မြေဩဇာ၊ ပိုးသတ်ဆေး၊ လယ်ယာသုံးပစ္စည်းများကို အန္တရာယ်ကင်းစွာ သိုလှောင်သိမ်းဆည်းနည်းများ

07/07/2022 14:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး ILO Myanmar, VISION ZERO FUND ILO Myanmar, VISION ZERO FUND မှ ပေးပို့ထားပါသည်။

လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်စိုက်ပျိုးနေသည့် တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် ဘေးအန္တရာယ်ကင်းရှင်းရန် အလွန်အရေးကြီးပါသည်။ 

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လယ်ယာသုံးကိရိယာများစနစ်တကျ သိုလှောင်ခြင်းကအရေးကြီးသလို ကျန်းမာရေးထိခိုက်မှုမရှိစေရေးအတွက် မြေဩဇာနှင့်ပိုးသတ်ဆေးများကို စနစ်တကျသိုလှောင်ရေးမှာလည်း အရေးကြီးသည့်အတွက် အလေ့အကျင့်ကောင်းများကို ဖော်ပြပေးလိုက်ပါသည်။

မြေသြဇာများ၊ ပိုးသတ်ဆေးနှင့် သီးနှံထုတ်ကုန်များကို ရောနှောသိုလှောင်ပါက သီးနှံများညစ်ညမ်းပြီး အစားအစာဘေးကင်းမှုစံနှုန်းကို ထိခိုက်စေပါသည်။ ထိုသို့ ရောနှောသိုလှောင်ခြင်းကြောင့် ပိုးသတ်ဆေးများသည် မိမိတို့စားသုံးမည့်သီးနှံပေါ်သို့ ဖိတ်စင်နိုင်ပြီး မိမိတို့မိသားစုဝင်များ ကျန်းမာရေးထိခိုက်နိုင်ကာ အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ဖြစ်စေနိုင်၍ သတိပြုသင့်ပါသည်။

ထိုကြောင့် ဓာတုမြေသြဇာများနှင့် ပိုးသတ်ဆေးများကို အစားအသောက်နှင့် သီးနှံထုတ်ကုန်များနှင့်အတူ လုံးဝရောနှောသိုလှောင်ခြင်းမလုပ်ရပါ။ 

ပိုးသတ်ဆေးများကို စနစ်တကျသိုလှောင်သိမ်းဆည်းခြင်း..

ပိုးသတ်ဆေးများကို စင်တို့ဖြင့်သေချာစွာသိမ်းဆည်းပြီး ပိုးသတ်ဆေးအရည်များကို စင်အောက်ဆုံးတွင် သိမ်းဆည်းထားရမည်။ အခဲ၊ အမှုန့်များကို စင်အပေါ်အဆင့်များတွင် သိမ်းဆည်းရပါမည်။ 

သဲနှင့် ကြမ်းတိုက်တံများကို ပိုးသတ်ဆေးသိုလှောင်ထားရှိသည့်နေရာအနီးတွင်ထားပါ။ 

အကယ်၍ ပိုးသတ်ဆေးအရည်များဖိတ်စင်ပါက ဖိတ်စင်သည့်ပိုးသတ်ဆေးများကို စုပ်ယူနိုင်ရန် သဲဖြန့်ခြင်းနှင့် ကြမ်းတိုက်ခြင်းတို့ လုပ်ဆောင်နိုင်သည်။

ပိုးသတ်ဆေးသိုလှောင်သိမ်းဆည်းသည့်နေရာတွင် ကလေးများမဝင်ရောက်နိုင်ရန်အတွက် သော့ခတ်ထားရန်လိုအပ်ပါသည်။ သို့မဟုတ် ကလေးလက်လမ်းမမီသည့်နေရာတွင် သိမ်းဆည်းထားရမည်ဖြစ်ပါသည်။ 

လယ်ယာသုံးပစ္စည်းများကို စနစ်တကျ သိုလှောင်သိမ်းဆည်းခြင်း

မိမိဒေသထွက်ပစ္စည်း (ဝါး၊ သစ်)တို့ဖြင့် လယ်ယာသုံးကိရိယာစင်ပြုလုပ်ထားပုံ။

ပေါက်ပြား၊ ဂေါ်ပြား၊ ဓါး၊ထွန်းခြစ်စသည့် လယ်ယာသုံးပစ္စည်းများကို အသုံးပြုပြီးလျှင် စနစ်တကျသိုလှောင်သိမ်းဆည်းရန်လိုပါမည်။ 

မိမိတို့အသုံးပြုလျှက်ရှိသော ကိရိယာများကို စနစ်တကျမသိမ်းဆည်းထားပါက ပစ္စည်းရှာသည့်အချိန်ပေးရသကဲ့သို့ စနစ်တကျမသိမ်းဆည်းခြင်းကြောင့် သင်နှင့်သင်မိသားစုဝင်များ မတော်တဆထိမိတိုက်မိပါက ထိခိုက်ဒဏ်ရာများရနိုင်ပါသည်။

ထိုသို့သော မတော်တဆမှုများကို ကာကွယ်သည့်အနေဖြင့် လယ်ယာသုံးကိရိယာများကို စနစ်တကျသိုလှောင်သိမ်းဆည်းရန် အကြံပြုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်