"ဗီလား(ခေါ်)ရေကင်းဖို/ ကင်းမ(ခေါ်)ရေပိုး"

08/06/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပင်လယ်အခေါ် ဗီလားကောင်များမှာ ဒိုင်နိုဆောသတ္တဝါတွေရှိခဲ့စဥ်အခါ လွန်ခဲ့သောနှစ်သန်းပေါင်း (၄၅၀)ခန့်တည်းကရှိခဲ့ကြပြီး ယနေ့ထိ မျိုးသုန်းပျောက်ကွယ်မသွားသေးပါ။

ဗီလားကို အင်္ဂလိပ်အခေါ်မှာ Horseshoe crab (မြင်းခွာဂဏန်း) ဟုသိရပါသည်။ မြန်မာအခေါ် (သို့) အများအခေါ်မှာ ဗီလား(သို့) ကင်းဖို၊ ကင်းမ (သို့) ရေပိုးဟု ခေါ်ဆိုကြပါသည်။ ဗီလားကို ထိုင်းလို 'မိုင်းဒါး' ဟုခေါ်ကြပြီး ဗီလားဥကို 'ခိုင်မိုင်ဒါး' ဟုခေါ်ဆိုကြကာ ဥပါရင် အမဖြစ်ပါသည်။

ဗီလားများမှာ မြင်းခွာကဏန်း(Horseshoe crab)ဟု အမည်တွင်သော်ငြား ကဏန်းမျိုးနွယ်များ မဟုတ်ကြပါ။ သို့သော်လည်း ကဏန်းတို့လို အခွံမာရေသတ္တဝါ (crustaceans) အုပ်စုတွင် 'ဗီလား' သည်လည်း ပါဝင်ပါသည်။

ဗီလား(ခေါ်) ကင်းဖို၊ ကင်းမများကို ရေငန်ဒေသ၊ ရေချိုရေငန်စပ်ဒေသများတွင်လည်း တွေ့ရှိရတတ်ပြီး အများအားဖြင့် ပင်လယ်ပိုင်းတွင် နေထိုင်ကျက်စားတတ်ကြပါသည်။ ဘယ်တော့မှ တစ်ကောင်တည်းနေလေ့မရှိကြဘဲ () ကောင်ပူးပြီးသာ နေလေ့ရှိကြပါသည်။ အမက အထီးထက် အရွယ်အစား ပိုကြီးပါသည်။

ကင်းဖို၊ ကင်းမ (ခေါ်) ဗီလားများမှာ အောက်ချင်းငှက်ဖိုငှက်မလို၊ ကိန္နရီ ကိန္နရာ မောင်နှံလို တူစုံယှဥ်တွဲပြီး သွားလာနေထိုင် ကျက်စားလေ့ရှိကြပါသည်။ တချို့က ဗီလားမောင်နှံကို ဖမ်းမိလျှင် အထီးကို ခွာပြီး ပင်လယ်ထဲပြန်ပစ်ချကြပါသည်။ ထိုအခါမှာ အထီးကောင်က အမကို ပင်လယ်ရေနောက်ကျိသွားအောင် ပြန်ရှာတတ်ကြပါသည်။

ယခင်က ဗီလားဥများကိုသာ စားသုံးကုန်အဖြစ် ဈေးကွက်ရှိပြီး ယခုနောက်ပိုင်းတွင်မူ အသားရော ဥပါ လူကြိုက်များလာကြပါသည်။ ဗီလာများမှာ အထီးနဲ့အမ အမြဲတွဲနေသောကြောင့် အမကိုဖမ်းပြီးရောင်းကြပါသည်။ အမအကောင်(၁၀၀)တွင် အထီးတစ်ကောင်ရှိခဲလှသည်။ အမပေါ၍ အထီးရှားပါသည်။ ဗီလားအမအခွံရဲ့ ပတ်လည်တွင် ဥတွေ အပြည့် ပါရှိပါသည်။ ဗီလားဥကို ထိုင်းမှာ လူကြိုက်များပြီး သရက်သီးနှင့် သုပ်စားကြပါသည်။ ဗီလားကောင်များကို တရုတ်၊ ထိုင်းတို့မှ အများဆုံးဝယ်ယူကြပြီး ဈေးကောင်းရရှိသော ရေသတ္တဝါလည်း ဖြစ်သည်။

အထီးမှာ အမထက် အလေးချိန်ပိုနည်းပြီး များသောအားဖြင့် အမတွေမှာ ဥတွေနှင့် လေးလေးပင်ပင်ရှိသောကြောင့် ကိုင်တာနှင့် အထီးအမ ခွဲခြားနိုင်ကြပါသည်။ ဗီလားဥ() ကီလို (၆၀) ကျပ်သားရဖို့ ဗီလားအမ အကောင်(၃၀)လောက် ခွဲရပါသည်။ ဥမှာ သာကူစေ့အရွယ် အဝါရောင်ရှိပြီး ဆိမ့်သောအရသာရှိသည်။ ဗီလားဥကို စားသုံးပါက အကြောအချင်တက်တာကို သက်သာစေသည်ဟု သိရပါသည်။

ဗီလားတွေရဲ့ ရှည်လျားပြီး ပါးလွှာချွန်ထက်နေတဲ့အမြီးကြောင့် အန္တရာယ်ရှိတဲ့ ပင်လယ်ရေသတ္တဝါအဖြစ် မြင်ကြပေမယ့် အမှန်တကယ်တော့ သူတို့ရဲ့အမြီးမှာ အဓိကအားဖြင့် သူတို့ပက်လက်လှန်သွားတဲ့ အချိန်မှာ တဖန်ပြန်မှောက်ကာနဂိုအနေအထားကို ရှိဖို့အတွက်ပဲ အသုံးပြုလို့ ရပါသည်။

ငါးဖမ်းပိုက်ကြားတွင်ပါလာတတ်သော ဗီလားများမှာ အမြီးနှင့်ထိုးတတ်သည့်အတွက် ဖမ်းရခက်သည့် ရေသတ္တဝါလည်းဖြစ်သည်။ အနုမြူမီးချောင်းများဖြင့် ဗီလားများကို ထောင်ဖမ်းကြသည်ဟု သိရပါသည်။ အရွယ်အစားအမျိုးမျိုးရှိကြပြီး ဗီလားအနေတော်()ကောင်လျှင် (၅၀၀၀-၆၀၀၀)ကျပ် ဝန်းကျင်ဈေးရှိကြသည်။ ဗီလားများမှာ ငါးငယ်၊ ကဏန်းပေါက်၊ ပင်လယ်ရေမှော်တို့ကို သူတို့၏အစာအဖြစ် စားသုံးကြပြီး အသက်ရှင်နေထိုင်ကြပါသည်။

ဗီလားများရဲ့သွေးမှာ အလွန်အဖိုးတန်လှပါသည်။ အရှားပါးဆုံးသွေးကို ပိုင်ဆိုင်ထားကြပြီး သူတို့ရဲ့သွေးမှာ အပြာရောင်(blue blood) ဖြစ်ပါသည်။ ဗီလားရဲ့သွေးကို လူသားများ၏ သွေးနှင့် တိရစ္ဆာန်များ၏ သွေးထဲမှ ဘက်တီးရီးယားများကို ရှာဖွေစစ်ဆေးရာတွင် အသုံးပြုတဲ့ ဘက်တီးရီးယားပိုးမွှားများ သန့်စင်ဆေးထုတ်ရာတွင် ဗီလားသွေးကို အသုံးပြုကြသည်ဟု မှတ်ရဖူးပါသည်။

ထိုသာမက မြန်မာအယူအရ ဗီလားအမြီးကို သံပုရာသီးမှာ ထိုးလိုက်၊ လူ့ခြေထောက်မှာ တစက်စက်ထိုးခြင်းဖြင့် ကြွက်တက်တာ၊ အကြောတက်တာ ပျောက်ကင်းစေနိုင်သည်ဟု အဆိုရှိကြပါသည်။ ဗီလားရဲ့ အခွံမာကိုလည်း မြင်း၊ နွားတွေရဲ့ခွာမှာ ကပ်ပြီးတော့လည်း အသုံးပြုနိုင်ကြပါသည်။ အနောက်နိုင်ငံတွေမှာ ဗီလားကို မကောင်းဆိုးဝါးတွေ အိမ်မှနှင်ထုတ်ပေးနိုင်တဲ့ အကောင်တစ်မျိုးအဖြစ် အယူရှိကြပြီး တချို့အိမ်တွေမှာ မွေးထားကြကြောင်း သိရပါသည်။

သို့ပါသောကြောင့် Horseshoe crab ဟုအမည်တွင်သော အခွံမာရေသတ္တဝါ ဗီလားများမှာ လူ့အကျိုးပြုရေသတ္တဝါ ဖြစ်ပါကြောင်းကို လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါး/ ဦးစီး)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်