ရေချိုပုစွန်ထုပ်မွေးမြူရေးအကြောင်း

14/09/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မွေးမြူပုံ

     ရေချိုပုစွန်ထုပ် စီးပွားဖြစ်မွေးမြူခြင်းလုပ်ငန်းများတွင် ရေချိုပုစွန်ထုပ်မျိုးစိတ်တစ်မျိုးဖြစ်သည့် Macrobrachium Rosenbergii မျိုးစိတ်သည် အချိန်တိုကာလအတွင်း အလွယ်တကူ အသားတိုးကြီးထွားဖွံ့ဖြိုးနိုင်ခြင်းကြောင့် စီးပွားဖြစ်မွေးမြူခြင်းလုပ်ငန်းများတွင် ဦးစားပေးမွေးမြူလျက်ရှိကြပါသည်။

     ယင်းရေချိုပုစွန်ထုပ် အဆင့်လွန်သားပေါက်()ကောင်သည် မြန်မာ့ရေမြေသဘာဝနှင့် ပတ်ဝန်းကျင်အခြေအနေတွင် ကျွေးမွေးသည့် အစာအမျိုးအစားနှင့် မွေးမြူကန်ရေထု၏ ဂုဏ်သတ္တိပါဝင်မှု အခြေအနေပေါ်အခြေခံ၍ (၁၀လခန့်တွင် လိင်အားဖြင့် အရွယ်ရောက်အကောင်ကြီးများ ဖြစ်လာကြပါသည်။

     ယေဘူယျအားဖြင့် သားပေါက်စခန်းမှ ဝယ်ယူရရှိသည့် အဆင့်လွန်သားပေါက်ကို မွေးမြူရာတွင် -

ကန်အကျယ် - ၁ ဧက (သို့) ဧကဝက် (/)ဧက ဆို စမွေးလို့ရပါပြီ။

ထည့်သွင်းမည့်သားပေါက်ကောင်ရေ - ၁ ဧကကန်တွင် ပုစွန်ထုပ်သားပေါက်ကောင်ရေ (၁၀၀၀၀နှုန်း ထည့်သွင်းမွေးမြူနိုင်သည်။

မွေးမြူကာလ (၁၀ – ၁၂) လခန့်မှ (၁၈ – ၂၀) လခန့်အထိ

ကြီးထွားနှုန်း - (၁၀ – ၁၂) လခန့်ကြာ မွေးမြူပါက အမများသည် ခန္ဓာကိုယ်အလျား (.၅ – ၅.လက်မခန့်ရှိကြပြီး အဖိုများသည် ( .၀ – ၆.) လက်မခန့် ရှိကြပါသည်။ (၁၈ – ၂၀လခန့်အကြာ မွေးမြူပါက အမမှာ (- ၁၀လက်မခန့်အထိ၊ အဖိုမှာ (၁၁- ၁၂လက်မခန့်အထိ ခန္ဓာကိုယ်အလျား ရှည်ကြပါသည်။

ပျှမ်းမျှအလေးချိန် - အလေးချိန်အားဖြင့်ကြည့်ပါက လိင်ကွဲပြားမှုဆိုင်ရာ အဖိုအမကောင်များပေါ်အခြေခံ၍ ပျှမ်းမျှ (ကောင်၏အလေးချိန်သည် (-၂၅) ကျပ်သားအထိ ရှိကြပါသည်။

ရေချိုပုစွန်ထုပ်မွေးမြူရာတွင် အရေးပါသည့် မွေးမြူကန်မြေနေရာရွေးချယ်ခြင်း (Site selection)

() နေရာဒေသ (Locality)

     ရေချိုပုစွန်ထုပ်ကြီး အသားတိုးမွေးမြူရန်အတွက် နေရာဒေသရွေးချယ်ရာတွင် မွေးမြူကန်ရေထု၏ သန့်စင်မှုကို လိုအပ်သလို လဲလှယ်ဆောင်ရွက်ပေးနိုင်ရန် သန့်စင်သည့် ရေချိုလုံလောက်စွာရရှိနိင်မည့် အခြေအနေကို အဓိကထား၍ ရွေးချယ်ရပါမည်။ အထူးသဖြင့် ရေနံချက်စက်ရုံ၊ ပိုးသတ်ဆေးဝါးစက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ သားရေလုပ်ငန်းစက်ရုံ အစရှိသည့် စက်ရုံများနှင့်ကင်းဝေးသည့် နေရာဒေသမျိုးဖြစ်ရန် အရေးကြီးပါသည်။ ထို့အတူ မိုးရာသီကာလများအတွင်း ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်နိုင်ခြင်း အခြေအနေမျိုးနှင့်လည်း ကင်းဝေးသည့် နေရာဒေသမျိုးဖြစ်ရပါမည်။

() ရာသီဥတု (Climate)

     မြန်မာနိုင်ငံ၏ ရာသီဥတုပတ်ဝန်းကျင်အခြေအနေသည် မစိုလွန်း မခြောက်လွန်းသည့် ရာသီဥတုမျိုးရှိသည့်အတွက် နေရာဒေသအလိုက် ရေချိုပုစွန်ထုပ်ကြီး အသားတိုးမွေးမြူခြင်းလုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန် သင့်တော်ပါသည်။ သို့သော် တောင်ပေါ်ဒေသ (ကချင်၊ ချင်း၊ ရှမ်းပြည်နယ်များသည် ရာသီဥတုအခြေအနေကြောင့် ရေထု၏ အပူချိန်ပါဝင်မှုအခြေအနေကို အနည်းနှင့်အများ ပြောင်းလဲခြင်းဖြစ်စေနိုင်သည့်အတွက် ကြီးထွားဖွံ့ဖြိုးမှုအပေါ် ဟန့်တားမှုဖြစ်စေနိုင်ပါသည်။

() မြေအမျိုးအစား (Type of soil)

     ရေချိုပုစွန်ထုပ်ကြီးမွေးမြူရန် သတ်မှတ်ရွေးချယ်ထားသည့် နေရာဒေသတွင် မွေးမြူကန်များတူးဖော်တည်ဆောက်ရန် မြေအမျိုးအစားသည် အရေးကြီးသည့်အချက် (ရပ်ဖြစ်ပါသည်။ မွေးမြူကန်များအတွင်း ရေသိုလှောင်ထားနိုင်ရန်အတွက် ရေထိန်းစွမ်းအားမြင့်မားသည့် မြေအမျိုးအစားဖြစ်ရန် လိုအပ်ပါသည်။ အထူးသဖြင့် သဲမြေ၊ သဲဆန်သောမြေ၊ သဲနုန်းမြေအမျိုးအစားများကို အထူးရှောင်ရှားရပါမည်။

     ထိုသို့ မြေအမျိုးအစားများသည် ရေထိန်းနိုင်မှု စွမ်းအားနည်းသည့်အပြင် မွေးမြူကန်နှင့် ကန်ဘောင်တည်ဆောက်မှုလုပ်ငန်းများကို ခက်ခဲစေနိုင်သည့်အတွက် ကုန်ကျစရိတ်လည်း အဆမတန်မြင့်မားစေနိုင်ပါသည်။ ထို့ကြောင့် ကျန်သောနှုန်းမြေပါဝင်မှုများသည့် မြေအမျိုးအစားများသည် မွေးမြူကန်တည်ဆောက်လုပ်ကိုင်ရန် သင့်တော်သည့် မြေအမျိုးအစားများဖြစ်ပါသည်။

() မြေအနိမ့်အမြင့်အခြေအနေ(Elevation)

     မွေးမြူကန်တူးဖော်လုပ်ကိုင်ဆောင်ရွက်ရန် မြေအနိမ့်အမြင့်အခြေအနေကို ထည့်သွင်းစဥ်းစားရမည်ဖြစ်သည်။ မြေနိမ့်ရာဒေသမျိုးသည် မွေးမြူကန်အတွင်း ရေသွင်းရန်လွယ်ကူ၍ ရေထုတ်ရန်ခက်ခဲတတ်ပါသည်။ ထို့အတူ မြေမြင့်ရာဒေသမျိုးသည် ရေသွင်းရန်ခက်ခဲ၍ ရေထုတ်ရန်လွယ်ကူတတ်ပါသည်။ ရေချိုပုစွန်ထုပ်ကြီး စီးပွားဖြစ် အသားတိုးမွေးမြူထုတ်လုပ်မှုလုပ်ငန်းတွင် မွေးမြူကန်အတွင်း ရေသွင်းခြင်းနှင့် မွေးမြူကန်အတွင်း ရေထုတ်ခြင်းလုပ်ငန်းများသည် မလွဲမသွေ လုပ်ကိုင်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြေအနိမ့်အမြင့်ရွေးချယ်ရာတွင် မနိမ့်လွန်း၊ မမြင့်လွန်းသည့် နေရာမျိုးဖြစ်ရန်လိုအပ်ပါသည်။

() ရေရရှိနိုင်မှုနှင့် အရည်အသွေး( Water supply & Quality)

     စီးပွားဖြစ် အသားတိုးမွေးမြူရေးလုပ်ငန်းများတွင် ရေသည် မရှိမဖြစ်လိုအပ်သည့် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ ရေချိုပုစွန်ထုပ်ကြီးမွေးမြူခြင်းလုပ်ငန်းရပ်တွင် လိုအပ်မည့်ရေရရှိသည့်တိုင်အောင် ရရှိသည့်ရေအမျိုးအစား၏ အရည်အသွေးပါဝင်မှုအခြေအနေသည် အလွန်မှ အရေးကြီးပါသည်။ ယေဘူယျအားဖြင့် မွေးမြူကန်အတွင်း အသုံးပြုမည့်ရေများသည် အဆက်မပြတ်စီးဆင်းနေသည့် မြစ်ရေ၊ ချောင်းရေများဖြစ်ပြီး သန့်ရှင်းစင်ကြယ်မှုရှိ၍ စက်ရုံ၊ အလုပ်ရုံတို့၏ စွန့်ပစ်ရေများ၊ အညစ်အကြေးများ၊ စိုက်ပျိုးရေးလုပ်ငန်းခွင်မှ ပိုးသတ်ဆေးဝါးများ ကင်းစင်မှုရှိရန် အထူးလိုအပ်ပါသည်။

() လျှပ်စစ်ဓါတ်အားရရှိနိုင်မှုအခြေအနေ( Availability of electric power)

     စီးပွားဖြစ် အသားတိုးမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများတွင် သိပ္ပံနည်းကျ အဆင့်မြင့်၍ လုပ်ကိုင်လာသည်နှင့်အမျှ စက်ကိရိယာယန္တရားများဖြင့် မွေးမြူကုန်ထုတ်လုပ်မှုနည်းစနစ်များကို အခြေခံ၍ မလွဲမသွေအသုံးပြုကြရပါသည်။ ထိုသိုစက်ကိရိယာများ၊ လုပ်ငန်းသုံးကိရိယာများကို တပ်ဆင်မောင်းနှင်အသုံးပြုရန် လျှပ်စစ်ဓါတ်အားရရှိနိုင်ပါလျှင် ထုတ်လုပ်မှုကုန်ကျစရိတ်ကျဥ်း၍ အကျိုးအမြတ်များကို ပိုမိုခံစားနိုင်မည်ဖြစ်သည်။

() ဆက်သွယ်သွားလာရေးလမ်းကြောင်း( Accesses)

    ရေချိုပုစွန်ထုပ် စီးပွားဖြစ်အသားတိုးမွေးမြူခြင်းလုပ်ငန်းတွင် မွေးမြူကန်တည်ရှိရာသို့ အချိန်မရွေးဝင်ထွက်သွားလာလုပ်ကိုင်ရန်အပြင် လိုအပ်မည့်အစာနှင့် အခြားပစ္စည်းများ အလွယ်အတူပို့ဆောင်နိုင်ရန်အတွက်လည်းကောင်း၊ မွေးမြူထုတ်ကုန်ပုစွန်များကို ဈေးကွက်များသို့ အလွယ်တကူပို့ဆောင်ရန်လည်းကောင်း၊ ရေလမ်း(သို့)ကုန်လမ်းတို့မှ ရာသီကာလမရွေး သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်လည်း အလွန်မှ အရေးကြီးသည့်အချက်တစ်ရပ်ဖြစ်ပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)

P.S ရေချိုပုစွန်ထုပ်မွေးမြူရာတွင် အစာအမျိုးစားရွေးချယ်ခြင်းနှင့် အစာကျွေးနှုန်းအကြောင်းကို ဆက်လက်တင်ပြပေးပါမည်။

Ref; မြန်မာ့မော်ကွန်းပုစွန်သားပေါက်လုပ်ငန်း။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်