Gmail အကောင့်တစ်ခုကို ဘယ်လိုဖန်တီးမလဲ  

21/12/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

      ယနေ့ခေတ်မှာ လူတိုင်း ဖုန်းကိုယ်စီရှိကြသလို အင်တာနက်ကနေ စိုက်ပျိုးနည်းပညာတွေ လေ့လာနိုင်ဖို့၊ ဆော့ဝဲလ်တွေ အသုံးပြုနိုင်ဖို့နဲ့ Google ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ဖို့အတွက် ဂျီမေးလ် (Gmail) အကောင့်တစ်ခုတော့ ရှိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ်မှာ ဂျီမေးလ် (Gmail) အကောင့်တစ်ခုကို ဘယ်လိုဖန်တီးရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။ 

အဆင့် ၁ 

     ပထမဦးစွာ မိမိ ဖုန်း (သို့မဟုတ်) ကွန်ပျူတာတွင်ရှိသော Web Browser မှ www.gmail.com သို့သွားပါ။ ထို့နောက် Create account ကိုနှိပ်နိုင်ပါတယ်။  

နောက်တစ်နည်း 

      Web Browser တွင် Create Gmail account ဟု ရေးသားကာလည်း  ရှာဖွေနိုင်ပါသည်။ ထို့နောက် Link ထဲသို့ဝင်ရောက်ကာ Create an account ကို နှိပ်ပေးပါ။ 

 



အဆင့် ၂ 

      ဝင်ရောက်ပြီးပါက မိမိ၏ နာမည် First Name နှင့် Last Name တို့ကိုထည့်သွင်းပေးရပါမယ်။ ပြီးလျှင် Next ကိုနှိပ်ပေးပါ။  

 



အဆင့် ၃ 

      ထို့နောက် မိမိ၏ မွေးလ၊ မွေးရက်၊ ခုနှစ် နှင့် ကျား/မ တို့ကို ဖြည့်စွက်ပေးရပါမယ်။ ပြီးလျှင် Next ကိုနှိပ်ပေးပါ။ 

 



အဆင့် ၄ 

      ပြီးလျှင် မိမိနာမည်ဖြင့် ကိုယ်ပိုင်အကောင့်ဖွင့်ရန်အတွက် မိမိနှစ်သက်ရာ နာမည် User Name အားထည့်သွင်းပေးပါ။ ပြီးလျှင် Next ကိုနှိပ်ပါ။ 

 



အဆင့် ၅ 

      ပြီးလျှင် မိမိ၏ ကိုယ်ပိုင်အကောင့်တွက် လျှို့ဝှက်နံပါတ် သတ်မှတ်ရမည် ဖြစ်ပါသည်။ မိမိနှစ်သက်ရာ လျှို့ဝှက်နံပါတ်ကို ထည့်သွင်းပေးနိုင်ပါသည်။  ပြီးလျှင် Next ကိုနှိပ်ပါ။  

     မှတ်ချက် - (လျှို့ဝှက်နံပါတ် သတ်မှတ်ရာတွင် အက္ခရာ၊ နံပါတ်၊ သင်္ကေတများ ပါလျှင် အကောင့်လုံခြုံမှုအတွက် ပို၍ စိတ်ချရပါသည်။)



အဆင့် ၆ 

      မိမိ၏ ဖုန်းနံပါတ်ကို ထည့်သွင်းပေးရပါမည်။ ပြီးလျှင် Next ကိုနှိပ်ပေးပါ။ 

 



အဆင့် ၇ 

       မိမိ၏အကောင့်ကို တွေ့ရှိရမည် ဖြစ်ပြီး Next ကို ဆက်နှိပ်ပေးပါ။ ပြီးလျှင်  Privacy & Terms များကို မြင်တွေ့ရမည် ဖြစ်ပြီး ၎င်းတို့ကို မိမိအနေဖြင့် ခွင့်ပြုကြောင်း စာမျက်နှာအောက်ဆုံးတွင်ရှိသော I agree (ခွင့်ပြုသည်) ဆိုသည့် စာသားအား နှိပ်ပေးပါ။ 

 

အဆင့် ၈ 

       ထို့နောက် မိမိ ဖုန်း (သို့မဟုတ်) ကွန်ပျူတာတွင် ရှိသော Gmail ဆိုသည့်နေရာ၌ အဆင့် ၄ နှင့် အဆင့် ၅ တွင် ပြုလုပ်ခဲ့သော အကောင့်နာမည် (User Name) နှင့် လျှို့ဝှက်နံပါတ် (Password) တို့ထည့်သွင်းကာ gmail ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်