ဖုန်းဆော့ဝဲလ်တွေကို ဘာနဲ့ဒေါင်းလုဒ်ဆွဲကြမလဲ

13/07/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ အင်တာနက် (ဟော့စပေါ့) လွှင့်ပေးနည်းအကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ ဆော့ဝဲလ်တွေကို ဘယ်နေရာကနေ ဒေါင်းလုဒ်လုပ်နိုင်မလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

တောင်သူ ဦးလေး ဒေါ်လေးတို့ ဖုန်းဆော့ဝဲလ် လေးတွေ လိုချင်ရင် ဘယ်လိုလုပ်ကြလဲ ခင်ဗျ။ ပုံမှန်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် လိုချင်တဲ့ ဆော့ဝဲလ်လေးတွေကို ဒေသအခေါ်  ဇာပြာ၊ ဇက်နီ (Zapya) နဲ့ ကူးယူကြမယ် ထင်ပါတယ် ခင်ဗျ။ မိမိကိုယ်တိုင်လည်း ဆော့ဝဲလ်တွေကို ဒေါင်းလုဒ် ရယူနိုင်တယ်ဆိုတာ သိပါသလား ခင်ဗျ။  

အခုနောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတဲ့အတွက် ဆော့ဝဲလ်တွေကို ဖုန်းအရောင်းဆိုင်တွေမှာ လာရောက် ထည့်သွင်းခိုင်းစရာ မလိုတော့ဘဲ ပလေးစတိုး (Play Store) အက်ပလီကေးရှင်း ထည့်လိုက်တာနဲ့ မိမိ အသုံးပြုချင်တဲ့ အက်ပလီကေးရှင်း တွေကို ဒေါင်းလုဒ် လုပ်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ မိမိ လိုချင်တဲ့ ဆော့ဝဲလ်ကို ပလေးစတိုး (Play Store) ထဲမှာ နာမည်ရိုက်ပြီးတော့ ရှာလိုက်တာနဲ့ လိုချင်တဲ့ ဂိမ်းတွေ၊ အက်ပလီကေးရှင်းတွေကို ရရှိမှာဖြစ်ပါတယ် ခင်ဗျ။  

ပလေးစတိုး (Play Store) ကနေ ဆော့ဝဲလ်တွေ ဒေါင်းလုဒ် လုပ်နိုင်ဖို့အတွက် အောက်မှာ ရေးထားတဲ့ အချက်တွေ ပြည့်စုံဖို့တော့ လိုအပ်ပါတယ် ခင်ဗျ။ 

(၁) အရင်ဆုံး မိမိရဲ့ ဖုန်းမှာ ဂူးဂဲလ် ဝန်ဆောင်မှု (google service) ရှိဖို့ လိုအပ်ပါတယ်။ အချို့သော ဖုန်းတွေမှာ ဂူးဂဲလ် ဝန်ဆောင်မှု မပါဝင်တဲ့အတွက် ပလေးစတိုး (Play Store) ), ဂျီတော့ခ် (Talk), ဂျီမေးလ် (Gmail) စတာတွေ သုံးလို့မရပါဘူး။

 (၂) ဖုန်းမှာ ဂူးဂဲလ် အကောင့် (google account) တစ်နည်းအားဖြင့် ဂျီမေးလ် (Gmail) ဖွင့်ပြီးသား ထည့်ထားပြီးသား ဖြစ်ရပါမယ်။  ဖုန်းရဲ့ ဆက်သွားပုံစံ 

 Setting ထဲကိုဝင် ပြီးရင် account & sync ဆိုတဲ့ နေရာလေးမှာ မှာ မိမိရဲ့ ဂျီမေးလ်  (gmail) အကောင့်ကို ဝင်ထားပေးရမှာ ဖြစ်ပါတယ်။

(၃) ပြီးရင်တော့ မိမိရဲ့ ဂျီမေးလ်  (gmail) အကောင့်ကို သုံးပြီး ပလေးစတိုး (Play Store) ဆော့ဝဲလ်ထဲကို ဝင်ရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ရောက်ရင်တော့ စသုံးလို့ ရပြီ ဖြစ်ပါတယ်။ 

(၄) တစ်ချို့ဖုန်းတွေမှာတော့ာ Play Store ပုံ ပါနေပြီး ဒေါင်းလုဒ် လုပ်မရတာနဲ့ အဆင်မပြေတာမျိုး ဖြစ်နေရင်တော့ ပလေးစတိုး ဆော့ဝဲလ် ဗားရှင်း (version) ပြောင်းသုံးရမှာ ဖြစ်ပါတယ် ခင်ဗျ။ ဖုန်းအသုံးပြုရာမှာ အဆင်ပြေကြပါစေ ခင်ဗျ။ 

ယခင်တစ်ပတ်က အအင်တာနက် (ဟော့စပေါ့) လွှင့်ပေးနည်းကြောင်း ဖော်ပြခဲ့တဲ့  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

မိမိဖုန်းမှ အင်တာနက်(ဟော့စပေ့ါ)လွှင့်ပေးနည်း

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်