အပူချိန်မြင့်၍ကျတတ်သည့် ငါးရောဂါများကို ကြိုတင်ကာကွယ်နည်းများ

27/04/2023 11:00 AM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

လက်ရှိတွင် အပူချိန်မြင့်တက်မှုများ သိသိသာသာ ဖြစ်ပေါ်နေချိန်ဖြစ်ပါသည်။ ယင်းကဲ့သို့ အပူချိန် မြင့်တက်ချိန်မျိုးတွင် ငါးမွေးကန်များ၌ ရောဂါများကျရောက်တတ်၍ ယင်းကဲ့သို့မဖြစ်ပေါ်စေရန် ကြိုတင်လုပ်ဆောင်ပေးသင့်သည့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။

ဖြစ်ပေါ်လာနိုင်သောရောဂါများ

  • (က) ပါးဟက်မည်းရောဂါ 
  • (ခ) အခွံမည်းရောဂါ (အမဲပျောက်များ) (Black Brown Spot)
  • (ဂ) အမြီးအဖျားနာခြင်း
  • (ဃ) အနီရောင်ရောဂါ
  • (င) အမည်းရောင်အစင်းတန်းရောဂါများ  

(က) ပါးဟက်အမည်းရောဂါ - ပါးဟက်အတွင်း ပရိုတိုဇိုခေါ်သော ပိုးမွှားများ ရောက်နေသော ကြောင့် ပါးဟက်များမည်းခြင်းကို ဆိုလိုသည်။

(ခ) အခွံမည်းရောဂါ - အရေခွံ၏အဆက်စပ်ကြားများတွင် ပရိုတိုဇိုခေါ်သော ပိုးမွှားရောက်နေသောကြောင့် အရေခွံများနာနေခြင်းဖြစ်သည်။

အမြီးဖျားနာခြင်း၊ အနီရောင်ရောဂါဖြစ်ခြင်း၊ အမည်းရောင်အစင်းတန်းများ ဖြစ်ပေါ်နေမှုများသည် ရေထုအတွင်းရှိ ဘက်တီးရီးယားပိုးမွှား၊ ပရိုတိုဇိုများမှ ရေထုကို ညစ်ညမ်းစေမှုဖြစ်ပေါ်သဖြင့် ရောဂါများဖြစ်လာစေခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

ယင်းကဲ့သို့ ပူပြင်းခြင်းကြောင့်ဖြစ်တတ်သောပြဿနာများ မဖြစ်ပေါ်စေရန်ဆိုပါက အောက်ပါကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးနိုင်ပါသည်။

နွေရာသီရေရှားပါးသော ဧပြီလမှဇွန်လကာလများတွင် အပူချိန်များမြင့်တက်လာသဖြင့် အောက်ပါ အစီအစဉ်အတိုင်း ဆောင်ရွက်နိုင်ပါသည်။ 

၁။ အထူးသဖြင့် ကန်ရေများခန်းခြောက်လာပြီး ရေအနက်မှာ ကျဆင်းနေပါသည်။ ထိုအခါတွင် ကန်ရေများကို ရေအသစ်ထည့်ပြီး ကန်ရေအနက်ကို တိုးမြှင့်ထားရမည်။ ဥပမာအားဖြင့် ကန်ရေသည် ၃ ပေခန့်သာရှိပါက ကန်ရေကို ၅ ပေခန့်အထိ တိုးမြှင့်ခြင်းပြုလုပ်ထားနိုင်သည်။

၂။ ကန်အတွင်းရှိရေများ ငြိမ်သက်မနေစေဘဲ ရေများကို လှုပ်ခါသွားစေရန် ဆောင်ရွက်ရမည်။ ကူဘိုတာကို အသုံးပြုပါက ကန်အတွင်းရှိရေများကိုစုပ်ယူပြီး ရေထုတ်ပိုက်၀မှ ထွက်လာသောရေကိုကန်အတွင်းပြန်ထည့်ပြီး ရေလှည့်ပေးရန်လိုသည်။ ထိုအခါ အောက်စီဂျင်ပျော်၀င်နှုန်းလည်း ကောင်းမွန်ပြီး ငါးများရှင်သန်နှုန်းကောင်းသည်။ ရေပန်းနည်းကိုလည်း အသုံးပြုနိုင်သည်။

၃။ ဖြစ်နိုင်ပါက ကန်ကြပ်များမွေးမြူထားပါက အကြီးကောင်ငါးများကို ချန်ထားခဲ့ပြီး အရွယ်သေးသော ငါးများကို ရေထည့်ထားသော ကန်အသစ်တွင်ပြောင်းရွှေ့မွေးမြူနိုင်ရမည်။

၄။ အပူချိန်များက အစာကျွေးခြင်း ခဏရပ်နားပေးခြင်း၊ ရေသြဇာဖြည့်စွက် ခဏရပ်နားထားခြင်း ဆောင်ရွက်ရမည်။ ရေအသစ်ထည့်ပြီးမှ အစာကျွေးခြင်းကို ပြန်လည် စတင်နိုင်သည်။

ကိုမောင်မောင်(Thuwunna)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်