ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း

28/11/2024 10:58 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 

ကန်အတွင်းပေါက်ပွားလျက်ရှိသော ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များကြောင့် ငါးကန်များတွင် ငါးကြီးထွားမှု ကို နှောင့်နှေးစေပြီး ထုတ်လုပ်မှုရည်မှန်းချက်ကို ထိခိုက်စေနိုင်ပါသည်။ သို့ရာတွင် အချို့သောရေမှော်နှင့် မြက်ပင်များမှ ငါးမွေးမြူရေးကိုအကျိုးပြုခြင်းများရှိပါသည်။

ရေမှော်မြက်ပင် ကိုင်းပင်အမျိုးအစားများ

ငါးမွေးကန်တွင်းရှိ ရေမှော်ပင်များစွာ ပေါက်ပွားလာနိုင်ပါသည်။ ဥပမာအားဖြင့် ဗေဒါ၊ ပကန်၊ ကညွတ်၊ ကန်စွန်း စသည်တို့ ဖြစ်ပါသည်။

ကန်တွင်းပေါက်ပွားသောရေမှော်ပင်များကြောင့် ငါးကန်တွင်ပြဿနာများဖြစ်ပေါ်ခြင်း

ရေမှော်များသည် ကန်တွင်းရှိ ရေသြဇာဓာတ်များကို အသုံးပြုခြင်း၊

နေရောင်ခြည်ဖောက်ထွင်းမှုကို တားဆီးထားသောကြောင့် ကန်အတွင်း သဘာဝအစာဖြစ်သော ရုက္ခမျှော လှေများပေါက်ပွားမှုကို ဟန့်တားထားခြင်း၊

မွေးမြူထားသော ငါးများကို အန္တရာယ်ပြုနိုင်သော မြွေ၊ ငါး စသောသတ္တဝါများ ခိုအောင်းနေနိုင်ခြင်း၊

ကန်အတွင်း ရေမှော်အပုပ်အဆွေးများကြောင့် မွေးမြူထားသောငါးများကို အန္တရာယ်ဖြစ်စေသည့် အဆိပ်ဓာတ်ငွေ့များပေါ်ထွက်လာခြင်း၊ ရေအရည်အသွေး ပျက်ပြားလာပြီး ငါးရောဂါများကူးစက်လာနိုင်ခြင်း၊

ငါးကန်အတွင်း သဘာဝအစာ ပေါက်ပွားမှုဖြစ်စဉ်ကို အဟန့်အတားပြုခြင်း၊ ကန်အတွင်း ငါးများလှုပ်ရှားသွားလာရန် နေရာကျဉ်းမြောင်းလာစေခြင်း။

ရေမှော်ပင်များကို အလွယ်တကူ ရှင်းလင်းရန်နည်းလမ်း

လူအားဖြင့် ဖယ်ရှားခြင်း၊ တံစဉ်ရှည်ဖြင့် ရိတ်သိမ်းခြင်းမှာ စရိတ်ကျဉ်းကျဉ်းဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်သော နည်းလမ်းဖြစ်ပါသည်။

ငါးမွေးကန်တွင် အကျိုးပြုသော ရေမှော်ပင်များနှင့် အကျိုးပြုဖြစ်ထွန်းမှု

ဘဲစာပင်များ၊ မြက်နုများ၊ ငှက်ပျောပင်အရွက်များသည် မြက်စားငါးကြင်းကဲ့သို့ ငါးများအတွက် အစာအဖြစ်အသုံးကျပါသည်။

ပကန်ပင်၊ ရေမှော်ပင်များ၊ မြက်နုများကို ငါးစာတွင် ရောကျွေးစေနိုင်ပါသည်။ ဗေဒါပင်သည် ရွှေဝါငါးကြင်းကဲ့သို့သော ငါးများကို သဘာဝကန်များတွင် သားပေါက်ရာ၌ ဥတွယ်ကပ်ရန်အဖြစ် အသုံးချပါသည်။

ငါးကန်အတွက် ရေအနက်မလုံလောက်သောအခါ ရေမှော်ပင်များသည် ငါးများခိုအောင်းရန် နေရာဖြစ်ပါသည်။

သို့သော် ကန်ရေပြင်ဖုံးလွှမ်းသည်အထိ ပေါက်ပွားမှုမရှိစေရန် ထိန်းသိမ်းရပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်