လူမျိုးကြီးဝါဒနဲ့ လူမျိုးရေးခွဲခြားဖိနှိပ်မှုကို အရေးတကြီးတိုက်ဖျက်စို့

21/03/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁၉၆၀ ခုနှစ် ဒီနေ့လို မတ် ၂၁ ရက်နေ့မှာ တောင်အာဖရိကနိုင်ငံမှာ ကြေကွဲစရာအဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။

လူနည်းစုတွေနဲ့ လူမျိုးခြားတွေ၊ လူမည်းတွေကို ခွဲခြားဖိနှိပ်ထားတဲ့ Apartheid ဆိုတဲ့ ဥပဒေတစ်ခုကို ဆန့်ကျင်တဲ့ တောင်အာဖရိကနိုင်ငံ ရှပ်ဗီးလ်မြို့က ငြိမ်းချမ်းစွာဆန္ဒပြပွဲတစ်ခုကို ရဲတွေက ပစ်ခတ်နှိမ်နင်းခဲ့လို့ပါ။ ဒီနှိမ်နင်းမှုကြောင့် လူပေါင်း ၆၉ ဦးသေဆုံးခဲ့ပြီး ၁၈၀ ဦး ဒဏ်ရာရခဲ့ကြပါတယ်။ 

အဲ့ဒီနောက် ၁၉၆၆ ခုနှစ်မှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံကနေ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးတွေကို တိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ကာ ရှပ်ဗီးလ်အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ မတ်လ ၂၁ ရက်နေ့ကိုလည်း အပြည်ပြည်ဆိုင်ရာလူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။

တောင်အာဖရိကမှာတော့ နှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတရားမျှတမှုအတွက် တိုက်ပွဲဝင်ကျဆုံးခဲ့သူတွေရဲ့အမှတ်တရနေ့အဖြစ်သတ်မှတ်ပြီး အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ 

ယခုနှစ် ‘အပြည်ပြည်ဆိုင်ရာလူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးနေ့’ အာဘော်အဖြစ်တော့ ‘လူမျိုးကြီးဝါဒနဲ့ လူမျိုးရေးခွဲခြားဖိနှိပ်မှုကို အရေးတကြီးတိုက်ဖျက်စို့’ လို့ သတ်မှတ်ထားပါတယ်။

အစိမ်းရောင်လမ်းရဲ့ မိတ်ဆွေတွေဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်က တောင်သူဦးကြီးဒေါ်ကြီးများနဲ့ သက်ဆိုင်သူများအပါအဝင် ပြည်သူပြည်သားအပေါင်းလည်း လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုတွေကို ဆန့်ကျင်ပြီး တရားမျှတမှုကို ချစ်မြတ်နိုးသူများဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်