ငါးများ နိုင်ငံခြားသို့တင်ပို့ရောင်းချရန် ပြုပြင်ထုတ်လုပ်သည့် နည်းအဆင့်ဆင့်

15/02/2024 15:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

နိုင်ငံခြားမှ ဝယ်ယူသော ကုမ္မဏီများမှ မှာကြားချက်အရ ပထမတန်းစားငါးများဖြစ်သော ကက္ကူရံ၊ ငမုတ်၊ သင်းဝါ၊ ကျောက်ငါး၊ ကကတစ်၊ ငါးကွမ်းရှပ်၊ ပြည်ကြီးငါး၊ ငသလောက်၊ ငါးအုန်းသီး (ငဘိန်း) များကိုလည်းကောင်း၊ ဒုတိယတန်းစားငါးများအဖြစ် ငါးတံခွန်၊ ဂုံး၊ ကုလားကုတ်၊ ရွှေငါး၊ ပင်လယ်ငါး၊ ငါးမွေထိုး၊ ငါးရွှေ၊ ကင်းမွန်၊ ပလာတူးများကိုလည်းကောင်း တန်ဘိုးနိမ့်ငါးများအဖြစ် ပြည်တော်သာ (ငါးချဉ်ပေါင်)၊ ငရောင်၊ ငါးပုလွေ၊ ဝိုင်နီပေါက်၊ ကြိုးဝါ၊ ငပျက်ခေါင်းကြီး၊ ခေါင်းပွစသည့် ငါးငယ်များကို အအေးခန်း စက်ရုံများတွင် အကောင်လိုက်ဖြစ်စေ၊ ခေါင်းဖြတ်အူထုတ်၊ ခုတ်တစ်၍ဖြစ်စေ အသားလွှာ၍ ပြုပြင် ထုတ်လုပ်ပြီး အခဲခံကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

ပြည်ပသို့ရောင်းချရန် Export ငါးရွေးချယ်ရာတွင် အောက်ပါအချက်များကို ကြည့်ရှုစစ်ဆေး၍ ရွေးချယ်ဝယ်ယူနိုင်ပါသည်။

၁။ မျက်လုံးအရောင်အသွေးကောင်းမွန်၍ အဖြူရောင် မဖြစ်ခြင်း

၂။ အရေးပြားနှင့် အကြေးခွံမကျွတ်ခြင်း

၃။ ပါးဟပ်နီးရဲ၍ အနံ့ကောင်းမွန်ခြင်း

၄။ အရေပြားပေါ်တွင် အကျိအချွဲများရှိနေခြင်း

၅။ ကိုယ်ခန္ဓာပုံပျက်ခြင်းမရှိဘဲ၊ အသားများတင်းမာခြင်း

၆။ အသားအရည်အသွေးလတ်ဆက်၍ ပျော့ပြောင်းမှုရှိခြင်း

၇။ ရေထဲနစ်မြုပ်မနေခြင်း

၈။ စက်ဆီ၊ ချောဆီများ မစွန်းထင်းခြင်း

၉။ သတ်မှတ်အရွယ်အစားနှင့် အရည်အသွေးပြည့်မီပါက Export  လုပ်ရန်အကောင်းဆုံး ဖြစ်သည်။

ရေဆေးခြင်း။ ။ ငါးတကောင်လုံး၏အကျိအချွဲ၊ အညစ်အကြေးနှင့် သွေးများကင်းစင်၍ ရေဆေးကြောခြင်းကို ပထမဦးဆုံးလုပ်ရမည်။

အရွယ်အစားရွေးချယ်ရာတွင်

တစ်ကောင်၏ အလေးချိန် (gm အရေအတွက်) ဖြင့် ရွေးချယ်သတ်မှတ်၍ အရွယ်အစားများ မညီသောအကောင်များကို ရွေးချယ်ထားရမည်။

အသားလွှာပြုလုပ်ရာတွင်

အသားလွှာထုတ်မည်ဆိုပါက အရွယ်အစားရွေးချယ်ပြီးသောငါးများကို ခေါင်းဖြတ်၊ အူထုတ်၊ အခွံခြစ်၊ အမြီးနှင့် တောင်ပံများကို ခုတ်ထစ်ရှင်းလင်းပြီး အသားလွှာများကို လွှာပြီး ရေခဲထဲတွင် အတန်ကြာ စိမ်ထားရမည်။ သွေးများကုန်သွားရန်စိမ်ထားရမည်။ အရေပြားဖယ်ထုတ်ခြင်း၊ ဝမ်းဗိုက် သားနှင့် အရိုးဖယ်ထုတ်ခြင်း ပြီးပါက သတ်မှတ်အရွယ်အစား အလေးချိန်အလိုက် ပလပ်စတစ်ပြား များပေါ်တွင် တင်ပြီးနောက် Contact Freezer (သို့) Airs blast Freezer များထဲတွင် 30°C အထိ အအေးအခဲ ခံထားရပါမည်။

သိုလှောင်နည်း

ငါးကုန်ချောများအား အခဲခံပြီးနောက်တကောင်ချင်းထုတ်ယူကာ အိတ်စွပ်ပြီး Master Cortoon များတွင်ထည့်ပြီး (၂၀)ကီလိုဂရမ်ချိန်တွယ်ရမည်။ -20 C ရှိသည့် အအေးခန်းတွင် ငါးကုန်ချောများကို (၃)လခန့်ထားနိုင်သည်။

- 30° C ရှိသည့်အအေးခန်းများတွင် ငါးကုန်ချောများကို (၆)လခန့် အရည်အသွေး မပျက်စီးစေဘဲထားရှိနိုင်သည်။

- အသားထွက်နှုန်းမှာအကောင်လိုက်တင်ပို့ပါက အသားအလေးချိန်လျော့နည်းမှုမရှိဘဲ အသားလွှာပါက ၄၀ မှ ၄၁ % အထိ အသားထွက်ရှိနိုင်သည်။

အခြားတင်ပို့နိုင်သော ရေထွက်ပစ္စည်းများမှာ 

၁။ ဂဏန်းပျော့

၂။ ဂဏန်းနီ

၃။ သဲဂဏန်း တို့ဖြစ်ကြသည်။

  •  ဂဏန်းပျော့မှာ (Soft Shell Crab)[Carestream] တို့သည် ခန္ဓာကိုယ်ကြီးထွားရန်နှင့် မိတ်လိုက်ရန်အတွက် အခွံလဲလှယ်လေ့ရှိသည်။ အခွံလဲပြီးသော ဂဏန်းပျော့များသည် (၃) နာရီအတွင်း အခွံမာနိုင်သည်။ အခွံမာလာပါက ဆေးကြောသန့်စင်စေပြီးအအေးခန်းတွင်သိုလှောင်ထားနိုင်သည်။
  •  ဂဏန်းနီမှာ မြန်မာနိုင်ငံတွင် မြိတ်ကျွန်းစုမှ ရရှိနိုင်သည်။ အရှင်ဖမ်းဆီးလာပြီး စက်ရုံရောက်မှ ရေခဲစိမ် ကာ အကောင်လိုက်အခွံခွာပြီး အသားထက်ခြမ်းခွဲကာ ပြုပြင်ထုတ်လုပ်ခြင်း၊ ငါးကြိတ်သား နှင့် ဂဏန်းသား ရော၍ ဂဏန်းခွံအတွင်း ထည့်သွင်းပြုပြင်ကာ ထုတ်လုပ်လျက်ရှိသည်။
  •  သဲဂဏန်း (Sand Crab) များကို ထက်ခြမ်းခွဲ Half Cut အဖြစ်လည်းကောင်း၊ လက်မနှင့် ရေယက်များကို ကိုယ်တွင်းတယ်ကပ်စေ၍ အအေးခန်းတွင်ထားသိုပြီး ပြုပြင်ထုတ်လုပ်လျက်ရှိသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်