နို့ပေး နွားမနှင့် နို့ခမ်းနွားမအတွက် စွမ်းအင်နှင့်အစာ လိုအပ်ချက်

04/06/2018 11:59 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခန္ဓာကိုယ် အလေးချိန် (၅၅၀ ကီလိုဂရမ်) ရှိသော နို့ပေးနွားမသည် မွေးဖွားရန် ရက်သတ္တပတ်ပေါင်း (၁၂) ပတ် လိုအပ်လျက်ရှိပြီး ယခုအချိန်ထိ နွားနို့ ၆ ပိဿာ (သို့) ၉.၆ လီတာ ထွက်ရှိ သည်။ ထို နွားမကို ကျွေးရန်အစာတွင် စွမ်းအင် မည်မျှ လိုအပ်မည်နည်း။ 

• ခန္ဓာကိုယ်ရှင်သန်ရန် အမှန်တကယ်လိုအပ်သော စွမ်းအင် ပမာဏ(Maintenance )တွက် လိုအပ်သော စွမ်းအင်ပမာဏ =   ၆၃ MJME

• နို့ (၆) ပိသာ ထွက်ရှိရန် လိုအပ်သော စွမ်းအင်ပမာဏ= နို့ ၆ x ၉.၃ = ၅၅.၈ MJME

• ကိုယ်ဝန်ဆောင်ကာလ (၁၂) ပတ်တွက် လိုအပ်သော စွမ်းအင်ပမာဏ = ၁၃ MJME

စုစုပေါင်း လိုအပ်သော စွမ်းအင်ပမာဏ = ၁၃၂ MJME/ရက်

၎င်းနွားမကို CP ၀၀၆ စပ်စာ  ၄ ကီလိုဂရမ် စတင်ကျွေးမွေးနေ ပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သော စွမ်းအင် အတွက် မွန်ဘားစားမြက် မည်မျှ ကျွေးမွေးရန် လိုအပ်ပါသနည်း။ (မွန်ဘားစားမြက်တွင်ပါဝင်သော အသားဓာတ်ပမာဏ (၈.၅ ရာခိုင်နှုန်း)၊ အစိုဓာတ် (၂၀ ရာခိုင်နှုန်း)

• CP ၀၀၆ - ၄ ကီလိုဂရမ် x (အစာနုတွင် ပါဝင်သော စွမ်းအင်ပမာဏ)  ၉ MJME = ၃၆ MJME 

• စုစုပေါင်းလိုအပ်သော စွမ်းအင်ပမာဏ (၁၃၂ ) – ၃၆ =  ၉၆ MJME (အစာကြမ်းမှ ရရှိရမည့်စွမ်းအင်ပမာဏ)

• ၉၆ / ၈.၅  =  ၁၁.၃ ကီလိုဂရမ် (အခြောက်အလေးချိန်) မွန်ဘားစားမြက် (အရည်သွေးပြည့် အစာကြမ်းပမာဏ)

• မွန်ဘားစားမြက် အခြောက်ပမာဏ (၂၀%) ရှိသော အစာ၏ အစိုအလေးချိန်ပမာဏ ၁၁.၃ ကီလိုဂရမ်/၂၀ ရာခိုင်နူန်း = မွန်ဘားစားမြက် ၅၇ ကီလိုဂရမ်

နို့ပေးနွားမအတွက် စွမ်းအင်နှင့် အစာလိုအပ်ချက်

ခန္ဓာကိုယ် အလေးချိန် (၅၅၀) ရှိသော နို့ပေးနွားမသည် မွေးဖွားရန် ရက်သတ္တပတ်ပေါင်း (၁၂) ပတ် လိုအပ်လျက်ရှိပြီး ယခုအချိန်ထိ နွားနို့ ၁၀ ပိဿာ (သို့) ၁၆ လီတာ ထွက်ရှိသည်။ ထို နွားမကို ကျွေးရန်အစာတွင် စွမ်းအင် မည်မျှ လိုအပ်မည်နည်း။ 

• ခန္ဓာကိုယ်ရှင်သန်ရန် အမှန်တကယ်လိုအပ်သော စွမ်းအင် ပမာဏ (Maintenance ) =   ၆၃ MJME

• နို့ (၁၀) ပိသာ ထွက်ရှိရန် လိုအပ်သော စွမ်းအင်ပမာဏ= နို့ ၁၀ ပိဿာ  x  ၉.၃ = ၉၃ MJME

• ကိုယ်ဝန်ဆောင်ကာလ (၁၂) ပတ်တွက် လိုအပ်သော စွမ်းအင်ပမာဏ =  ၁၃ MJME

စုစုပေါင်း လိုအပ်သော စွမ်းအင်ပမာဏ = ၁၆၉ MJME/ရက်

၎င်းနွားမကို CP ၀၀၆ စပ်စာ ၆ ကီလိုဂရမ်  စတင်ကျွေးမွေးနေ ပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သော စွမ်းအင် အတွက် Mombasa မြက် မည်မျှ ကျွေးမွေးရန် လိုအပ်ပါသနည်း။ (မွန်ဘားစားမြက်တွင်ပါဝင်သော အသားဓာတ်ပမာဏ (၈.၅ ရာခိုင်နှုန်း)၊ အစိုဓာတ် (၂၀ ရာခိုင်နှုန်း)

• CP ၀၀၆- ၆ ကီလိုဂရမ် x (အစာနုတွင် ပါဝင်သော စွမ်းအင်ပမာဏ) ၉ MJME = ၅၄ MJME 

• စုစုပေါင်းလိုအပ်သော စွမ်းအင်ပမာဏ (၁၆၉) – ၅၄= ၁၁၅ MJME (အစာကြမ်းမှ ရရှိရမည့်စွမ်းအင်ပမာဏ)

• ၁၁၅/ ၈.၅ = ၁၃.၅ ကီလိုဂရမ် မွန်ဘားစားမြက် အခြောက်ပမာဏ (အရည်သွေးပြည့် အစာကြမ်းပမာဏ)

• မွန်ဘားစားမြက် အခြောက်ပမာဏ (၂၀%) ရှိသော အစာ၏ အစိုအလေးချိန်ပမာဏ - ၁၃.၅ ကီလိုဂရမ်/၂၀ ရာခိုင်နူန်း = မွန်ဘားစားမြက် ၆၇.၅ ကီလိုဂရမ်

နို့ခမ်းနွားမအတွက် စွမ်းအင်နှင့် အစာလိုအပ်ချက်

ခန္ဓာကိုယ် အလေးချိန် (၅၅၀) ရှိသော နို့ပေးနွားမသည် မွေးဖွားရန် ရက်ပေါင်း (၂) ပတ် လိုအပ်လျက်ရှိသော ထိုနို့နားနွားမ (dry cow) ကို ကျွေးရန်အစာတွင် စွမ်းအင် မည်မျှ လိုအပ်မည်နည်း။

• န္ဓာကိုယ်ရှင်သန်ရန် အမှန်တကယ်လိုအပ်သော စွမ်းအင် ပမာဏ (Maintenance ) =   ၆၃ MJME

• ကိုယ်ဝန်ဆောင်ကာလ (၂) ပတ်တွက် လိုအပ်သော စွမ်းအင်ပမာဏ = ၅၄ MJME

စုစုပေါင်း လိုအပ်သော စွမ်းအင်ပမာဏ = ၁၁၇ MJME/ရက်

၎င်းနွားမကို CP ၀၀၆ စပ်စာ ၁ ကီလိုဂရမ် စတင်ကျွေးမွေးနေ ပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သော စွမ်းအင် အတွက် မွန်ဘားစားမြက် မည်မျှ ကျွေးမွေးရန် လိုအပ်ပါသနည်း။ (မွန်ဘားစားမြက်တွင်ပါဝင်သော အသားဓာတ်ပမာဏ (၈.၅ ရာခိုင်နှုန်း)၊ အစိုဓာတ် (၂၀ ရာခိုင်နှုန်း)

• CP ၀၀၆ - ၁ ကီလိုဂရမ် x (အစာနုတွင်ပါသော စွမ်းအင်ပမာဏ) ၉ MJME = ၉ MJME 

• စုစုပေါင်းလိုအပ်သော စွမ်းအင်ပမာဏ (၁၁၇) – ၉ = ၁၀၈ MJME (အစာကြမ်းမှ ရရှိရမည့်စွမ်းအင်ပမာဏ)

• ၁၀၈/ ၈.၅ = ၁၂.၇ ကီလိုဂရမ် မွန်ဘားစားမြက် အခြောက်အလေးချိန် (အရည်သွေးပြည့် အစာကြမ်းပမာဏ)

• မွန်ဘားစားမြက် အခြောက်ပမာဏ (၂၀%) ရှိသော အစာ၏ အစိုအလေးချိန်ပမာဏ - ၁၂.၇ ကီလိုဂရမ်/ ၂၀ ရာခိုင်နူန်း = မွန်ဘားစားမြက် ၆၃.၅ ကီလိုဂရမ်

မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား စီမံကိန်း

***တိရစ္ဆာန်သည် အစာ၌ပါဝင်သော စွမ်းအင်အားလုံးကို အသုံးမပြုနိုင်ခြင်းကြောင့် တိရစ္ဆာန်မှ အမှန်တကယ်အသုံးပြုသော ပမာဏကို တိုင်းတာရန် METABOLISABLE ENERGY or Megajoules of Metabolisable Energy (MJME) အသုံးပြုတွက်ချက်ကြသည်။ ***

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်