ကြာပွတ်သန်ကောင်ရောဂါမှာ သိုး၊ဆိတ်များတွင် အဖြစ်များပြီး ကပ်ပါးရောဂါပိုးတစ်မျိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ သေဆုံးသည်အထိ အန္တရာယ်ပေးနိုင်သဖြင့် ဂရုပြုနိုင်ရန် ကာကွယ်ကုသနည်းကို ဖော်ပြပေးလိုက်ပါသည်။
ရောဂါဖြစ်စေသည့် အကြောင်းအရင်းမှာ-

- သိုး၊ ဆိတ်များ၏ အက်ဘိုမေဆမ် အစာအိမ်အကန့်တွင်နေသည့် trichostrongylus အုပ်စုဝင် Haemonchus contortus သန်လုံးကောင်ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။
- အဆိုပါသန်လုံးကောင်သည် သွေးစုပ်ယူသောကြောင့် တိုက်ခိုက်ခံရသည့် တိရစ္ဆာန်တွင် သွေးအားနည်းခြင်းနှင့် သွေးအတွင်းပရိုတင်း(အသားဓာတ်) လျော့နည်းခြင်း (hypoproteinemia) တို့ကို ဖြစ်ပေါ်စေသည်။
- ၎င်းသန်ကောင်များသည် ၁ ရက်လျှင် ဥထောင်ပေါင်းများစွာကို ဥချကြသဖြင့် သန်ကောင်ပမာဏ အလျင်အမြန်တိုးလာပြီး အဆိုပါသန်ကောင်ထောင်ပေါင်းများစွာတို့၏ သွေးစုပ်ယူမှုကြောင့် ဆိတ်ငယ်များကို အလျင်အမြန်သေဆုံးစေနိုင်ပါသည်။
ရောဂါလက္ခဏာများမှာ -
- သွေးအားနည်းပြီးမျက်သားကဲ့သို့သော(mucous membrane) များ အရောင်ဖျော့သွားခြင်း(သို့မဟုတ်) ဖြူသွားခြင်းများ တွေ့ရမည်ဖြစ်သည်။
- ခန္ဓာကိုယ်အတွင်း ရေစုခြင်း(edema)ကို တွေ့ရှိရပြီး အထူးသဖြင့် မေးရိုးအောက်တွင် ရေများစုပြီး ရောင်နေသည်ကို တွေ့ရမည်ဖြစ်သည်။
- Haemonchus contortus သန်လုံးကောင်ကြောင့် မဟုတ်သော အခြား trichostrongylus အုပ်စုဝင် သန်လုံးကောင်များမှာမူ အစာလမ်းကြောင်းရှိ အကျိအချွဲများ၊ဆဲလ်များအား စားသုံး၍အသက်ရှင်ကြပြီး ထိုသန်ကောင်များတိုက်ခိုက်ခံရပါက အစဆုံးတွေ့ရမည့်လက္ခဏာမှာ ဝမ်းလျှောခြင်း(diarrhea) ဖြစ်ပါသည်။
- ၎င်းတို့၏ ဥ,ဥနှုန်းမှာမူ Haemonchus contortus ကဲ့သို့ မများဘဲ ၁ ရက်လျှင် အမ ၁ ကောင်မှ ဥရာဂဏန်းသာ ဥချနိုင်ကြသဖြင့် အန္တရာယ်နည်းပါးပါသည်။
ရောဂါကူးစက်ပုံမှာ -
- ယင်းကပ်ပါးသန်လုံးကောင်များသည် သိုး၊ ဆိတ်များ၏ အစာလမ်းကြောင်းအတွင်း နေထိုင်ကြပြီး ဥများဥချကြပါသည်။
- ၎င်းသန်ဥများသည် သိုး၊ ဆိတ် မစင်များနှင့်အတူ ပြင်ပသို့ ရောက်ရှိလာကာ မြေကြီးပေါ်တွင် ဥမှပေါက်ပြီး သားလောင်း အဆင့်(၃)ဆင့်အထိ ဖွံ့ဖြိုးလာကြပါသည်။
- အဆင့်(၁)နှင့် (၂)သည် ခြောက်သွေ့မှုနှင့် အပူချိန်ကို ခံနိုင်ရည် မရှိကြပါ။ သို့ရာတွင် အဆင့်(၃)သည် အလွန်ခံနိုင်ရည်ရှိပြီး စားကျက်တွင်(အထူးသဖြင့် အပူချိန်နိမ့်ပါက)လပေါင်းများစွာ အသက်ရှင်နိုင်ပါသည်။
- စိုစွတ်သောအခြေအနေတွင် မြက်ပင်ပေါ်တွင် ရေများသီးလာပြီး အဆင့်(၃)သားလောင်းအား မြက်ပင်အပေါ်ပိုင်းသို့ သယ်ဆောင်သွားကြပါသည်။
- စားမြုံ့ပြန်သတ္တဝါက မြက်စားသောအခါ အဆိုပါအဆင့်(၃) သားလောင်းအား စားမိပြီး အစာလမ်း ကြောင်းထဲသို့ ပြန်လည်ရောက်ရှိသွားပါသည်။
- ထို့နောက် အဆိုပါ H.contortus သန်လုံးကောင်သည် အက်ဘိုမေဆမ်(ခေါ်) သိုး၊ ဆိတ်တို့၏အစာအိမ် စတုတ္တအခန်းတွင် ရှင်သန်ကြပြန်သည်။
- အစာလမ်းကြောင်းအတွင်း ၎င်းတို့ကြိုက်နှစ်သက်သော နေရာသို့ရောက်ရှိသည့်အခါ အဆိုပါသားလောင်းအဆင့်(၃)သည် အစာစတင်စားသောက်ပြီး သားလောင်းအဆင့်(၄)နှင့် သက်ကြီးကောင်အဆင့်တို့အဖြစ် ကြီးထွားလာပါသည်။
- အချို့သော trichostrongylus အုပ်စုဝင်သန်လုံးကောင်တစ်မျိုးတွင်မူ သားလောင်းအဆင့်(၄)သည် ဖွံ့ဖြိုးမှုရပ်တန့်သွားခြင်း(hypobiosis)ဖြစ်သွားပြီး သက်ကြီးကောင်အဆင့်သို့ ရောက်ရှိမလာတော့ပါ။
- ပုံမှန်အားဖြင့် ခြောက်သွေ့ပူပြင်းကာလနှင့် အလွန်အေးသော ကာလကြာရှည်စွာရှိသော ဒေသများတွင် ထိုကာလများ ကုန်လွန်ချိန်၌ သန်လုံးကောင်များ ကင်းစင်သွားလေ့ရှိသော်လည်း hypobiosis ဖြစ်သော trichostrongylus အုပ်စုဝင် သံလုံးကောင်များတွင်မူ အဆိုပါကာလများ လွန်မြောက်သည့်တိုင် သန်ကောင်များ ကျန်ရှိနေနိုင်မည် ဖြစ်ပါသည်။
- လုံလောက်သော စိုထိုင်းဆရှိပြီး အပူချိန်သည်လည်း ၁၀ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းခြင်းမရှိပါက hypobiosis ဖြစ်ပေါ်လေ့မရှိပါ။
- Haemonchus contortus သန်လုံးကောင်ကို ထိန်းချုပ်ပါက အခြားသော trichostrongylus အုပ်စုဝင်သန်လုံးကောင်များကိုပါ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။
- သိုးများသည် ဆိတ်များထက် ဤရောဂါကို ခံနိုင်ရည်ရှိသော်လည်း ဆိတ်သည်အရွက်များကိုသာ စားသောက်ကြသဖြင့် သားလောင်းအဆင့် - ၃ အား စားသောက်မိရန် အလွန်ခဲယဉ်းပါသည်။
အသေကောင်အား ခွဲစိတ်တွေ့ရှိမှုမှာ-
- ဤရောဂါဖြင့်သေဆုံးသော တိရစ္ဆာန်၏ အက်ဘိုမေဆမ်အစာအိမ်အကန့်အတွင်းတွင် ၂ စင်တီမီတာခန့် ရှည်လျားပြီး နီညိုရောင်ရှိသည့် သန်ကောင်များကို တွေ့ရှိရနိုင်ပါသည်။
ရောဂါအားစစ်ဆေးခြင်း
- ရောဂါလက္ခဏာများကို ကြည့်ရှု့ခြင်းဖြင့် သိရှိနိုင်ပါသည်။ ဓာတ်ခွဲခန်းတွင် Flotation နည်းဖြင့်လည်း တိရစ္ဆာန် ၏ မစင်ထဲမှ သန်ဥကို ရှာဖွေနိုင်ပါသည်။
- Mc Master နည်းဖြင့် စစ်ဆေးသည့်အခါ မစင် ၁ ဂရမ်တွင် သန်ဥတစ်ထောင်(1000 epg)ကျော် ပါဝင်နေပါက ရောဂါပြင်းပြင်းထန်ထန်ဖြစ်နေပြီဟု ပြောနိုင်ပါသည်။
ကာကွယ်ခြင်း
- သန်ဥရှိသောစားကျက်တွင် လွှတ်မကျောင်းမိအောင် ဂရုစိုက်ရပါမည်။
- စားကျက်များကို အလှည့်ကျစနစ်ကျင့်သုံးခြင်း၊ စားကျက်သို့ လွှတ်မကျောင်းဘဲ အစာကြမ်းကို ရိတ်သိမ်း၍ ခြံတွင်ကျွေးမွေးခြင်းတို့ဖြင့်လည်း ရောဂါပိုးမကူးစက်အောင် ကာကွယ်နိုင်ပါသည်။
ကုသခြင်း
Haemonchus. သန်ကောင်ရောဂါအား ထိန်းချုပ်ရန် နည်းလမ်း(၂)ခု ရှိပါသည်။
ပထမတစ်နည်းမှာ -
- ဆိတ်မများ သားကျချိန်တွင် ခြံတစ်ခြံလုံးအား သန်ချဆေး တိုက်ကျွေးထိုးနှံသည့် strategic drenching နည်းလမ်းဖြစ်ပါသည်။
- ထိုသို့ တစ်ခြံလုံးအား သန်ချဆေးတိုက်ကျွေးထိုးနှံခြင်းဖြင့် သန်ကောင်အရေအတွက်ကို လျှော့ချနိုင်မည် ဖြစ်ပါသည်။
- သားကျချိန်ပတ်ဝန်းကျင်တွင် သန်ချဆေးတိုက်ကျွေးရခြင်းမှာ ၄င်းအချိန်တွင် သန်ဥအများဆုံးထုတ်လုပ်နိုင်ပြီး ၎င်းဥများမှာ သားလောင်းများအဖြစ်ဖွံ့ဖြိုးလာကာ အသစ်မွေးလာသော ဆိတ်ငယ်ကလေးများထံ ကူးစက်နိုင်သောကြောင့် ဖြစ်သည်။
- ဆိတ်ငယ်ကလေးများကိုမူ သားခွဲချိန်တွင် သန်ချပေးလေ့ ရှိပါသည်။
- ထို့ပြင် ခြောက်သွေ့ရာသီအစနှင့် အဆုံးတွင် ဖွံ့ဖြိုးမှုရပ်တန့်နေသော သားလောင်းအဆင့်(၄)များအား ဖျက်ဆီးပစ်နိုင်သည့် albendazole, fenbendazole, ivermectin, doramectin အစရှိသည့်ဆေးဝါးများဖြင့် သန်ချပေးရပါမည်။
ဒုတိယတစ်နည်းမှာ -
- (FAMACHA)ကဒ်ဖြင့် သိုး၊ ဆိတ်များ၏မျက်သားအား ၂-၃ ပတ်ခြား ၁ ကြိမ် စစ်ဆေးပြီး အရောင်ဖျော့နေသော တိရစ္ဆာန်များအား သန်ချဆေးတိုက်ကျွေးသော နည်းစနစ်ဖြစ်ပါသည်။
- သန်ချဆေးတိုက်ကျွေးရသော တိရစ္ဆာန်များအား မှတ်တမ်းတင်ထားပြီး ဆေးတိုက်ရသည့်အကြိမ်ရေများသည့် တိရစ္ဆာန်များအား ရောင်းထုတ်ပစ်လေ့ ရှိကြပါသည်။
- ထိုသို့ဆက်တိုက်လုပ်ဆောင်လာပါက ဆိတ်မျိုးဆက် ၁၅-၂၀ ခန့် ရောက်ရှိသည့်အခါ ကျန်ရှိသည့်ဆိတ်အုပ်သည် မျိုးဗီဇအရ သန်ကောင်ရောဂါကို ခံနိုင်ရည်ရှိသော ဆိတ်အုပ်ဖြစ်လာပြီး ဆေးတိုက်ကျွေးရမှုကို လျှော့ချနိုင်မည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more