“တန်ဖိုးကြီး......... ရေချို ပုစွန်ထုပ် (Freshwater Prawn)”

10/08/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     ရေချိုပုစွန်ထုပ်မှာ ခြေ၊ လက်()စုံပါတဲ့ အခွံမာရေနေသတ္တဝါ (decapods crustaceans) များဖြစ်ကြပြီး ရှည်လျှားသော ဦးမှင်အင်္ဂါ()ခုမှာ သူတို့ဦးခေါင်းထိပ်တွင် ရှိကြပါသည်။ တမူထူးခြားသည်မှာ ပုစွန်ထုပ်၏ သွေးအရောင်မှာ နက်ပြာရောင် ဖြစ်နေပါသည်။

     အခွံမာရေနေသတ္တဝါဖြစ်သော ပုစွန်ထုပ်မှာ မကြာခဏ အခွံလဲတတ်သော သဘာဝရှိကြပြီး ပထမ()နှစ်သားအတွင်း (၁၄-၁၇)ကြိမ်အထိ အခွံလဲတတ်ကြပါသည်။ နောင်ကြီးလာသောအခါ တစ်နှစ်တစ်ကြိမ် အခွံလဲကြပါသည်။ပုစွန်ထုပ်အမြီးမှာ ယပ်တောင်သဖွယ်ပြန့်ကားနေပြီး အခွံမှာ အပြာရောင်သန်းပါသည်။ ပုစွန်ထုပ်ကိုယ်ထည်မှာ လုံးနေပြီး အစိတ်အပိုင်း()ခု ဆက်စပ်ထားသကဲ့သို့ ဖြစ်နေပါသည်။

     ကမ္ဘာပေါ်တွင် ပုစွန်ထုပ်မျိုးစိတ်ပေါင်း ၂၀၀ ခန့်ရှိကြပြီး Macrobrachium Rosenbergii မျိုးစိတ်မှာ အကြီးမားဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တွေ့ရှိရပါသည်။ အမြင့်ဆုံးအလျား (29-33) စင်တီမီတာထိရှိကြပါသည်။

    ပုစွန်ထုပ်မှာလည်း ကဏန်းကဲ့သို့ ခြေ၊ လက် (စုံပါပြီး ပထမအစုံကို 'လက်မ'ဟု ခေါ်ကြပါသည်။ လက်မ (ဖက်မှာ ကြီး၍ တုံးသောသွားများပါရှိကာ ယင်းလက်မဖြင့် သူတို့၏ အစာကို ကြိတ်ချေကြသည်။ ကျန်လက်မတစ်ဖက်မှာ သေးငယ်၍ ချွန်ထက်သော သွားများပါရှိကာ အစာကို ကိုက်ဖြတ်ရန် အသုံးပြုကြပါသည်။ ပုစွန်ထုပ်များမှာ အစုံစား (omnivorous) များဖြစ်ကြ၍ ခရု၊ ကမာ၊ ရေမှော်၊ ပုစွန် စသည်တို့ကို သူတို့၏ အစာအဖြစ်စားသုံးကြပါသည်။

     ပုစွန်ထုပ်အမမှာ ဥတစ်ကြိမ်ဥလျှင် (၁၀၀၀၀ – ၅၀၀၀၀ခန့် ဥ,ဥ နိုင်ကြပါသည်။ ယင်းဥများကို ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါငယ်လေးများတွင် အမြဲကပ်နေအောင် သယ်ဆောင်ထားကြပါသည်။ ပုစွန်ထုပ်ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါငယ်များမှာ ပုစွန်ထုပ်များ ရေကူးရာတွင် သူတို့လှော်တက်များသဖွယ် အသုံးပြုကြပါသည်။

     ပုစွန်ထုပ်အမမှာ ဥများကို (၁၁လမျှကြာအောင် သူတို့ရေကူးအင်္ဂါငယ်များတွင် သယ်ဆောင်ထားစုပြီးနောက် ပုစွန်ထုပ်ကလေးများ ပေါက်ဖွားလာကြပါသည်။ အများအားဖြင့် နွေဦးရာသီတွင် ပုစွန်ထုပ်လေးများ ဥမှပေါက်လေ့ရှိကြပါသည်။ ပေါက်ခါစတွင် ပုစွန်ထုပ်လေးများမှာ ၁ လက်မ (ပုံ (ပုံခန့်သာ အရှည်ရှိကြပါသည်။ ဦးခေါင်းကြီး၍ အမြီးငယ်သည်။ ထိုမှစ၍ ပုစွန်ထုပ်ကလေးများသည် အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်း အရွယ်ကြီးလာပြီး အလေးချိန်လည်း စီးလာကြပါသည်။

     ပုစွန်ထုပ်ကို ရေချို၊ မြစ်ချောင်း၊ အင်းအိုင်များတွင် ပိုမိုရမိတတ်ကြပြီး တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ပိုမိုရမိကြောင်းသိရသည်။

     ပုစွန်ထုပ်များ ဈေးကောင်းလှပြီး တစ်ပိဿာ (၂၀၀၀၀ – ၃၅၀၀၀ကျပ် ထိရှိကြပါသည်။ ပုစွန်ထုပ်ကို ပုစွန်ထုပ်ကင်၊ ပုစွန်ထုပ်ပေါင်း၊ ပုစွန်ထုပ်ကုန်းဘောင်၊ ပုစွန်ထုပ်သုပ်၊ ပုစွန်ထုပ်တန်ပူရာ၊ ပုစွန်ထုပ်အချိုချက်/အစပ်ချက် စသည့်ဟင်းလျာများမှာ နာမည်ကြီးလှပါသည်။

     ပုစွန်ထုပ်မှာ လေထိုး၊ လေအောင့် လေနာသည်များအတွက် ကောင်းကျိုးပြုသည်ဟု မှတ်ရဖူးပါသည်။

ရေချိုပုစွန်ထုပ်ကို_

Phylum (မျိုးပေါင်းစု) - Arthropoda

Class(အမျိုးအစား) - Malacostraca

Order(မျိုးစဥ်) - Decapoda

Family(မျိုးရင်း) - Palaemonidae

Genus(မျိုးစု) - Macrobrachium

Species(မျိုးစိတ်) - Macrobrachium rosenbergii ဟူ၍ဖြစ်ကြပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်