အိမ်မှာနေရင်း စပျစ်သီးဝိုင် လုပ်ကြမယ်

03/04/2020 12:30 PM တွင် ဖြိုးသဥ္ဇာကျော် ဖြိုးသဥ္ဇာကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လိုအပ်သောပစ္စည်းများ

စပျစ်သီး - ၃ ပိဿာ

သကြား - ၁ ပိဿာခွဲ

တစေး -   လက်ဖက်စားဇွန်း ၂ ဇွန်း

ပြုလုပ်ပုံ

-ဦးစွာ ပြုလုပ်မည့်အိုးကို သန့်ရှင်းစင်ကြယ်အောင်ဆေးပြီး အခြောက်ခံထားပါ။

-စပျစ်သီးများကို ရေစင်အောင်ဆေး၍ အခြောက်ခံပါ။

-ဇလုံထဲသို့ စပျစ်သီးများကို ထည့်၍ အခွံနှင့်အသားများ သတ်သတ်စီဖြစ်စေရန် ကြိတ်ချေပါ။

-ကြိတ်ချေပြီးပါက အဖုံးဖြင့်အုပ်ထားပြီး သကြားရေကြိုရန် ပြင်ဆင်ပါ။

-သကြားရေကြိုရာတွင် သကြားများ ပျော်ဝင်သွားသည်အထိ ကြိုပါ။

-ထို့နောက်သကြားရေကို အအေးခံထားပါ။

-သကြားရေအေးသွားပါက ကြိတ်ချေထားသောစပျစ်သီးထဲသို့ထည့်ပြီး တစေးထည့်ကာ သစ်သားဇွန်းဖြင့်သမအောင်မွှေပါ။

-ထို့နောက် ပြုလုပ်မည့်အိုးထဲသို့ထည့်၍ အဖုံးကိုတင်းကျပ်စွာပိတ်ကာ အချဥ်ဖောက်စေရန် ၃ ပတ်ခန့်ထားပါ။

-၃ပတ်ပြည့်ပါက အချိုဓါတ်ကျန်မကျန်မြည်းကြည့်၍ အချိုဓါတ်ကျန်ပါက တစ်ရက်ခြားတစ်ခါ သစ်သားဇွန်းဖြင့် မွှေပေးပြီး အချိုဓါတ်ကျန်မကျန် မြည်းကြည့်ပါ။

-အချိုဓါတ်ကုန်သွားပါက ပိတ်ပါးစတစ်ခုဖြင့်အရည်စစ်ပါ။

-ထိုစစ်ရည်ထဲသို့ အရောင်လှစေရန် ညောင်စေးကျအောင် ထပ်မံကြိုထားသော သကြားရည်(၅၀၀ ဂရမ်)ကိုထည့်၍ ၂ပတ်ကြာအောင်အဖုံးကို အလုံပိတ်၍ ထားပါ။

-၂ပတ်ကြာပါကအိုးထဲမှ ပုလင်းထဲသို့ပြောင်းထည့်ပြီး အဆို့ဖြင့်ပိတ်ကာ သိမ်းဆည်း၍ သောက်သုံးနိုင်ပါသည်။

မှတ်ချက်။ ။ သစ်ကြံပိုးခေါက်နှင့်ဖလာစေ့များသည် ဝိုင်၏ အရသာအပေါ်သက်ရောက်မှုရှိသောကြောင့် နှစ်သက်မှသာအသုံးပြုစေလိုပါသည်။ သကြားသည် အချဥ်ဖောက်ခြင်းဖြစ်စဥ်တွင် အရက်အဖြစ်ပြောင်းလဲသွားသောကြောင့် ရမ်နှင့်အခြားသောအရက်များထည့်ခြင်းကို မပြုလုပ်သင့်ပါ။

ဖြိုးသဥ္ဖာကျော်

ကိုးကား

YouTube

https://pachakam.com/recipes/home-made-grape-wine


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်