ဒစ်ဂျစ်တယ် စာပေ သိနားလည်မှုအား ဆန်းစစ်ခြင်း

25/01/2021 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

       “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆို လိုက်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့အနေနဲ့ ဒစ်ဂျစ်တယ် စာပေ သိနားလည်မှုကို ဆန်းစစ်နိုင် ဖို့ မျှဝေပေးလိုက်ပါတယ် ခင်ဗျ။ 

       ဒစ်ဂျစ်တယ်စာပေ သိနားလည်မှုကို အဓိက နိယာမ ၃ ခုနဲ့ အမျိုးအစားခွဲခြားပါတယ်။ မိမိအနေနဲ့ ဘယ်အပိုင်းမှာ ပါဝင်နေလဲဆိုတာ လေ့လာ ကြည့်လိုက်ရအောင်လား ခင်ဗျ။ 

အဆင့် ၁ - အသုံးပြုသည် (Use) 

       ဒီအဆင့်မှာဆိုရင် ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက် အသုံးပြုဖို့အတွက် လိုအပ်တဲ့ အခြေခံနည်းပညာတွေ တတ်မြောက်တာကို ဆိုလိုပါတယ်။ မိမိအနေနဲ့ အင်တာနက် ကောင်းကောင်းသုံးတတ်တယ်၊ Web Browser ကနေ သတင်းအချက်အလက်တွေ ရှာဖွေနိုင်တယ်၊ အီးမေးကောင်းကောင်း သုံးတတ်တယ်ဆိုရင်တော့ အဆင့် ၁ မှာ ပါဝင်ပါတယ်။ 

အဆင့် ၂ - နားလည်သည် (Understand) 

       ဒီအဆင့်ကတော့ ဒစ်ဂျစ်တယ် မီဒီယာတွေကို နားလည်သဘောပေါက်ဖို့၊ ဆက်စပ်တွေးတောဖို့၊ အကဲဖြတ်ဖို့ အချက်တွေ ပါဝင်ပါတယ်။ မိမိအနေနဲ့ ဒစ်ဂျစ်တယ်စာပေတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုသိတယ်၊ လူတွေအပေါ် ဘယ်လိုသက်ရောက်နိင်တယ်ဆိုတာ နားလည်တယ်၊ သတင်းအချက်အလက်တွေကို စီမံခန့်ခွဲနိုင်တယ်ဆိုရင် အဆင့် ၂ မှာပါဝင်ပါတယ်။   

အဆင့် ၃ - ဖန်တီးသည် (Create) 

      ဒီအဆင့်မှာဆိုရင် အမျိုးမျိုးသော ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ပစ္စည်းတွေကို အသုံးပြုပြီး မိမိသိထားတဲ့ အကြောင်းအရာ၊ ဗဟုသုတတွေ ပြန်လည်မျှဝေပေးနိုင်တာကို ဆိုလိုပါတယ်။ မိမိသိထားတဲ့  သတင်းအချက်အလက်ကို ဗီဒီယို၊ ဓာတ်ပုံ၊ အကြောင်းအရာများ ဖန်တီးပြီး မျှဝေခြင်း၊ ဘလော့ဂ် (Blog)၊ ဝက်ဘ်ဆိုက် (Website)၊ ဖေ့ဘုတ်စာမျက်နှာ၊ ဆော့ဝဲလ်များဖန်တီးပြီး သတင်းအချက်အလက်မျှဝေခြင်းများ ပြုလုပ်မယ်ဆိုရင်တော့ အဆင့် ၃ မှာ ပါဝင်မှာ ဖြစ်ပါတယ်။ 

      တောင်သူ ဦးလေး ဒေါ်လေးတို့ရော မိမိအနေနဲ့ ဘယ်အပိုင်းမှာ ပါဝင်နေလဲဆိုတာ ကွန်မန့်မှာ ဆွေးနွေးပေးခဲ့ကြပါအုံးခင်ဗျ။ 

      ယခင်တစ်ပတ်က  အသုံးမပြုသင့်တဲ့ လျှို့ဝှက်နံပါတ်တွေ အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

လူသုံးများပြီး မထားသင့်သော လျှို့ဝှက်နံပါတ်များ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်