ဆိတ်မွေးမြူရေးရဲ့အကျိုးရလဒ်များ နှင့် ဆိတ်နို့နဲ့နွားနို့ ဘာတွေကွာလဲ..?

17/02/2022 13:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဆိတ်ကနေ အသား၊ နို့၊ အမွေးနဲ့သားရေများကို ရရှိပါတယ်..။ ဒါတင်မက ဆိတ်ကရရှိတဲ့ ဆိတ်ချေးဟာလည်း အလွန်အသုံးဝင်တဲ့ သဘာဝမြေသြဇာဖြစ်ပါတယ်..။

ဆိတ်ဟာ တခြားသော အိမ်မွေးတိရစ္ဆာန်များ ဥပမာ-နွားတစ်ကောင်နဲ့ ယှဉ်ရင် သာလွန်တဲ့အချက်များစွာ ရှိပါတယ်..။

၁။ ဆိတ်ဟာ နွားနဲ့ နှိုင်းစာရင် အရွယ်အစားသေးငယ်ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး နည်းပါးပါတယ်..။    

၂။ ခြံအကျယ်အဝန်းအနေနဲ့  နွား၂ ကောင်မွေးမြူနိုင်တဲ့ မြေအကျယ်အဝန်းမှာ ဆိတ် ၆ ကောင် မွေးမြူနိုင်ပါတယ်..။

၃။ နွားမတစ်ကောင်အတွက် လိုအပ်တဲ့အစာပမာဏဟာ အနည်းဆုံးအနေဖြင့် ဆိတ်၂ ကောင်အတွက် လုံလောက် စွာ ကျွေးနိုင်ပါတယ်..။

၄။ ဆိတ်ဟာ နွားနဲ့မတူဘဲ မြက်တစ်မျိုးတည်းသာမက တခြားသောသစ်ရွက်အပင်များကို စားသုံးနိုင်သလို နွားနဲ့ နှိုင်းယှဉ်ပါက အမျှင်ပါသော အစာများကို ပို၍ ချေဖျက်နိုင်ပါတယ်..။

၅။ ဆိတ်မတွေကို အသက် ၁ နှစ်အရွယ်မှာ သားစပ်နိုင်ကြပြီး အသက် ၁ နှစ်ခွဲအရွယ်မှာ ပထမဆုံး သားကို မွေးမြူနိုင်ကြပါတယ်..။

၆။ ဆိတ်မတွေဟာ အသက် ၅ နှစ်၊ ၆ နှစ်အရွယ်အထိ သားကောင်းစွာ မွေးမြူနိုင်ကြပြီး တချို့သောဆိတ်မ တွေဟာ အသက် ၁၂ နှစ်အရွယ်ထိ သားမွေးနိုင်ကြပါတယ်..။ စီမံခန့်ခွဲမှုကောင်းမယ်ဆိုရင် ၂ နှစ်မှာ ဆိတ် ၃ ကောင် ရရှိနိုင်ပါတယ်..။

၇။ အိမ်ထောင်စုဝင် ၄ ယောက်ရှိတဲ့ အိမ်ထောင်စုတစ်စုအတွက် ဆိတ်၂ ကောင်မွေးထားခြင်းဖြင့် တစ်နေ့လျှင် တစ်ဦးအတွက် ဆိတ်နို့ ၆၀ သားခန့် သောက်သုံးနိုင်ပါတယ်..။

၈။ ဆိတ်ဟာ အရွယ်အစားသေးငယ်လို့ အမျိုးသမီးများ၊ ကလေးငယ်များပင် ထိန်းသိမ်းစောင့်ရှောက်နိုင်ပါတယ်..။

၉။ ဆိတ်ကိုအသားနဲ့ နို့အတွက် အဓိကမွေးမြူကြပါတယ်..။ ဆိတ်နို့မှာ အဖိုးတန်သောအသားဓာတ်(protein) များ ပါဝင်ပါတယ်..။ နို့စားနွားမကို မွေးမြူရန်မတတ်နိုင်တဲ့ တောင်သူတစ်ဦးအနေနဲ့ နို့ရရှိဖို့ ဆိတ်မကို မွေးမြူနိုင် ပါတယ်..။

ဆိတ်နို့ကို နို့ထွက်ပစ္စည်းအနေနဲ့ ဒိန်ချဉ်၊ ထောပတ်နဲ့ ဒိန်ခဲများအဖြစ် ထုတ်လုပ်နိုင်ပါတယ်..။ ဆိတ်နို့မှာ ပါဝင်တဲ့ အာဟာရဓာတ်အနေနဲ့ နွားနို့မှာပါဝင်တဲ့အာဟာရဓာတ်နဲ့ ကွာခြားမှုများစွာ မရှိပါဘူး။  

ဆိတ်နို့ဟာ အငန်ဓာတ်များလို့ နွားနို့မှာ အချဉ်ဓာတ်များပါပါတယ်..။ ဆိတ်နို့မှာ အဆီဓာတ် ၄.၉% ၊ အသားဓာတ် ၄.၃% ၊ သကြားဓာတ် ၄.၁% ၊ ပြာဓာတ် ၀.၈၉%  နဲ့ အဆီမဟုတ်သော အစိုင်အခဲ ၉.၃% တို့ ပါဝင်ပါတယ်..။

ဆိတ်နို့မှာ ပါဝင်တဲ့ အဆီဓာတ်၊ အသားဓာတ်၊ ပြာဓာတ်နဲ့ အဆီမဟုတ်တဲ့ အစိုင်အခဲပမာဏတို့ဟာ နွားနို့တွင် ပါဝင်တဲ့ ပမာဏထက်များပြားလို့ သကြားဓာတ်ပါဝင်မှုမှာ  နွားနို့ထက်ပမာဏနည်းပါတယ်..။ ဓာတုဗေဒဖွဲ့စည်းမှု အရ ဆိတ်နို့ဟာ လူနို့နဲ့ အလွန်နီးစပ်ပါတယ်..။

ဆိတ်နို့သာမက ဆိတ်သားကိုလည်း လူမျိုးမရွေးစားသုံးနို င်ကြပါတယ်..။ ဆိတ်သားစျေးနှုန်းဟာ အခြားသော အသားစျေးနှုန်းများထက် စျေးပိုရပါတယ်..။

ဆိတ်ကို အပင်များဖျက်ဆီးတတ်သော သတ္တဝါအဖြစ် မြင်တတ်ကြပါတယ်..။ အမှန်စင်စစ် အပြစ်တင်ထိုက်တာ ဟာ ဆိတ်မဟုတ်ဘဲ ဆိတ်ကိုစနစ်တကျထိန်းကျောင်းနိုင်ခြင်း မရှိတဲ့ ဆိတ်ပိုင်ရှင်များကိုသာ ဖြစ်ပါတယ်..။

စနစ်တကျထိန်းသိမ်းစောင့်ရှောက်ထားတဲ့ဆိတ်များဟာ မလိုလားအပ်သော ပေါင်းပင်များကို စားသုံးတဲ့အတွက် မြက်ပင်ကြီးထွားရေးကိုပင် အထောက်အကူပြုနိုင်ပါတယ်..။ ဆိတ်ကိုနေရာအနှံ့မွေးမြူနိုင်ပေမယ့် ပို၍ပူနွေး သောအရပ်များမှာ ဆိတ်များပိုမိုဖြစ်ထွန်းနိုင်ပါတယ်..။

ဆိတ်မများဟာ ပျမ်းမျှ ၂၁ ရက်ခန့် တစ်ကြိမ် မြိုင်ပေါ်ပါတယ်..။ ဆိတ်မဟာ သားတင်ရန် အသက် (၇-၁၀)လခန့် ရှိရမှာဖြစ်ပြီး အလေးချိန်အားဖြင့် (၃၆-၄၁)ကီလိုခန့် ရှိသင့်ပါတယ်..။ ဆိတ်မများရဲ့ ဇီးကာလကတော့ ပျမ်းမျှ ရက်ပေါင်း (၁၅၀) ဖြစ်ပါတယ်..။

ရေးသားသူ- ဦးဇော်(dof)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်