“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဂူးဂဲလ် (Google)  အကြောင်း မျှဝေ ပေးခဲ့ပါတယ်ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ဖုန်းအင်တာနက် ပက်ကေ့ချ် (Package) ဝယ်နည်း၊ စစ်နည်း လေးတွေ ပြန်လည်မျှဝေပေးသွားပါမယ် ခင်ဗျ။ 
      ဖုန်းဘေထည့်ပြီးလို့ အင်တာနက် ပက်ကေ့ချ် မဝယ်ဘဲ လိုင်းသုံးမယ်ဆိုရင် ခဏလေးနဲ့ ပိုက်ဆံတွေ အများကြီး ကုန်သွားတယ်ဆိုတာ တောင်သူဦးကြီးလေး ဒေါ်လေးတို့ သိကြလားခင်ဗျ။ အင်တာနက် ပက်ကေ့ချ် ဝယ်ပြီး သုံးမယ်ဆိုရင်တော့ အင်တာနက် ကြာကြာသုံးလို့ပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ် ခင်ဗျ။ ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ 
အင်တာနက် ပက်ကေ့ချ် (Package) ဝယ်နည်း
MPT       -     *777# Call 
Mytel      -     *966# Call
Telenor   -     *979# Call 
Ooredoo -     *140# Call 
အင်တာနက် ပက်ကေ့ချ်ဝယ်ပြီး သုံးပြီးနောက်မှာ မိမိမှာ အင်တာနက် ပက်ကေ့ချ် ဘယ်လောက်ကျန်သေးလဲ ဆိုတာ သိချင်ရင်လည်း စစ်လို့ရပါသေးတယ်ဗျ။  
အင်တာနက် ပက်ကေ့ချ် (Package) စစ်နည်း
MPT       -     *224# Call
Mytel      -     *124*3# Call 
Telenor   -     *124*1# Call
Ooredoo -     *4646# Call 
     ဒါဆိုရင် တောင်သူဦးကြီးတွေ အနေနဲ့ ဖုန်းသုံးရင်း အင်တာနက် ပက်ကေ့ချ်လေးဝယ်ဖို့ရော၊ စစ်ဖို့ရောကို သိသွားပြီလို့ ယုံကြည်ပါတယ် ခင်ဗျ။ အင်တာနက် ပက်ကေ့ချ်ဝယ်ပြီး စိုက်ပျိုးရေး နည်းပညာတွေ အများကြီး လေ့လာနိုင်ပါတယ် ခင်ဗျ။    
     ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဂူးဂဲလ် (Google)  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 
ဂူးဂဲလ်(Google) ဆိုတာ ဘာလဲ
Facebook Page
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
          
          
          
          
          
                    
          
          
                    
    
        
            ဗွေဆော်ဦး 
            ကြော်ငြာ
        
        ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်...
 
အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်...
 
ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့
 
Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်..
 
Aqua Calcium ဆိုတာက..
နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။
ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။
Aqua Booster ဆိုတာကတော့…
ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။
သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။
ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း  ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။
နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့..
သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအနှောဖြစ်လို့  ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။
 
ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။
 
ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။
 
ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်...
ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့...
ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်..
 
ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
        Read more
        
        
                         
                
                Aqua ဘူစတာ
             
                         
                
                Aqua ကယ်လဆီယမ်
             
                        
                     
        
        Facebook စာမျက်နှာသို့သွားရန်