ငုံးမွေးမြူရာတွင် အရွယ်အစားလျင်မြန်စွာကြီးထွားစေဖို့အတွက် သင့်တော်သောအပူချိန်၊ အလင်းနှင့်စိုထိုင်းဆများ

15/09/2020 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

 

     အပူချိန် - ငုံးမွေးမြူရေးအတွက် သင့်တော်သောအပူချိန်မှာ ၂၁ မှ ၃၂ စင်တီဂရိတ် (၆၉.၈ °မှ ၈၉.၆ ဒီဂရီဖာရင်ဟိုက်) ဖြစ်သည်။

     သို့သော် မွေးမြူထားသည့် ငုံးမျိုးကွဲများအပေါ် မူတည်၍ ကွဲပြားခြားနားသော အပူချိန်ခံနိုင်ရည်အား ရှိနိုင်သည်။ လေ့လာတွေ့ရှိချက်များအရ  ၂၂-၂၅ စင်တီဂရိတ်ကြားတွင် ငုံးများသည်သက်သောင့်သက်သာ နေထိုင်နိုင်စွမ်း ရှိသည်ဟု တွေ့ရှိရသည်။

     အလင်း - ငုံးများ ဥ,ဥစေဖို့အတွက် အလင်းပေးခြင်း၊ အလင်းရရှိခြင်းသည် အလွန်အရေးပါသည်။ ထို့ကြောင့် ငုံးဥ ထွက်နှုန်းကောင်းစေဖို့ အလင်းရောင်ပေးခြင်း မှန်မမှန် သတိပြုပါ။ ငုံးမွေးမြူရေးခြံသည် မွေးမြူပြီး (၉)ရက်မှစတင်၍ သဘာဝမှရရှိသည့် နေရောင်ခြည်အလင်း အပါအဝင် နေ့စဉ် (၁၆)နာရီဝန်းကျင် အလင်းရောင် ရရှိစေသင့်သည်။

     မွေးကင်းစ ငုံးငယ်လေးများသည် အအေးဒဏ်ကို ခံနိုင်ရည်မရှိသောကြောင့် ၎င်းတို့ကိုမျိုးပွားသည့်အခါ အလင်းနှင့်အပူချိန်တို့ကို စနစ်တကျထိန်းညှိပေးရန် လိုအပ်သည်။ အသက်(၇)ပတ်အရွယ်အထိ အပူချိန်ကို (၁၃)နာရီဝန်းကျင်၊ အသက်(၇)ပတ်နောက်ပိုင်းတွင် အပတ်စဉ် တစ်နာရီ မီး(အပူချိန်)တိုးမြှင့်ပြပေးနိုင်သည်။ ငုံး(၇)ပတ်သားအရွယ်မှ စ၍ တစ်နေ့လျှင် စုစုပေါင်း (၁၅)နာရီမှ(၁၆)နာရီအထိ အလင်းရောင်ပေးရမည် ဖြစ်သည်။ ငုံးဥအများဆုံးရရှိစေရန် ငုံးအသက်(၉)ပတ်ခန့်မှစတင်၍ အလင်းရောင်(၁၆)နာရီ လိုအပ်သည်။

     ဉပမာအားဖြင့်- မီးပေးပုံမှာ 40-watt မီးသီးကို အသုံးပြု၍ ၁၀.၀ စတုရန်းစင်တီမီတာ အကျယ်အဝန်းကို အလင်းပေးနိုင်ပါသည်။ ငုံးဥထွက်နှုန်းမှာ အပြာရောင်အလင်းနှင့်နှိုင်းယှဉ်ပါက အနီရောင်အလင်းတွင် ပိုမို ငုံးဥ,ဥကြောင်း လေ့လာတွေ့ရှိရသည်။

     အစိုဓာတ် - ငုံးငှက်များသည် စိုထိုင်းဆကို ၄၀ မှ ၇၀ ရာခိုင်နှုန်းအထိ လိုက်လျောညီထွေ ရှင်သန်နိုင်သော်လည်း ငုံးခြံ၏ စိုထိုင်းဆကိုမူ ၅၅ မှ ၆၀ ရာခိုင်နှုန်းအတွင်းသာ ထားရှိသင့်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်