Digital Literacy (ဒစ်ဂျစ်တယ် စာပေတတ်မြောက်မှု) ဆိုတာဘာလဲ 

04/01/2021 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

       “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးပြန်လည် ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်ကတော့ မတော်တဆ ဖုန်း ရေထဲကျသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ဒစ်ဂျစ်တယ် စာပေတတ်မြောက်မှု အကြောင်းကို တောင်သူ ဦးလေး ဒေါ်လေးတို့အတွက်  မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

      ယနေ့ နည်းပညာခေတ်မှာ အလုပ်အတွက်ဖြစ်စေ၊ ပညာရေးကြောင့်ဖြစ်စေ၊ မိမိကိုယ်တိုင် ဗဟုသုတရှာဖွေရာတွင် ဖြစ်စေ အင်တာနက်ကို ရှာဖွေမှုရဲ့ အရင်းအမြစ်အဖြစ် အသုံးပြုလာကြတာကြောင့်  ဒစ်ဂျစ်တယ်စာပေကို ကျွမ်းကျင် တတ်မြောက်ဖို့လည်း လိုအပ်လာပါတယ်။ ဒစ်ဂျစ်တယ် စာပေတတ်မြောက်မှုဆိုတာ အသိပညာနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေအတွက်လိုအပ်နေတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေဖို့၊ ခွဲခြမ်းစိတ်ဖြာ စစ်ဆေးနိုင်ဖို့၊ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ဖန်တီးနိုင်ဖို့၊ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို အချင်းချင်း မျှဝေ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့အတွက် ICT (သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ)  အသုံးပြုနိုင်တဲ့ စွမ်းရည်ကို ဆိုလိုပါတယ်။

      ဒစ်ဂျစ်တယ် စာပေတတ်မြောက်မှု ရှိမယ်ဆိုရင် ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးပြုပြီး  သက်ဆိုင်ရာကဏ္ဍတွေမှာ ဘယ်လိုတိုးတက်အောင်ဆောင်ရွက်ရမလဲ၊ ဘယ်သတင်းအချက်အလက်တွေက အမှန်လဲ၊ အမှားလဲ ဆိုတာ ဆုံးဖြတ်နိုင်သလို လူအများဆီကိုလည်း မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ မရောက်နိုင်အောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ သတင်းမီဒီယာတွေနဲ့ ပတ်သတ်တဲ့ အခြေခံ သဘောတရားတွေကိုလည်း သိရှိလာမှာဖြစ်ပြီး လူမှုကွန်ယက်မီဒီယာတွေကိုလည်း အကျိုးရှိရှိနဲ့ အသုံးပြုလာနိုင်မှာပဲ ဖြစ်ပါတယ်။  

      ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ မတော်တဆ ဖုန်း ရေထဲကျသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဖုန်းရေထဲ ကျသွားတဲ့အခါ ဘယ်လိုလုပ်ရမလဲ

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်