မွေးမြူရေးငါးကန် ကန်ရေအရည်အသွေးစံချိန်စံညွှန်းများနှင့် မပြတ်စစ်ဆေးပေးရမည့်အချိန်ဇယား(၁)

19/01/2023 17:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်သူများအနေဖြင့် ငါးများ၏ကျန်းမာရေးနှင့် ကြီးထွားနှုန်းကောင်းစေရန်လိုအပ်သော ကန်ရေ၏ အရည်အသွေးစံညွှန်းများကို အသေးစိတ်သိရှိစေရန်အတွက် လေ့လာရေးသားဖော်ပြပေးလိုက်ပါသည်။ 

၁။ အပူပိုင်းနှင့်အအေးပိုင်းငါးများအတွက် လိုအပ်သောကန်ရေ၏အပူချိန်(Water temperature)

  • အပူပိုင်းငါး-  25 °C မှ 32 °C အတွင်း ရှိသင့်ပါသည်။(အပူချိန်  32°C အထက်နှင့် 24 °C အောက်၌ အစာကျွေးနှုန်းလျှော့ချရန်လိုပြီး 27°C မှအထက် ရောက်ချိန်မှသာ အစာကျွေးသင့်ပါသည်)
  • အစာစားနှုန်းအကောင်းဆုံး-  27°C အထက်ရှိလျှင် ကောင်းမွန်ပါသည်။ 
  • အအေးပိုင်းငါး-  20°C အောက်(10°C မှ 18°C) ရှိရပါမည်။ (အပူချိန်မြင့်မားလာပါက ရေဒလက်မောင်းပေးခြင်း၊ ရေသွင်းပေးခြင်းဖြင့်  ပျော်ဝင်အောက်ဆီဂျင်(D.O) မြင့်မားလာစေရန် ပြုလုပ်ပေးရသည်)

၂။ ရေနောက်ကျိခြင်း(Turbidity)

ရေနောက်ကျိမှုသည် ငါးများ၏ အစာစားနှုန်းနှင့် ကြီးထွားနှုန်းကိုထိခိုက်စေသဖြင့်...

အနည်မှုန့်များအနည်ထိုင်စေရန်-

  • ကန်တစ်ကန်လျှင် လချေးကျောက်(Gypsum)ထုံးမှုန့်ကို ပိဿာ ၆၀ မှ ၁၂၀ အထိလည်းကောင်း၊
  • ကျောက်ချဉ်(Alum)ကို ၁၀ ပိဿာမှ ၂၀ ပိဿာနှုန်းဖြင့်လည်းကောင်း၊
  • နွားချေး၊ ကြက်ချေး ၁၂၀ ပိဿာမှ ၂၄၀ ပိဿာထိ ရေဖျော်၍လည်းကောင်း ပက်ဖျန်းပေးနိုင်ပါသည်။

၃။ အပင်မျောလှေးများလွန်းခြင်း(Phytoplankton-bloom)

အပင်မျောလှေးသိပ်သည်းမှုပမာဏမှာ Secchi disc တိုင်းတာမှုအရ ၁၂” (၃၀ စင်တီ)မှ ၁၆”(၄၀ စင်တီ)အတွင်း ရှိသင့်ပြီး...

*12”အတွင်း မမြင်ရပါက -

  • မြေသြဇာထည့်သွင်းမှုကိုရပ်ဆိုင်းရန်နှင့် အစာကျွေးနှုန်းလျှော့ချပေးရန်လိုပြီး ကယ်စီယမ်ဆာလ်ဖိတ်(Gypsum)ထည့်သွင်းပေးရန်၊
  • ကော့ပါးဆာလဖိတ်(ဒုတ္တာ)ကို Total Alkalinity 100 တွင် 1mg/L နှုန်းထည့်ပေးရန်လိုပါသည်။

*၁၆” အထက်မြင်နေရပါက-

  • မြေသြဇာထည့်သွင်းပေးရန် လိုအပ်သည်။

၄။ ပျော်ဝင်အောက်ဆီဂျင်(D.O)

ကန်ရေထဲ၌ D.O အနည်းဆုံး 5mg/L အထက် ရှိသင့်သည်။

*D.O နိမ့်ကျနေပါက-

  • ရေသစ်သွင်းပေးခြင်း၊ ရေဒလက်များမောင်းပေးခြင်း၊ ရေလှုပ်ရှားပေးခြင်း၊ အစာကျွေးနှုန်းလျှော့ချခြင်းများ ပြုလုပ်ပေးရမည်။
  • *Phyto-bloom အပင်မျောလှေးများလွန်းပါက ညအချိန် D.O နိမ့်ကျလာနိုင်သဖြင့် မြေသြဇာထည့်သွင်းမှုကို ရပ်ဆိုင်းထားရမည်။

၅။ နိုက်ထရိုက်(Nitrite)နှင့် နိုက်ထရိတ်(Nitrate)

ရေချိုငါးကန်- နိုက်ထရိတ် 27 mg/L ထက် မပိုစေရ၊

                   - နိုက်ထရိုက် 0.2 mg/L ထက် မပိုစေရ၊

- နိုက်ထရိုက်မြင့်မားပါက သွေးထဲ၌ O2 ရရှိမှုနည်းလာသည်။

*ဖယ်ရှားရန်-

  • ဆား (Nacl2) 25ppm(တစ်ဧက 100 kg)ဖြင့် နိုက်ထရိုက်  1mg/L ကို ဖယ်ရှားနိုင်သည်။

၆။ ရေအရည်အသွေးအား စစ်ဆေးရန်အချိန်ဇယား

  • ရေအရောင်(Water Colour) - နေ့စဉ်
  • ရေကြည်နှုန်း(Transparency)- တစ်ပါတ်တစ်ကြိမ်
  • အပူချိန်(Temperature) - နေ့စဉ်
  • ရေအနက်ပေ(Water depth)- တစ်လတစ်ကြိမ်
  • ရေ၏ချဉ်ဖန်နှုန်း(pH) - တစ်ပတ်တစ်ကြိမ်
  • ထုံးဓာတ်ပါဝင်နှုန်း(Alkalinity) - နှစ်ပတ်တစ်ကြိမ်
  • ရေစေးခြင်း(Hardness) - ၂ ပတ်တစ်ကြိမ်
  • ပျော်ဝင်အောက်ဆီဂျင်(D.O) - နေ့စဉ်နံနက်ပိုင်း
  • အမိုးနီးယား(Ammonia) - ငါးနှင့် ရေအခြေအနေအရ
  • ဟိုက်ဒရိုဂျင်ဆာလဖိုဒ်(H2S)- ငါးနှင့် ရေအခြေအနေအရ

တိုင်းတာစစ်ဆေးပေးရပါမည်။

၇။ ချဉ်ဖန်နှုန်း(pH)

  • pH 6.5 မှ 8.5 အတွင်း(နံနက်ပိုင်း၌ အနည်းဆုံး 6.5 ရှိသင့်သည်။)
  • Alkalinity ကျလာပါက pH အတက်အကျ ကွာခြားမှုကြီးသည်။
  • pH နိမ့်ကျပါက- Ca(OH)2 ဖောက်ထုံးနှင့် CaCo3 ထုံးကျောက်နှင့် ဒိုလိုမိုက်ထုံးမှုန့်များကို ထည့်သွင်းပေးရသည်။

*ကန်ရေ၏ pH ပေါ်မူတည်၍ ထုံးထည့်သွင်းနှုန်း-

  • pH 4.0 - 4.9 ......... 75 kg - 50 kg
  • pH 5.0 - 6.4 ......... 50 kg - 40 kg
  • pH 6.5-7.4  .........  40kg-25kg

*pH 8.5 ထက်မြင့်နေပါက ရေသစ်လဲလှယ်ပေးခြင်းနှင့်လချေးထုံးကျောက် (ကယ်လ်စီယမ်ဆာလဖိတ်) တစ်ဧကလျှင် 25 kg နှုန်း ထည့်သွင်းနိုင်သည်။

 

(ကျန်ရှိသောအကြောင်းအရာများကို အပိုင်း (၂) တွင် ဆက်လက်ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်