ငါးမွေးမြူရေးကန်များ၌ အီးအမ်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

29/04/2022 15:30 PM တွင် Rio Amora Rio Amora မှ ရေးသား

👉 ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ၌ ငါး၊ ပုစွန်ကောင်ရေများ တိုးမြှင့်ထည့်သွင်း၍ ပရိုတိန်းမြင့်အစာများကျွေးကာ မွေးမြူလာသည်နှင့်အမျှ ငါးကန်များ၏အရည်အသွေးပြောင်းလဲကျဆင်းမှုများဖြစ်‌ပေါ်လာတတ်သည်။

ငါးများ၏စွန့်ထုတ်အညစ်အ‌ကြေးများနှင့် အစာအကြွင်းအကျန်များကလည်း ကန်၏‌ရေထုကို ညစ်ညမ်းစေသည်။ ထို့‌ကြောင့် ငါး၊ ပုစွန်များ၌ ဖိစီးမှုဒဏ်၊ ရောဂါများဖြစ်ပွားမှုနှင့်သေဆုံးမှုများ ကြုံတွေ့ရပါသည်။ ကန်ရေ၏ အော်ဂဲနစ်အညစ်အကြေးများနှင့် အရည်အသွေးကျဆင်းလာမှုသည် ကန်ရေထဲ၌ ရောဂါဖြစ်စေနိုင်သော ဘက်တီးရီးယားများပွားများနှုန်းကို တိုးမြင့်စေပါသည်။

ယင်းအခြေအနေများကို ထိန်းချုပ်ကာကွယ်နိုင်ရန် ငါး၊ ပုစွန်ကန်များ၌ EM ခေါ် probiotic ကို သုံးစွဲပေးရန် လိုအပ်သည်။ ထိုသို့ကုသခြင်းဖြင့် ငါးများ၏ကျန်းမာရေးနှင့် ကြီးထွားနှုန်း ကောင်းမွန် မြင့်မားစေပါသည်။  

👉ထိုအခြေအနေများ‌ကြောင့် ငါးမွေးမြူရေး‌တောင်သူများအား စီးပွားရေးအရ ထိခိုက်နစ်နာဆုံးရှုံးစေသည်သာမက ကုန်ထုတ်လုပ်မှုကိုပါ လျော့နည်းကျဆင်းစေပါသည်။ 

ယခုအခါ ငါး၊ ပုစွန်မွေးမြူရေးများ၌ ကန်၏အရည်အသွေးကို ပြုပြင်ထိန်းသိမ်းကာကွယ်ရန်အတွက် Probiotic (အကျိုးပြုအဏုဇီဝဘက်တီးရီးယား) များကို ကန်အတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျထည့်သွင်းအသုံးပြုလာကြပါသည်။ အကျိုးပြုဘက်တီးရီးယားနှင့် သတ္တမျှောလှေးများရရှိမှုသည် မွေးမြူကာလအတွင်း ငါးများ၏ ကြီးထွားနှုန်းနှင့် ကုန်ထွက်ရှိမှုကို များစွာအထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။

ထို့အတွက် ငါးမွေးကန်များအတွက် အသုံးပြုမည့် အကျိုးပြုအဏုဇီဝပျော်ရည် လုပ်နည်းကို ဖော်ပြပေးလိုက်ပါသည်။

👉ငါးမွေးတောင်သူများအတွက်လွယ်ကူရိုးရှင်း‌သော EM ဖျော်စပ်နည်း  (ကန် 10 ဧကစာအတွက်)

1. ငှက်ပျောသီး ၁ ဖီး

2. ထန်းလျက် ၁၀ ပိဿာ

3. ဖွဲနု ၁ ပြည်

4. ထမင်းခြောက် ၃ လုံးချက်(နေ‌ခြောက်လှမ်းထားသောထမင်း)

5. ရေ ရာ၀င်အိုး ၁ လုံး

👉 ၎င်းတို့အားလုံးကိုရောစပ်၍ နာရီ၀က်လျှင် တစ်ကြိမ်ခန့်  တစ်ရက်မွှေပေးရမည်။

👉 ရာ၀င်အိုးထဲတွင် ၁၅ ရက်ခန့် နှပ်ထားရမည်။

👉 ၁၅ ရက်ပြည့်သောအခါတွင် အသုံးပြု၍ရပြီဖြစ်သည်။

အီးအမ်ပျော်ရည်ကို ငါး‌မွေးကန်များအတွက် ၁ လလျှင် ၁ ကြိမ်ခန့်ကြဲပက်ပေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်