာဇဝတ်မှုဆိုတာကတော့ ဥပဒေနှင့်မလွတ်ကင်းသော လှုပ်ရှားမှုတွေကိုပြောတာပါ။ အဲ့တော့  ဆိုက်ဘာရာဇဝတ်မှု(Cyber Crime) ဆိုတာ  အင်တာနက်ကို တဆင့်ခံပြီး ကျူးလွန်ကြသော ရာဇဝတ်မှု အရိုးရှင်းဆုံး မှတ်ထားနိုင်ပါတယ်။ ဒါကြောင့် ဆိုက်ဘာရာဇဝတ်မှု(Cyber Crime) မှာ အင်တာနက်၊ ကွန်ပျူတာ နဲ့ အခုခေတ်ကာလများမှာတော့ မိုဘိုင်းဖုန်းများပါဝင်လာပါတယ်။

Cyber Crime and the Victimization of Women စာအုပ်ကိုရေးသားခဲ့တဲ့ Dr.Debarati Halder နဲ့ Dr. K. Jaishankar တို့ကတော့ ဆိုက်ဘာရာဇဝတ်မှုဆိုတာ လူတစ်ဦး (သို့) အဖွဲ့စည်းတခုခုမှ ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခံရသူအား ဂုဏ်သိက္ခာပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကိုပါ ထိခိုက်စေရန် အင်တာနက်ကဲ့သို့ ခေတ်မီဆက်သွယ်ရေးကွန်ယက်များ ဥပမာ အင်တာနက်( Chat room များ၊ Email များ၊ Social media များ)နှင့် မိုဘိုင်းဖုန်းများကို အသုံးပြု၍ ပြုလုပ်ခြင်းဟု သတ်မှတ်သည်။

ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ခြင်းပုံစံတွေကို အမျိုးအစားအများအပြားခွဲခြားနိုင်ပါတယ်။ အဓိအားဖြင့် လူတစ်ဦးချင်းကိုကျူးလွန်ခြင်း၊ အချက်အလက်များအပေါ်ကျူးလွန်ခြင်းနှင့် အစိုးရအပေါ် ကျူးလွန်ခြင်းတို့ဘဲဖြစ်ပါတယ်။

  • တစ်ဦးချင်းအပေါ်ကျူးလွန်ခြင်း − တဦးချင်းအပေါ်ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ခြင်းပုံစံမှာတော့ အွန်လိုင်းပေါ်မှနောက်ယောင်ခံလိုက်ခြင်း (Cyber Stalking)၊ ညစ်ညမ်းဓာတ်ပုံများနှင့်စာများဖြန့်ဝေခြင်း၊ အွန်လိုင်းကိုအသုံးပြု၍ လူကုန်ကူးရန် ကြိုးစားခြင်း ပုံစံတို့ပါဝင်ပါတယ်။ ဒီလိုပုံစံဆိုင်ဘာရာဇဝတ်မှု များဟာ ကမ္ဘာမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။
  • အချက်အလက်များအပေါ်ကျူးလွန်ခြင်း − အိမ်တစ်အိမ်ကို ပစ္စည်းများ ဝင်ရောက်ခိုးယူသကဲ့သို့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူခြင်းဟာလဲ အန္တရာယ်အလွန်များသော ဆိုင်ဘာရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပါတယ်။ လူတစ်ဦးချင်းမှစ၍ အဖွဲ့အစည်းများအထိ အချက်အလက်များ ခိုးယူခံရခြင်းဟာ ယနေ့အချိန်မှာ အချက်အလက်ခိုးယူခံရခြင်းကို ကာကွယ်ဖို့ လုပ်ဆောင်နေကြရပါတယ်။
  • အစိုးရအပေါ်ကျူးလွန်ခြင်း − အစိုးရကိုဆန့်ကျင်သော ဆိုင်ဘာရာဇဝတ်မှုများမှာ အစိုးရ၏လျို့ဝှက် အချက်အလက်များကိုခိုးယူကာ အများသို့ဖြန့်ဝေခြင်း၊ တခြားနေရာများသို့ရောင်းချခြင်းဖြင့် ကျူးလွန်ကြပါတယ်။
  • နောက်အပတ်မှာ ဆိုက်ဘာရာဇဝတ်မှု(Cyber Crime)နှင့် လူမှုမီဒီယာ (အပိုင်း − ၂ ) ကို ဆက်လက်ဖတ်ရှုကြပါလို့။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်