ဆိတ်စာတွင်လိုအပ်သော အာဟာရဓာတ်များနှင့် ဆိတ်စာအမျိုးအစားခွဲခြားခြင်း (၃)

07/03/2023 17:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

၁။ ဒေသထွက်ဆိတ်စာနုများ

(က) ပြောင်းဖူးစေ့

ပြောင်းဖူးစေ့သည် အများဆုံးအသုံးပြုသော နှံစားသီးနှံဖြစ်သည်။ အစာကြေချက်လွယ်သော အာဟာရပါဝင်မှု မြင့်မားသည်။ အမျှင်ဓာတ်ပါဝင်မှုနည်းပြီး အဆီဓာတ်ပါဝင်မှု၌ အခြားနှံစား သီးနှံ များထက်(အုတ်စပါးမှ လွဲ၍)များသည်။ ပရိုတင်းပါဝင်မှု(၈%) မှ (၉%)ရှိသည်။

ဗီတာမင်အေနှင့် အကြိုဗီတာမင်အေ အဝါရောင်အစက်အပြောက်များ ပါဝင်သည်။ ဆိတ်အပါအဝင် တိရစ္ဆာန်အစာအတွက် အသင့်တော်ဆုံးဟုယူဆရသော်လည်း ပရိုတင်းနှင့် သတ္တုဓာတ်ပါဝင်နှုန်း နည်းနေသောကြောင့် အခြားတိရစ္ဆာန်အစာများနှင့်ရော၍ ပြုပြင်ကျွေးမွေးအသုံးပြုရန် လိုအပ်သည်။ 

(ခ) ပြောင်းဖူးဖွဲ 

ပြောင်းဖူးကို ကြိတ်ခွဲခြင်းမှ ထွက်ပေါ်ရရှိသောပစ္စည်းဖြစ်၍ ပြောင်း၊ ဆန်ကွဲနှင့် ပြောင်းစေ့ခွံများ ပါ ဝင်သည်။ ပရိုတင်းပါဝင်နှုန်း (၈-၉ %) ရှိသည်။

(ဂ) ဆန်ဖွဲ

စပါးကြိတ်ခွဲရာမှ ရရှိသောဆန်ဖွဲသည် အဆင့်အတန်းအမျိုးမျိုးရှိသည်။ အကောင်းဆုံးသောဖွဲနုတွင် အဆီဓာတ် လုံလုံလောက်လောက် ပါဝင်သည်။ ပရိုတင်းဓာတ်(၁၁ %) အထိ ပါဝင်သည်။

(ဃ) နှံစားပြောင်း

အဆီဓာတ်ပါဝင်မှုနည်းပါးခြင်းမှလွဲ၍ ပြောင်းဖူးနှင့် အာဟာရတန်ဖိုးချင်း ဆင်တူပါသည်။ ပရိုတင်း ပါဝင်မှု (၅-၉%)အထိ ရှိသည်။ ပြောင်းဖူးစေ့ထက် စျေးနည်းသောကြောင့် ပြောင်းဖူးစေ့အစား အသုံးပြုရန် ကောင်းမွန်သောတိရစ္ဆာန်အစာဖြစ်ပါသည်။

(င) အုန်းဆီဖတ်

အုန်းသီးအဆံမှ အုန်းဆီထုတ်ပြီးကျန်ခဲ့သော အုန်းဆံအဖတ်ဖြစ်သည်။ ကာဘိုဟိုက်ဒြိတ် အလုံ အလောက်ပါဝင်ပြီး ပရိုတင်းပါဝင်မှုမှာ (၂၁%)ဖြစ်သည်။

(စ) ပဲပုပ်ဆီဖတ်

ပဲပုပ်မှဆီထုတ်ပြီး ကျန်ခဲ့သောပစ္စည်းဖြစ်သည်။ ပရိုတင်းဓာတ်ပါဝင်မှု(၄၄%)ထိ ရှိပြီး အပူစွမ်းအင် များစွာကိုလည်း ထုတ်ပေးသည်။

(ဆ) နှမ်းဖတ်/ပဲဖတ်

နှမ်း(သို့မဟုတ်)မြေပဲကို ဆီကြိတ်ခြင်းမှ ထွက်ပေါ်ရရှိသော ထွက်ကုန်ပစ္စည်းဖြစ်သည်။ ပရိုတင်း ပါဝင်မှု (၂၄%) ရှိ၍ ပဲပုပ်ဆီဖတ်အစား အသုံးပြုနိုင်သည်။

(ဇ) တင်လဲရည်

သကြားထုတ်လုပ်ရာ၌ အပိုပစ္စည်းအဖြစ် အမဲရောင်ပျစ်ချွဲသောအရည်အဖြစ် ထုတ်လုပ်ရောင်းချလေ့ ရှိကြသည်။ ၄င်းသည် စင်စစ်အားဖြင့် ကာဘိုဟိုက်ဒြိတ်ဖြစ်၍ ပရိုတင်းပါဝင်မှုမှာ (၃%)သာ ဖြစ်သည်။

ဆိတ်အတွက်စပ်စာများ

ဆိတ်အသက်ရှင်စဉ်ကာလအတွင်း တိရစ္ဆာန်ကိုယ်ခန္ဓာ သာမန်အခြေအနေအား ထိန်းသိမ်းရန် လည်းကောင်း၊ ကိုယ်ခန္ဓာကြီးထွားခြင်း၊ နို့ထုတ်လုပ်ခြင်းများအတွက်လည်းကောင်း၊ ခန္ဓာကိုယ်မှ စွမ်းအင်၊ အသားဓာတ်၊ ရေ၊ ဗီတာမင်နှင့်သတ္တုဓာတ်များကို အသုံးချရပါသည်။

အာဟာရဗေဒနည်းအရ ပြောဆိုသော် ခန္ဓာကိုယ်တည်တံ့မှုနှင့် ထုတ်လုပ်မှုများအတွက် ကြေပျက် နိုင်သော အသားဓာတ်နှင့် ကြေပျက်နိုင်သောအာဟာရများ(ကြေပျက်နိုင်သောစွမ်းအင်)များကို အသုံးပြုရပါသည်။ ၄င်းအာဟာရများကို တိရစ္ဆာန်၏အစားအစာများမှ ရရှိပါသည်။ တိရစ္ဆာန်အစား အစာများကို တိရစ္ဆာန်စားသုံးရန်အတွက်လိုအပ်သောအာဟာရနှင့်အညီ အချိုးကျပေါင်းစပ်ထားသော အစာကို စပ်စာဟုခေါ်ပါသည်။

စပ်စာအတွက်..

  • (၁)အစာများကို ဒေသအတွင်း အလွယ်တကူရှာဖွေစုဆောင်းနိုင်ခြင်း၊
  • (၂)စျေးနှုန်းချိုသာခြင်း၊
  • (၃)အရသာရှိခြင်း၊
  • (၄)အရည်အသွေးကောင်းခြင်းနှင့်
  • (၅)စီးပွားရေးတွက်ခြေကိုက်ခြင်း စသော အရည်အသွေးများ ပါဝင်ရပါမည်။

အရသာရှိ၍ အရည်အသွေးကောင်းပြီး စီးပွားရေးတွက်ခြေကိုက်သော စပ်စာများ ဖော်ထုတ်နိုင်ရန် အတွက် အစာများအကြောင်းနှင့် အစာများတွင်ပါဝင်သော အာဟာရများအကြောင်း အကြမ်းဖျင်း သိရှိရန် လိုအပ်ပါသည်။

(အပိုင်း-၄ တွင် စပ်စာပြုလုပ်နည်းများကို ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်