မျိုးအောင်/မျိုးပွားနှုန်းကို လျော့နည်းစေ‌နိုင်သော အကြောင်းအရင်းများ

01/09/2020 11:30 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

မျိုးအောင်/မျိုးပွားခြင်းအပေါ်တွင် လွှမ်းမိုးသော အချက်များစွာရှိပါသည်။

(၁) ခြံသမား

(၂) သားတင်/သားစပ်သူ

(၃) နွား

(၄) ပတ်၀န်းကျင်၏ သက်‌ရောက်မှု

(၁) ခြံသမားဘက်မှဆိုလျှင် နွားအတွက် လိုအပ်သောအစာအာဟာရနှင့် သတ္ထုဓာတ်များ၊ ဗီတာမင်များ ပြည့်မှီအောင်ကျွေးရန် အရေးကြီးပါသည်။ အာဟာရလိုအပ်ချက်မပြည့်မှီခြင်း‌ကြောင့် ‌သားအောင်/သားပေါက်နှုန်းကို သိသိသာသာ ထိခိုက်စေနိုင်သည်။

    အစာတွင်ပါ၀င်သော မှိုနှင့် အဆိပ်အတောက်များကြောင့်လည်း သား‌လျှောခြင်းနှင့် သန္ဓေသားဆုံးရှုံးခြင်းများကို ဖြစ်စေနိုင်ပါသည်။ 

    ထို့အပြင် ခြံသမားများတွင် မှန်ကန်သော မှတ်တမ်းမှတ်ရာများမရှိခြင်း၊ မြိုင်စက်၀န်းနှင့် ပတ်သက်သည့် ဗဟုသုတအားနည်းခြင်းကြောင့် မြိုင်လက္ခဏာ စောင့်ကြည့်/စစ်ဆေးရာတွင် လိုအပ်ချက်ရှိနေခြင်း၊ မြိုင်တွေ့ရှိသည့်အချိန်ကို သတင်းပို့ရာတွင် အယူအဆ မှားယွင်းခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။

(၂) သားတင်သားစပ်သူအနေဖြင့်လည်း မျိုးချောင်းသိုလှောင်ထိန်းသိမ်းရာတွင် လိုအပ်ချက်ရှိခြင်း၊ သားစပ်မှုနည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများ လိုအပ်ချက်ရှိခြင်း၊ အသုံးပြုသည့်ပစ္စည်းများ သန့်ရှင်းမှုအားနည်းခြင်း၊ သားစပ်ရာတွင် သားအိမ်ကိုထိခိုက်မှုရှိခြင်း၊ မျိုးချောင်းကို နေရောင်၊ သွေး၊ အခြားသောအရည်များနှင့် ထိတွေ့ခြင်း စသည်တို့ မရှိအောင်လည်း သတိထားသင့်ပါသည်။ ထို့အပြင် မျိုးချောင်းနှင့် သုတ်ပိုးအရည်အသွေး ကောင်းမွန်ရန်နှင့်၊ မျိုးအောင်ရန်လိုအပ်သော သုတ်ရည်ပမာဏ ဖြစ်ရန်လည်း ‌အရေးပါပါသည်။

(၃) နွားမ၏ ချို့ယွင်းချက်များကြောင့်လည်း မျိုးအောင်/မျိုးပွားနှုန်းကို လျော့နည်းစေနိုင်ပါသည်။

- သားစပ်ချိန်တွင် နွားမ၏ ခန္ဓာကိုယ်အနေအထား ပိန်လွန်းခြင်း

- မွေးဖွားပြီး ဖြစ်တတ်သောရောဂါများ ဖြစ်ထားခြင်း (ဥပမာ-အချင်းကျန်ခြင်း၊ သားအိမ်ယောင်ခြင်း၊ နို့အုံယောင်ခြင်း၊ ခြေထောက်နာခြင်း)

- မျိုးပွားလမ်းကြောင်းအနေအထား ပုံမှန်မဟုတ်ခြင်း (သားအိမ်ခေါင်း ပုံမှန်အနေအထားမဟုတ်ခြင်း၊ သားအိမ်တွင် အလုံးအကျိတ်တည်ခြင်း)

- မျိုးပွားလမ်းကြောင်းဆိုင်ရာ ရောဂါများရှိခြင်း

- အရင်တစ်သားတွင် မွေးရခက်ခြင်း၊ အမွှာမွေးထားခြင်း၊ ဗိုက်ခွဲမွေးထားခြင်း

- ဟော်မုန်းမမျှတခြင်း (သားဥမကြွေခြင်း၊ သားဥကြွေမှု နောက်ကျခြင်း၊ သားဥကြွေသော်လည်း ၎င်းသားဥသည် သန္ဓေအောင်နိုင်လောက်အောင် ကောင်းမွန်မှုမရှိခြင်း )

- သားအောင်‌သော်လည်း သန္ဓေသားလောင်းသေဆုံးခြင်း (အကြောင်းအမျိုးမျိုး‌ကြောင့် သန္ဓေအောင်ပြီး ၄ ပတ် မှ ၈ ပတ်အတွင်း သေဆုံးနိုင်မှု ၂၀% အထိ ရှိနိုင်ပါသည်)

- မိခင်၏ ဇီ၀ကမ္မဆိုင်ရာများမှ ကိုယ်၀န်ကို အသိအမှတ်မပြုခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါသည်။

(၄) ပတ်၀န်းကျင်၏ သက်ရောက်မှုများအနက် အပူဒဏ်ခံစားရမှု (Heat Stress) သည် မျိုး‌အောင်/မျိုးပွားမှုကို များစွာထိခိုက်မှုရှိသည်။ အပူဒဏ်ခံစားရမှုကြောင့် မြိုင်လာခြင်းကို အနှောင့်အယှက်ပေးသလို သားအောင်ပြီး အပူဒဏ်ခံစားနေရသောမိခင်၏ သ‌‌န္ဓေသားလောင်းသည် သန္ဓေအောင်ပြီး ရက်အနည်းငယ်အတွင်း သေနိုင်ပါသည်။ ထို့အပြင် စောမွေးခြင်း၊ အလေးချိန်နည်းသော နွားလေးမွေးခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့အပြင် အပူဒဏ်အပြင်းအထန်ခံစားရတဲ့မိခင်မှ မွေးလာတဲ့ နွားမလေးများသည် တခြားနွားမများထက် သားစပ်ရခက်ခြင်းနဲ့ တခြားပြဿနာများ ပိုတွေ့ရတတ်ပါသည်။

    ထို့အပြင် နွားမကို စိတ်ဖိအား‌ဖြစ်‌စေနိုင်သော အခြားအကြောင်းအရာများကြောင့်လည်း မျိုးအောင်/မျိုးပွားနှုန်းကို ထိခိုက်စေနိုင်ပါသည်။(ဥပမာ-နွားမကို ထိန်းသိမ်း/ကိုင်တွယ်သူကြောင့်ဖြစ်သော စိတ်ဖိအား၊ အကောင်ရေများပြီး နေရာလုံလောက်မှု မရှိခြင်း၊ ရေလုံလောက်စွာ မသောက်မရခြင်း စသည်......)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်