အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နို့စားနွားမွေးမြူသူများ လိုက်နာဆောင်ရွက်ရမည့် အဓိက အချက်များ

နို့စားနွားမွေးမြူသူများ လိုက်နာဆောင်ရွက်ရမည့် အဓိက အချက်များ

MDEP
MDEP • MDEP • 06/07/2018

(၁) နို့စားနွား မွေးမြူရေးသည် နှစ်ရှည် စီမံဆောင်ရွက်ရသော စီးပွားရေးဖြစ်သည်။
(၂) ရိုးရှင်းပြီး အကျိုးမြတ်များသော စီးပွားရေးလုပ်ငန်းလည်း ဖြစ်သည်။
(၃) ငွေးကြေးစီမံအုပ်ချုပ်မှုကို အာရုံစိုက်၍ စနစ်တကျ ဆောင်ရွက်နိုင်မှသာ အကျိုးမြတ်များစေသည်။
(၄) စားကျက်စိုက်ပျိုးရေးကို စနစ်ကျ ဆောင်ရွက်ရန် လိုအပ်သည်။
(၅) နွားမွေးချိန် နွားမများ၏ ခန္ဓာကိုယ်အဆင့် မှန်ကန်စွာ မွေးမြူနိုင်မှုသည်လည်း အရေးကြီးသည်။
(၆) နွားခြံတွင် အလုပ်လုပ်ကိုင်သူများကို တန်ဖိုးထားပြီး အသိအမှတ်ပြုကာ စည်းစည်းလုံးလုံးဆောင်ရွက်ရမည်။
(၇) စားကျက်မြေ၏ အရည်အသွေးကို နှစ်စဉ်တိုင်းတာ စစ်ဆေးပြီး လိုအပ်သော အာဟာရဓာတ်များကို နှစ်စဉ်ဖြည့်တင်းကာ ထုတ်လုပ်မှုကောင်များ ရရှိအောင် ဆောင်ရွက်ရမည်။
(၈) အစာဝယ်ယူရာတွင် အစာ၏အရည်အသွေးအလိုက် တန်ဖိုးနှင့် ကိုက်ညီသော အစာများကို စိစစ်ရွေးချယ်ကျွေးမွေးနိုင်ရမည်။
(၉) အရည်အသွေးပြည့် အစာကြမ်းများ ရရှိစေရန် မြေလွတ်၊ မြေလပ်များတွင် စာကျက်စိုက်ပျိုးခြင်းနှင့် အခြားသီးနှံ စိုက်ပျိုးသူများနှင့် အကျိုးတူ စားကျက်ပင်များ စိုက်ပျိုးရန် လိုအပ်သည်။
(၁၀) ခြံစားရိတ်များကို အသက်သာဆုံး ဖြစ်အောင် စဉ်းအားဆောင်ရွက်ရမည်။

 

မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွား စီမံကိန်းမှ ကူးယူဖော်ပြပါသည်။

KHUN

KHUN

လွန်ခဲ့သော ၈ လ က

ကုန်ကျစရိတ်ဘယ်လောက်ရှိမည်နည်း

သန်ူမောင်

သန်ူမောင်

လွန်ခဲ့သော ၁ နှစ် က

နို့စာနွာများအစာကျွေစနစ်အတိအကျ သိ့ချင်လို့ပါ

You
MDEP

နည်းပညာမိတ်ဖက်အဖွဲ့

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

ဥစားဘဲတွေကို တစ်ညလုံးမီးထွန်းပေးရတာလားဆရာ

Nay Lin • ဖြေကြားချက် 1 ခု

၅လပိုင်း၆လပိုင်းမှာခရမ်းချင်စိုက်ရင်အဆင်ပြေနိုင်လားဆရာတို့မြင်းခြံနယ်ကပူးလ်ု့ပါအခုခရမ်းချင်ကတော့ပဆင်ပြေပါတယ်ဆရာတို့ကျေးဇူးပါ

ko. latt • ဖြေကြားချက် 7 ခု

ကြက်ဈေးနှုန်းလေးတွေကိုဘယ်မှာကြည့်ရှုလို့ရနိုင်မလည်းရှင့်

Myo • ဖြေကြားချက် 0 ခု

ဥစားကြက်စင် ဘယ်မှာ၀ယ်လို့ရ နိုင်ပါသလဲခဗျ

phyo • ဖြေကြားချက် 0 ခု

မြန်မာနိုင်ငံရဲ့ အသားစားနွား ( draught cattle) မွေးမြူးရေး လုပ်သည့် cow farm အကြီးတွေကို သိလိုလျှင် စုံးစမ်းရန် website များရှိပါသလားရှင့်။ draught cattle farm လုပ်ငန်းကြီးများ၏ website တိုက်ရိုက်ရှိလျှင်လည်း သိလိုပါသည်။

Nay Chi • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။