လယ်ယာစီမံခန့်ခွဲမှုဆိုတာ

12/06/2020 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဂုဏ်ယူပါတယ် တောင်သူဦးကြီးတို့ခင်ဗျာ

တောင်ယာစိုက်ခင်း လယ်ယာစိုက်ခင်း စိုက်ပျိုးခြံတွေကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြတဲ့ ဦးကြီး ဒေါ်ကြီးတို့ က လုပ်ငန်းရှင်ကြီးတွေပါပဲ။ ဘာလို့ ဂုဏ်ယူသလဲဆိုတော့ အခက်ခဲဆုံး လုပ်ငန်းတွေထဲက တစ်ခုကို အနုပညာမြှောက်အောင် လုပ်ဆောင်နေကြလို့ပါပဲ။ ဘာလို့ ခက်တယ်ပြောတာလဲ ဆိုတော့ အောက်မှာ ဆက်ကြည့်ပါဦး။

စိုက်ပျိုးမွေးမြူရေးဆိုတာ ဘာလဲ

စိုက်တယ် ပျိုးတယ် တိရိစ္ဆာန်တွေပါ မွေးတယ်ပေါ့။ အမှန်က အဲ့လိုမဟုတ်ပဲနဲ့ လူမှုစီးပွားရေးတစ်ခုပါ။ မိသားစုတွေပါမယ်။ လုပ်ငန်းဆောင်ရွက်မှုတွေလည်းပါမယ်။ ပြီးတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတစ်ခုအတွက် လိုအပ်တဲ့ တည်ဆောက်မှုတွေ ပါဝင်မယ်။ မြေဘယ်လောက်သုံးမယ်။ အလုပ်သမားဘယ်လောက်လိုမယ်။ အရင်းဘယ်လောက်ကုန်မလဲနဲ့ ဘယ်လိုနည်းပညာကိုသုံးမယ်ဆိုတာကနေ စပြီးတော့ ဆုံးဖြတ်ချက်တွေ အကုန်ပါဝင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ အဲ့ကနေ အမြတ်ထွက်အောင်လည်း လုပ်ရပါသေးတယ်။ လွယ်တော့ မလွယ်တဲ့ လုပ်ငန်းပါ။

လယ်ယာစီမံခန့်ခွဲမှုက အရေးကြီးသလား

စီမံခန့်ခွဲမှုနည်းလမ်းတွေကို သုံးပြီးတော့ လယ်သမားကြီးတစ်ဦးတစ်ယောက်ကနေ ကိုယ့်မှာရှိတဲ့ အရင်းအမြစ်တွေကို ကောင်းကောင်းအသုံးချနိုင်ပြီး အကျိုးအမြတ်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင် မန်နေဂျာ လိုသလား

မလိုပါဘူး စိုက်တဲ့ပျိုးတဲ့ ကိုယ်ကိုယ်တိုင်က မန်နေဂျာကြီးပါပဲ။ ဂျာကြီးပါ။ ဂျာကြီးဖြစ်လာရင် ဘာတွေလုပ်ရမလဲဆိုတော့ အောက်က အချက်တွေလုပ်ကို လုပ်တတ်ရပါမယ်။

(က) သုံးသပ် ခွဲခြားနိုင်စွမ်းရှိရမယ်။ လုပ်ခဲ့သမျှကာလက အကောင်းအဆိုးနဲ့ ဖြစ်တန်စွမ်းတွေကို နားလည်သုံးသပ်နိုင်ဖို့က လိုအပ်တဲ့ တစ်ချက်ပါပဲ။

() ကြိုတင်စီမံမယ်။ အရင်က အကြောင်းတွေ သုံးသပ်ပြီးတော့ အခုက ဘာတွေ စိုက်ပြီး ဘာကောင်မွေးမယ်ဆိုတာကို အခွင့်အလမ်းတွေနဲ့ သတိထားစရာတွေ ပေါင်းပြီး ကြိုတင်စီမံကိန်း ချရပါတယ်။

() အကောင်အထည်ဖော်မယ်။ ချထားတဲ့ စီမံချက်အတိုင်းဖြစ်လာဖို့ကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ စီမံနိုင်ရပါမယ်။

() စောင့်ကြည့်မယ်။ အကောင်အထည်ဖော်စဉ်နဲ့ ဖော်ပြီးကာလတွေမှာ အနည်းဆုံး ကုန်ကျစရိတ်ဖြစ်အောင် နဲ့ အကောင်းဆုံး နည်းလမ်းတွေဖြစ်အောင် ရွေးချယ်တတ်ရပါမယ်။

() အကဲဖြတ်တယ်။ ဖြစ်ပြီးသွားတဲ့ အကြောင်းအရာတွေအပေါ်မှာ ကြည့်ပြီးတော့ နောက်ပိုင်း စီမံချက်ချပြီး အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လိုပြောင်းလဲမှုတွေ လုပ်မလဲဆိုတာကို အကဲဖြတ်နိုင်စွမ်းလည်းရှိရပါမယ်။

စာနဲ့ပေနဲ့ရေးတော့ အဲ့လိုပေါ့။ တကယ်တမ်းလုပ်ကိုင်နေတဲ့ စိုက်ပျိုးရေးလုပ်ငန်းက လုပ်ငန်းရှင်တွေက အဲ့ကိစ္စတွေက မဖြစ်မနေဆုံးဖြတ်ချက် ချနိုင်ကြပါတယ်။ စပါးစိုက်မယ်ဟေ့ ဘယ်ချိန်စိုက်မယ် မြေဘယ်လိုပြင်မယ် ဘယ်နားတော့ ပျိုးမယ်ဟေ့ ဆိုတဲ့ ဆုံးဖြတ်ချက်တိုင်းမှာ အစောက ပြောတဲ့ () ဆင့်က ပါကိုပါပါတယ်။

စိုက်ပျိုးမွေးမြူရေး စီမံခန့်ခွဲမှု ရဲ့ ရည်ရွယ်ချက် က ဘာလဲ?

စီမံခန့်ခွဲမှု လုပ်တယ်ဆိုမှတော့ တစ်ခုခုလိုချင်လို့ လုပ်တာပေါ့။ ရည်ရွယ်ချက်တစ်ခုတော့ ရှိတယ်လေ။ ကိုယ်လုပ်နေတဲ့ စီမံခန့်ခွဲမှုတွေရဲ့ ရည်ရွယ်ချက်တွေက ဘာတွေဖြစ်မလဲ။

- အမြတ်အစွန်းရအောင် ဘယ်လိုလုပ်မလဲ။

- အကောင်းဆုံး စိုက်စနစ် သီးနှံ သီးရော စိုက်ခင်း တစ်ခု ဘယ်လိုရွေးနိုင်မလဲ

- သွင်းအားစု ကုန်ကျစရိတ်ကို အနည်းဆုံးဖြစ်အောင် ဘယ်လိုလျော့ချမလဲ။

- ထုတ်လုပ်မှုစွမ်းအား ကို ဘယ်လိုမြှင့်တင်နိုင်မလဲ

- အရည်အသွေးကို ဘယ်လို မြှင့်တင်နိုင်မလဲ

- ဈေးကွက်ကို ဘယ်လိုရှာဖွေမလဲ

- စိတ်ချရတဲ့ ငွေကြေးအရင်းအနှီးကို ဘယ်လိုရွေးချယ်မလဲ

- စွန့်စားရတာတွေကို ဘယ်လိုစီမံမလဲ

အဲ့ဒါတွေက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတစ်ခုကို စီမံမှုတွေ ဘာကြောင့်ပြုလုပ်တယ်ဆိုတဲ့ အဖြေတွေပါပဲ။ ကိုယ့်အဖြေနဲ့ကိုယ် ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ် စီမံခန့်ခွဲနိုင်ကြပါတယ်။

တောင်သူတွေကသာ စီမံခန့်ခွဲမှုကို မလုပ်ကြရင် ဘာဖြစ်မလဲ

- မျိုးစေ့တွေနဲ့ မြေဆီသြဇာတွေလိုမျိုး သွင်းအားစုတွေက ဝယ်ယူနေကြရတဲ့အချိန်မျိုး၊ ဈေးကလည်း အမြဲတမ်းပြောင်းလဲနေပြန်သေးတယ်

- ဝယ်လိုအားနဲ့ ဝယ်ဈေးဆိုတာကလည်း တသမှတ်တည်း အမြဲတမ်းမရှိပဲ ပြောင်းလဲနေတယ်။

- ထုတ်လုပ်မှုကုန်ကျစရိတ်တွေကိုလည်း အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေကြတဲ့ နည်းလမ်းအသစ် အသစ်တွေကလည်း ပေါ်နေတဲ့ အခြေအနေကြီးဖြစ်နေတယ်။

ဆိုတော့ အဲ့အချက် ၃ ချက်နဲ့တင် ဘာကြောင့်များ စီမံခန့်ခွဲမှုကို လုပ်ရမှာလဲဆိုတာ ပြည့်စုံသွားလောက်ပါပြီ။ တကယ်လို့များ လိုက်မလုပ်ဖြစ်ဘူးဆိုရင်ရော - ရည်ရွယ်ချက်တွေ မပြည့်ဝတော့ဘူးပေါ့။ ကျန်တဲ့ အကျိုးဆက်တွေလည်း အများကြီးပါပဲ။။

ခု စာဖတ်ဖြစ်ပြီးတဲ့ အခါ နဖူးပေါ် လက်တင် သေချာစဉ်းစားကြည့်ပါ။ ငါစီမံခန့်ခွဲမှု လုပ်နေသလား ဘယ်လိုလုပ်သလဲ အောင်မြင်သလားပေါ့။

ထွန်းဝင်းကျော်

Reference

https://www.google.com/url?sa=t&source=web&rct=j&url=http://www.fao.org/3/ca4601en/ca4601en.pdf%3Ffbclid%3DIwAR2_wwg7FzmbgNclVA8AeaJPZJqwmuAU5J94Xnc8UcTf8DWQHBc01Y0pYQ0&ved=2ahUKEwjlpo2UsvTpAhVggUsFHbYMDVMQFjAAegQIBBAB&usg=AOvVaw0Kl-3Wm8sA_pfxIySTKSTH

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်