တရုတ်ဘက်တွင် ဂိတ်များပြန်ဖွင့်လာ၍ ပဲတီစိမ်း ၃ ပတ်ဆက်တိုက် ဈေးကောင်းရနေ

21/05/2022 11:00 AM တွင် AMIA AMIA မှ ရေးသား

တရုတ်ဘက်မှာ ဂိတ်များဖွင့်လာတဲ့အတွက် ပဲတီစိမ်းအရောင်းအဝယ်ပြန်ကောင်းလာပြီး ၃ ပတ်ဆက်တိုက် ဈေးကောင်းရရှိနေတယ်လို့ သိရပါတယ်။

ဒေသအချို့မှာလည်း အသစ်တွေ ဈေးကွက်ထဲကို ဆက်တိုက် ဝင်ရောက်နေပြီး ဝင်သလောက် အဝယ်ရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ လက်ရှိ အတက်ဈေးနဲ့ပဲ ဈေးငြိမ်နေပြီး လက်ကျန်မရှိသလောက် ဖြစ်နေတဲ့အတွက် အရောင်းအဝယ်လည်း အေးနေတယ်လို့သိရပါတယ်။ ဒါပေမဲ့ နယ်ဈေးကွက်တွေကတော့ လက်ရှိ အသစ်တွေ ထွက်ရှိနေတာဖြစ်ပြီး အဝယ်လည်းလိုက်နေတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ) က တစ်ပိဿာ ၂၅၈၀ ကနေ ၂၆၇၀ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှဝါ) က တစ်ပိဿာကို ၂၄၁၅  ကနေ ၂၅၃၅ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)က  တစ်ပိဿာကို ၂၁၃၀ မှ ၂၁၈၅ ကျပ် ပေါက်ဈေးရှိနေပါတယ်။

မန္တလေးဈေးကွက်မှာတော့ အရည်အသွေးပေါ်မူတည်ပြီး တစ်အိတ်ကို ၁၄၀၀၀၀ ကနေ ၁၅၂၀၀၀ ကြားအရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။

မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၃၅၀၀၀ ကနေ ၄၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၈၅၀၀ ကနေ ၄၉၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။

မကွေးဈေးကွက်မှာတော့ တစ်တင်းကို ၄၈၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်ထက်စာရင် ၅၀၀ ကျပ်ဈေးကျဆင်းသွားတယ်လို့ သိရပါတယ်။

မတ်ပဲကတော့ ယခုတစ်ပတ်အတွင်း အတက်အကျအပြောင်းအလဲများခဲ့ပါတယ်။ 

ငွေကြေးဈေးပြောင်းလဲမှုနဲ့ အဝင်ပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတဲ့အတွက် ဈေးနှုန်းက တည်ငြိမ်မှု မရှိသလို လက်ရှိပေါက်ဈေးထက် ထပ်ကျဆင်းနိုင်ခြေရှိတယ်လို့သုံးသပ်မှုတွေကြောင့်  ဈေးအများကြီးမကျဆင်းခင် ရောင်းချမှုတွေ ရှိနေလို့ ဈေးကွက်အတွင်း ဈေးအေးသွားတာလို့လည်း ကုန်သည်တွေက ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း ငွေကြေးဈေးကျဆင်းမှုအပြင် အခြားတင်သွင်းမှုများ ပိုလာတဲ့အတွက် ဝယ်ယူမှု လျော့နည်းပြီးဈေးတွေကျဆင်းသွားတယ်လို့ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်