၂၀၂၀-၂၀၂၁ ခုနှစ် COVID-19 အလွန်ကာလ၌ လျှော်ဖြူဈေးကွက်ပြန်လည်ကောင်းမွန်စေရန် ညီညီညွှတ်ညွှတ် ကြိုးစားလုပ်ဆောင်သွားမည် 

31/08/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

     ၂၀၂၀-၂၀၂၁ ခုနှစ် COVID-19 အလွန်ကာလ၌ လျှော်ဖြူဈေးကွက်ပြန်လည်ကောင်းမွန်စေရန် ညီညီညွှတ်ညွှတ် ကြိုးစားလုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

     မကြာခင်ကာလ၌ လျှော်ဖြူပန်းပွင့်ချိန်သို့ ရောက်ရှိတော့မည် ဖြစ်ပြီး၊ အစေးထွက်နှုန်းများလည်း တစ်စထက်တစ်စ လျော့နည်းလာတော့မည် ဖြစ်သည်။  

မိုးကုန်တဲ့အခါမှာ အစေးထွက်နှုန်း နည်းလာပါတော့မယ်။ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် လျှော်ဖြူအစေးထုတ်ရာသီက ပြီးသလောက် ရှိသွားပါပြီ။ ပြီးခဲ့တဲ့ ကာလတစ်ခုကို အခြေခံပြီး နောင်လာမယ့် ကာလမှာ ဘာတွေကြိုတင်ပြင်ဆင်စဥ်းစားသင့်သလဲဆိုရင် အဓိကတော့ ကျွန်တော်တို့ လျှော်ဖြူ စိုက်ပျိုးထုတ်လုပ်သူတွေရဲ့ ထုတ်လုပ်တဲ့အစေးတွေ သင့်တင့်မျှတတဲ့ဈေး ပြန်လည်ရရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက် အသင်းအဖွဲ့အပါအဝင် စိုက်ပျိုးထုတ်လုပ်သူတွေ၊ ကုန်သည်ပွဲစားတွေ ပါမကျန် ညီညွတ်စွာကြိုးစားလုပ်ဆောင်သွားကြရမှာပါ။ ကျဆင်းသွားတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ရိုက်ခတ်မှုကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး လျှော်ဖြူဈေးကွက်ရဲ့ ရောင်းလိုအား၊ ဝယ်လိုအား မမျှတမှုကို ထိန်းညှိကြရပါမယ်။

ဟု မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဌ (နန္ဒဝန်-လျှော်ဖြူစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေး)မှ ဦးဇင်မင်းသန့် က ပြောသည်။

     ၂၀၁၉-၂၀၂၀ ခုနှစ်က လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ဈေးကွက်ကောင်းများ ရရှိလာရန် မျှော်လင့်ချက်ကြီးမားခဲ့သော်လည်း COVID-19 ရိုက်ခတ်မှုကြောင့် ဈေးကွက်အရှုံးကို ရင်ဆိုင်ခဲ့ရသည်။

တော်တော်များများကို ဆုံးရှုံးကြတာပါ။ ဆုံးရှုံးမှုက အနည်းနဲ့အများသာ ကွာပါမယ်။ လက်ရှိအခြေအနေမှာတော့ ဘယ်လိုမှရောင်းလို့မဖြစ်နိုင်တော့တဲ့ ဈေးနှုန်းတွေကြောင့် ခြံပိုင်ရှင်ဆိုတာ အသာထားဦး၊ ရတဲ့ ဈေးနှုန်းနဲ့ကိုက်အောင် လုပ်နိုင်ပါတယ် ဆိုတဲ့ လျှော်ဖြူပင် အပင်အငှားထုတ်သူတွေ၊ တောထဲက သဘာဝအပင်ကို အစေး ထုတ်သူတွေတောင် တွက်ချေမကိုက်တော့လို့ နားရတဲ့ အခြေအနေအထိ ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပြည်ပဈေးကွက်ကို အားကိုးလို့မရတဲ့အခါ ခံနိုင်ရည်ရှိဖို့အတွက် ဈေးကွက်သစ်တွေ ဖော်ဆောင်ဖို့ ကြိုးပမ်းရမှာပါ။ အခုဆိုရင် လျှော်ဖြူစေး (ဆေးကုလားမ) ကို စားသောက်ကုန်အဖြစ် ကုန်ချောတွေ ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက် စတင်ထိုးဖောက်နေပါပြီ။

ဟု ဦးဇင်မင်းသန့်က ဆက်လက်ပြောသည်။

     COVID-19 မတိုင်မီ ကာလများက မြန်မာနိုင်ငံမှ လျှော်ဖြူစေးကို တရုတ်နိုင်ငံဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချခဲ့ကြပြီး၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ များသို့လည်း ရံဖန်ရံခါ ရောင်းချခဲ့ကြသည်။

နန်းထက်ထက်ချစ်

 ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်