သိုးငယ်၊ဆိတ်ငယ်လေးများတွင် အူရောင်၊ သွေးဝမ်းသွားခြင်းဖြစ်စေသည့် ရောဂါကို ကာကွယ်ကုသနည်း

13/06/2022 14:10 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

အူရောင်ရမ်းခြင်း၊ သွေးဝမ်းသွားခြင်းတွေ ဖြစ်စေတဲ့ Enterotoxemia ရောဂါဖြစ်ပွားပါက သိုးငယ်၊ ဆိတ်ငယ်လေးများ အလျင်အမြန်သေဆုံးတတ်သဖြင့် ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်ရပါမည်။ 

Enterotoxemia ရောဂါသည် Clostridium Perfringens ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားပြီး နို့စို့အရွယ်သိုးငယ်၊ ဆိတ်ငယ်လေးများတွင် အဖြစ်များပါသည်။ ပုံမှန်အားဖြင့် ယင်းဘက်တီးရီးယားပိုးသည် အူအတွင်း ဘေးဒုက္ခ မပေးနိုင်သော ပမာဏအနည်းငယ်သာ ရှိနေတတ်ပါသည်။

သိုးငယ်၊ ဆိတ်ငယ်လေးများသည် အာဟာရပမာဏ အမြောက်အများ ရရှိသည့်အခါ (များသောအားဖြင့်တစ်ကောင်တည်းပေါက်သော သိုးငယ်၊ဆိတ်ငယ်လေးများတွင်) သို့မဟုတ် အစာအမျိုးအစားတစ်ခုတည်း ကျွေးနေရာမှ အခြားတစ်ခုသို့ ရုတ်တရက်ပြောင်းလဲလိုက်သည့်အခါ အူ၏ရွေ့လျားမှုမှာ နှေးသွားပြီး ရောဂါပိုးများအလျင်အမြန်ပွားများလာပါသည်။

ရောဂါလက္ခဏာများ အနေဖြင့်-

- သွေးဝမ်းများသွားခြင်း၊

- တခါတရံ သွေးဝမ်းမသွားမီ သိုးငယ်၊ဆိတ်ငယ်လေးများ သေဆုံးတတ်ပါသည်။

- များသောအားဖြင့် သိုးငယ်၊ဆိတ်ငယ်လေးများမှာ မသေဆုံးမီ ဖျားနာသောလက္ခဏာ လုံးဝတွေ့ရလေ့မရှိဘဲ သေဆုံးတတ်ပါသည်။ 

- သေဆုံးသည့်အခါ တောင့်နေသည့်ပုံစံမှာ မေးခိုင်ရောဂါကြောင့် သေဆုံးသည့်ပုံစံနှင့် ဆင်တူပါသည်။

အသေကောင်အား ခွဲစိတ်တွေ့ရှိမှု အနေဖြင့်-

- အူသိမ်နှင့် အူမကြီးတလျှောက် အူနံရံနှင့် ကျောက်ကပ်များတွင် သွေးယိုစိမ့်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရပါမည်။

- အူထဲရှိ အစာဟောင်းများမှာ အရည်များဖြစ်နေတတ်ပါသည်။

ရောဂါအား စစ်ဆေးပါက-

- ရောဂါလက္ခဏာများနှင့် အသေကောင်အားခွဲစိတ်စစ်ဆေးမှုများဖြင့် ရောဂါအားရှာဖွေဖော်ထုတ်နိုင်မည် ဖြစ်ပါသည်။

တိရစ္ဆာန် သေဆုံးပြီးနောက် အူအတွင်းရှိအစာဟောင်းများတွင် Clostridium ဘက်တီးရီးယားပိုး ပါဝင်မှုနှင့် ၄င်းကထုတ်လုပ်သော အဆိပ်ပါဝင်မှုတို့အား ဓာတ်ခွဲခန်းတွင်စမ်းသပ်နိုင်မည်ဖြစ်ပါသည်။ 

ကာကွယ်ခြင်း အနေဖြင့်-

- ကာကွယ်ဆေးထိုးနှံခြင်းနှင့် တစ်ကောင်တည်းမွေးလာသော သိုး၊ ဆိတ်ငယ်လေးများနှင့် နို့ထွက်ကောင်းသောမိခင်မှ မွေးဖွားလာသော တိရစ္ဆာန်ငယ်လေးများအား အစာကျွေးမွေးရာတွင် ဂရုစိုက်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။ 

- မိခင်အား ကလေးမမွေးမီနှင့် ကလေးငယ်လေးများအား အသက် ၂ လသားတွင် ကာကွယ်ဆေး ထိုးနှံပေးရပါမည်။

ကုသခြင်းအနေဖြင့်-

- ဤရောဂါဖြစ်ပွားပါက သိုးငယ်၊ဆိတ်ငယ်လေးများ အလျင်အမြန် သေဆုံးတတ်သဖြင့် ကုသရန်အချိန် မမီတတ်ပါ။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်ပါသည်။

- အကယ်၍ အခြေအနေ သိပ်မဆိုးပဲ အချိန်မီသိရှိပါက ပဋိဇီဝဆေးများ ထိုးနှံခြင်းနှင့် အဆိပ်ဖြေဆေး(Antitoxin) ထိုးနှံခြင်းတို့ဖြင့် ကုသနိုင်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်