သင်၏နို့စားနွားကို နို့ထွက်ကောင်းအောင် အစာစိမ်းဘယ်လိုကျွေးမလဲ

16/03/2019 09:39 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

သင်၏ နို့စားနွားတွေကို အစာစိမ်းကျွေးခြင်းသည် နို့ထွက်နှုန်း၊ ထုတ်ကုန်ထုတ်လုပ်မှုနှင့် အကျိုးအမြတ်များ တိုးတက်အောင်မြင်ဖို့အတွက် အရေးကြီးသော အထောက်အပံ့တခုဖြစ်သည်။ မိုးရာသီရောက်တော့မယ်ဆိုတော့ သင်၏နွား များကို အစာစိမ်းကျွေးဖို့ မြက်ပင်စိုက်ရန် အကောင်းဆုံးအချိန်ရောက်ရှိလာပါပြီ။ သင်၏နွား အစာစိမ်း လုံလောက်စွာ စားသုံးနိုင်ရန် ဧကဘယ်လောက် စိုက်ပျိုးကြမလဲ? ကုန်ကျစရိတ်သက်သာစေတဲ့ အစာကျွေးနည်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်နော် -

နို့ထွက်နှုန်းတိုးတက်ဖို့ရန်အတွက် နို့ညှစ်နွားမဟာ အစာအာဟာရ ပြည့်ဝရန် လိုအပ်ပါတယ်။ နို့ညှစ်နွားမတစ်ကောင်ဟာ အစာစိမ်းတစ်နေ့လျှင် ၅၅ပိဿာကျွေးရန်လိုအပ်ပါသည်။ (တောင်းဖြင့်ကျွေးလျှင် တစ်နေ့လျှင် ၅တောင်း ၆တောင်းခန့်) တစ်လအတွက်ဆိုလျှင် ၁၆၅၀ ပိသာ။

Mombasa တစ်ဧကမှ မိုးရာသီတွင် တစ်လလျှင် ၃၈၆၀ ပိဿာထွက်ရှိနိုင်ပါသည်။ Mombasa တစ်ဧကထွက်နှုန်းသည် မိုးရာသီတွင် နို့ညှစ်နွားမ ၂ - ၃ ကောင် ကျွေးနိုင်ပါသည်။

မိုးရာသီတွင် Mombasa နှစ်ဧကစိုက်ပျိုးလျှင် နို့ညှစ်နွားမ ၅ကောင်ထိကျွေးနိုင်ပါသည်။ မြက်စိုက်လျှင် ရာသီတုနှင့် မြေဆီလွှာပေါ်မူတည်ပီး ထွက်နှုန်းအနည်အများကွာခြားမှုရှိနိုင်ပါတယ်။ ဒေသအလိုက်ထွက်နှုန်းပေါ်မူတည်ပီး ဧက ဘယ်လောက်စိုက်ပျိုးရမယ်ဆိုတာ ဆုံဖြတ်သင့်ပါတယ်။ ခြံမှာရှိတဲ့ နို့နားနွားမ၊ နွားမတန်း၊ နွားကလေးများအတွက်လည်း အစာစိမ်းလိုအပ်တဲ့အတွက်ကြောင့် ထည့်တွက်ပီးစိုက်ပျိုးသင့်ပါတယ်။

သင်ရဲ့ နွားတွေအတွက် မိုးရာသီမှာ ဧကဘယ်လောက်လောက် စိုက်ပျိုးမယ်လို့ ဆုံးဖြတ်ထားပီးပီလား?

Source - MDEP


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်